
ပေးကစားပါ
မေမေတို့ရေ ကစားနည်းတွေက သားသားမီးမီးလေးတွေရဲ့ ဖွံ့ဖြိုးမှုကို အထောက်အကူ ပြုပါတယ်။ သားသားမီးမီးလေးတွေကို နေပူထဲ မထွက်ဘဲ အိမ်မှာပဲ ငြိမ်ငြိမ်လေး ကစားစေချင်တယ်ဆိုရင်တော့ ကစားနည်းလေးတွေ သိဖို့ လိုပါတယ်။ ကစားနည်းလေးတွေက သားသားမီးမီးလေးတွေရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ဖွံ့ဖြိုးတိုးတက်စေဖို့ ကူညီပေးပါလိမ့်မယ်။ မေမေတို့ရေ ကြည့်ကြည့်ရအောင်။

(၁) အတုံးဆက်မယ်
(၁) မေမေတို့ရေ သားသားမီးမီးလေးတွေကို မီးရထားလို အရှည်ကြီး တွဲဆက်ပြီး ကစားလို့ ရမယ့် Blocks တွေ ဝယ်ပေးပါ။ သူတို့နည်း သူတို့ဟန်နဲ့ ဆက်ပါစေ။ အတုံးလေးတွေ ဝင်အောင် ထည့်ဆက်ရမှာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ကိုလည်း အသုံးပြုရသလို ဦးနှောက်ကိုလည်း အလုပ်ပေးရာကြပါတယ်။ ဒါကြောင့် ကလေး ဖွံ့ဖြိုးလာမှာ သေချာပါတယ်။

(၂) အတုံးကြီးကြီး ပေးကိုင်ပါ
(၂) ဒီတခါမှာတော့ အတုံးတွေကို ကြီးကြီးလေး ဝယ်ပေးပါ။ ဒါက ကလေးရဲ့ လက်ကြွက်သားတွေကို သန်မာစေပြီး စိတ်အားထက်သန်မှုကိုလည်း ဖြစ်စေပါတယ်။ အတုံးလေးတွေ ဆက်ပြီးသွားတဲ့အခါ သူတို့ ကိုယ်တိုင် လုပ်နိုင်တယ်ဆိုတဲ့ စိတ် ရရှိပါလိမ့်မယ်။ ဒါက သားသားမီးမီးလေးတွေအတွက် စိတ်ခွန်အားတစ်ခုပါပဲ။ ဇွဲရှိရှိ လုပ်ဆောင်တဲ့အခါ လိုချင်တာ ရမယ်ဆိုနိုင်တဲ့စိတ် သိရှိပြီးသား ဖြစ်မှာပါ။

(၃) စာလုံးပေါင်းပြပါ
(၃) မေမေတို့ရေ သားသားမီးမီးလေးတွေကို သင်ပြပေးနိုင်မယ့် နောက်ထပ် ကစားနည်းကတော့ စာလုံးဆက်တာပါ။ သားသားမီးမီးလေးက စာလုံးတွေကို သိနေဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မေမေတို့ အရုပ်ဆက် ကစားနည်းကနေ တဖြည်းဖြည်းချင်း ပြောပြနိုင်မှာပါ။ ဒါလေးကတော့ B နော်။ အစရှိသလို သင်ပြပါ။ ဒါဆိုရင် ဥာဏ်ရည် ကောင်းလာမှာနော်။

(၄) တွန်းပြီးကစားနည်း
(၄) မေမေတို့ရေ သားသားမီးမီးလေးတွေ အိမ်တွင်းမှာ လှုပ်လှုပ်ရှားရှား လုပ်နိုင်ဖို့အတွက် စီးလို့ရတဲ့ စက်ဘီးလေးတွေ ဒါမှမဟုတ် တွန်းလှည်းလေးတွေ ဝယ်ပေးထားပါ။ ဒါလေးတွေ စီးရင်း ဆော့ကစားမယ်ဆိုရင် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးလာစေနိုင်ပါတယ်နော်။
Comments