ကျန်းမာကြံ့ ခိုင်ပြီး ပျော်ရွှင်နေတဲ့ ကလေးတွေဖြစ်လာအောင်

by: Nang Htwe
 0 comments  0 love

ငယ်စဉ်ကတည်းက အားကစားမှန်မှန်ပြုလုပ်ခဲ့တဲ့ သားသားမီးမီးတွေဟာဆိုရင် ကျောင်းမှာရော၊ ပတ်ဝန်းကျင်မှာပါ ရွယ်တူတွေထက် ခေါင်းတလုံးသာနေပါတယ်

ကိုယ့်ရဲ့ ရင်သွေးတွေကို ကျန်းမာရေးကောင်းကောင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ကြီးလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ကျန်းမာရေးက သားသားမီးမီးတွေရဲ့  ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဆက်နွယ်နေပါတယ်။ ကျန်းမာရေးနဲ့ ညီတဲ့ အစားအသောက်တွေ၊ ကိုယ်လက်လှုပ်ရှားမှုတွေ နေ့တိုင်းရှိနေမှသာ သူတို့လေးတွေ ကျန်းမာရေးကောင်းပြီး ပျော်ရွှင်နေမှာပါ။ သားသားမီးမီးတွေ ကျန်းမာပြီး ပျော်ရွှင်စေမယ့် နည်းလမ်းအချို့ကို ပြောပြပေးမယ်နော်။

ကိုယ့်ရဲ့ ရင်သွေးတွေကို ကျန်းမာရေးကောင်းကောင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ကြီးလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ (Photo by www.wubbanub.com)

ကောင်းမွန်တဲ့ အာဟာရ

ကျန်းမာခြင်းနဲ့ ပျော်ရွှင်ခြင်းဟာ ကောင်းမွန်မျှတတဲ့ အာဟာရအပေါ်မှာ အများကြီးမူတည်နေပါတယ် မေမေတို့ရေ။ ဒါကြောင့် ရင်သွေးတွေ ကောင်းမွန်ပြီး ပြည့်ဝဲ့ အာဟာရ ရနေဖို့ အခုလို အကြံပေးပါရစေ။

  • လတ်ဆက်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့တိုင်းကျွေးပေးပါ။
  • အချိုးများတဲ့ ဖျော်ရည်နဲ့ အစားအသောက်တွေကို ကန့်သတ်ပေးပါ။ စည်းကမ်းထားပြီး ကျွေးပါ။
  • သားသားမီးမီးတွေကို ကျွေးသင့်တာတွေကတော့

(၁) နို့နဲ့ နို့ထွက်ပစ္စည်းများ

(၂) ဆန်လုံးညို၊ အညိုရောင်ပေါင်မုန့်

(၃) အနီရောင်အသားများ (ဥပမာ အမဲသား၊ ဆိတ်သား) ၊ ကြက်သား၊ ငါး၊ ကြက်ဥ

(၄)  သကြားနဲ့ ဆားတွေ သုံးမထာားတဲ့ အခွံမာအသီးများ (ဥပမာ သစ်ကြားသီး၊ သီဟိုစေ့)

မေမေတို့‌‌ရေ သားသားမီးမီးတွေရဲ့ မနက်စာကိုတော့ ဖြစ်သလိုမကျွေးပါနဲ့နော်။ မနက်စာဟာ သားသားမီးမီးတွေရဲ့ တစ်နေ့တာ ပြေးလွှားဆော့ကစား လှုပ်ရှားမှု၊ သင်ယူမှုတွေနဲ့ စဉ်စားတွေးခေါ်ဖို့ အတွက် လိုအပ်နေလို့ပါ။

နို့နဲ့ နို့ထွက်ပစ္စည်းများ ကို တိုက်ကျွေးပါ (Photo by Masterfile)

ပြေးလွှားဆော့ကစားနေတဲ့ သားသားမီးမီးတွေက အိမ်မှာတီဗီကြည့်၊ ဖုန်းသုံးတဲ့ သားသားမီးမီးတွေထက် ပိုပြီးပျော်ရွှင်မှုတွေရပါတယ်။ ပြေးလွှားဆော့ကစားတာက ပျော်ရွှင်ခြင်းတွေအပြင် ကိုယ်လက်လှုပ်ရှားမှုတွေကိုပါ ရစေတာကြောင့် ကြီးထွားဖွံ့ဖြိုးမှုမှာ အလွန်ကို အထောက်အကူပြုပါတယ်။ ငယ်စဉ်ကတည်းက အားကစားမှန်မှန်ပြုလုပ်ခဲ့တဲ့ သားသားမီးမီးတွေဟာဆိုရင် ကျောင်းမှာရော၊ ပတ်ဝန်းကျင်မှာပါ ရွယ်တူတွေထက် ခေါင်းတလုံးသာနေပါတယ်။ ကိုယ်ခံအားကောင်းပြီး ကျန်းမာရေးတိုးတက်လာစေပါတယ်။ ကျန်းမာရေးကောင်းမွန်တာကြောင့် စာလိုက်နိုင်ပြီး ကျောင်းပျော်လာပါတယ်။ တခြားရွယ်တူတွေထက်လည်း ဥာဏ်ပိုကောင်းပါတယ်။

  • အားကစား ဒါမှမဟုတ် ပြေးလွှားလှုပ်ရှားဆော့ကစားခြင်း (၁)နာရီလောက် ပြုလုပ်ခိုင်းပါ။
  • ဖုန်း ဒါမှမဟုတ် တီဗီကြည့်တာကို တစ်ရက်ကို အများဆုံး (၂)နာရီလောက်သာ သတ်မှတ်ပေးထားပါ။

ကောင်းတဲ့ အလေ့အထများ

အခုလိုအချိန်ကတည်းက ကောင်းတဲ့ အလေ့အထတွေကို စွဲမြဲအောင် လေ့ကျင့်ပေးထားဖို့ အရေးကြီးပါတယ်။

  • အိပ်ယာဝင်ချိန်နဲ့ အိပ်ယာထချိန် မှန်အောင် သတ်မှတ်ပေးပါ။ အိပ်ယာဝင်ချိန် နောက်မကျအောင် သတိထားပေးပါ။ သားသားမီးမီးလေးတွေ အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေမယ့်အရာတွေ ရှင်းလင်းပေးထားပါ။
  • မနက်စာ၊ နေ့လည်စာ၊ ညစာ မှန်မှန်စားအောင် လေ့ကျင့်ပေးပါ။ သရေစာစားချိန် သတ်မှတ်ပေးထားပါ။
Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: happyhealthy


Comments

0 comments
Latest video
Refer to more useful articles
x