အသက်(၄)နှစ်နဲ့ (၅)နှစ်ကြား ကလေးငယ်တွေဟာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပြင် သင်ကြားမှုပိုင်းပါ တိုးတက်နေတဲ့အချိန်ပါ။ အာရုံစူးစိုက်မှုကောင်းတဲ့ အရွယ်လည်းဖြစ်ပါတယ်။ ဒီလိုတိုးတက်ကောင်းမွန်မှုတွေအတွက် ရှိသင့်ရှိထိုက်တဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ လိုအပ်ပါတယ်။ သာမန်ကလေးငယ်တွေဟာ တစ်နှစ်ကို ပျှမ်းမျှ (၄)ပေါင်နဲ့ (၅)ပေါင်ကြား ကီလိုဂရမ်အားဖြင့် (၂)ကီလိုဂရမ် တိုးလာကြပါတယ်။ အရပ်အရှည်ကတော့ ပျှမ်းမျှ (၂)လက်မကနေ (၃)လက်မကြား စင်တီမီတာအားဖြင့် (၅)စင်တီမီတာကနေ (၈)စင်တီမီတာအထိ ရှည်လာပါတယ်။ အသက်(၄)နှစ်ပတ်ဝန်းကျင် ကလေးတစ်ယောက်ဟာဆိုရင် အလေးချိန် ပေါင် (၄၀)ခန့်ရှိရမှာဖြစ်ပြီး အရပ်ကတော့ ပျှမ်းမျှ (၄၀)လက်မဝန်းကျင်ပါ။

ရုပ်ပုံတွေကို ရေးဆွဲတာ၊ အရောင်ခြယ်တာနဲ့ သရုပ်ဆောင်တာတွေကို အိမ်မှာ မကြာခဏောဆ့ကစားပါလိမ့်မယ် (Photo by ChinaHao)
ဆော့ကစားခြင်းဖြင့် သင်ယူချိန်
အသက်(၄)နှစ်ကျော် သားသားမီးမီးလေးတွေဟာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေအပြင် လှုပ်ရှားမှုတွေဖြစ်တဲ့ ပြေးလွှားဆော့ကစားခြင်း၊ ခုန်ပေါက်ခြင်း စတဲ့လှုပ်ရှားမှုတွေပါ တိုးတက်လာနေတဲ့အချိန်ပါ။ ဆော့ကစားခြင်းဖြင့် သင်ယူမှုတွေ ပြုလုပ်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။
ကြီးထွားနှုန်းမတူညီခြင်း
ဒီအသက်အရွယ်မှာ ဆော့ကစားခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုတွေ တိုးတက်လာတဲ့အရွယ်ပါ။ ဒီအချိန်မှာ သားသားမီးမီးလေးတွေက တစ်ယောက်ထဲ ဆော့ကစားကြသလို သူငယ်ချင်းတွေနဲ့လည်း ဆော့ကစားကြပါတယ်။ တီထွင်ပြီး ဆော့ကစားကြပါတယ်။ ရုပ်ပုံတွေကို ရေးဆွဲတာ၊ အရောင်ခြယ်တာနဲ့ သရုပ်ဆောင်တာတွေကို အိမ်မှာ မကြာခဏ ဆော့ကစားပါလိမ့်မယ်။ ကျား၊ မ ကွဲပြားသွားခြင်း၊ ကျန်းမာရေးကောင်းမွန်ခြင်းနဲ့ အာဟာရပြည့်ပြည့်ဝဝ စားပေးခြင်းပေါ်မူတည်ပြီး ကေလးငယ်တွေ တစ်ယောက်နဲ့ တစ်ယောက် ကြီးထွားနှုန်း ကွဲပြားသွားပါလိမ့်မယ်။

အရပ်အရှည်ကတော့ ပျှမ်းမျှ (၂)လက်မကနေ (၃)လက်မကြား စင်တီမီတာအားဖြင့် (၅)စင်တီမီတာကနေ (၈)စင်တီမီတာအထိ ရှည်လာပါတယ် (Photo by abestfashion)
အာဟာရစုံစုံလင်လင်
အာဟာရပြည့်ပြည့်ဝဝ ကျွေးခြင်း၊ အိပ်ချိန်မှန်ခြင်းနဲ့ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းတို့က ကလေးငယ်ကို ကျန်းမာစေပြီး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပါတယ်။ မျိုးရိုးဗီဇပေါ်မှာလည်း မူတည်နေပါသေးတယ်။ အစားအစာတွေကို အလွန်အကျွံကျွေတာကလည်း ကလေးငယ် အဝလွန်တာကို ဦးတည်နေပါတယ်။ မူကြိုအရွယ်သားသားမီးမီးလေးတွေဟာ အစားအသောက်နဲ့ ပတ်သက်ပြီး ဇီဇာကြောင်နိုင်ပါတယ်။ ဒါပေမယ့် မေမေတို့က စုံစုံလင်လင် ဆက်လက်ပြီး ကျွေးရပါမယ်။ တစ်ရက်လှုပ်ရှားမှု မိနစ်(၆၀)ခန့် လိုအပ်ပါတယ်။ လှုပ်ရှားမှုတွေအတွက် လုံခြုံတဲ့ ပတ်ဝန်းကျင် ဖန်တီးပေးဖို့ လိုအပ်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသပေးသင့်လဲ
- သာမန်ထက် လျှော့တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်ရှိနေခြင်း
- ပြေးလွှားဆော့ကစားတာ နည်းခြင်းနဲ့
- အာရုံစူးစိုက်မှု နည်းတဲ့အခါမှာ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
သားသားမီးမီးလေးတွေကို အာဟာရပြည့်ပြည့်ဝဝကျွေးခြင်း၊ အိပ်ချိန်မှန်မှန် သိပ်ခြင်းနဲ့ ပြေးလွှားဆော့ကစားခြင်းတွေကို နေ့စဉ်မှန်မှန် ပြုလုပ်ပေးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။
Comments