နွေရာသီပိတ်ရက်မှာ သားသားမီးမီးလေးတွေရဲ့ အချိန်တွေ အကျိုးရှိစေဖို့

by: Nang Htwe
 0 comments  0 love

သားသားမီးမီးလေးတွေရဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှာ အချိန်ကို အကျိုးရှိရှိ ကုန်ဆုံးအောင် မေမေတို့က စီမံပေးသင့်ပါတယ်

သားသားမီးမီးလေးတွေရဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှာ အချိန်ကို အကျိုးရှိရှိ ကုန်ဆုံးအောင် မေမေတို့က စီမံပေးသင့်ပါတယ်။ နွေရာသီပိတ်ရက်မှာ ကလေးငယ်တွေ အကျိုးရှိစေမယ့် သင်တန်းလေးတွေထားတာ၊ ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်တာနဲ့ လွတ်လွတ်လပ်လပ်ကစားခွင့်ရအောင် မေမေတို့ ဖန်တီးပေးရပါမယ်။

သားသားမီးမီးလေးတွေရဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှာ အချိန်ကို အကျိုးရှိရှိ ကုန်ဆုံးအောင် မေမေတို့က စီမံပေးသင့်ပါတယ် (Photo by YouTube)

နွေရာသီပိတ်ရက်မှာ သားသားမိးမီးလေးတွေ အကျိုးရှိစေဖို့

သားသားမီးမီးလေးတွေကို အိမ်မှာပဲ မေမေတို့က လွယ်ကူတဲ့ မုန့်လုပ်နည်းလေးတွေ သင်ပေးလို့ရပါတယ်။ သားသားမီးမီးလေးတွေကို မုန့်လုပ်နည်းသင်ကြားပေးတဲ့ သင်တန်းကျောင်းတွေလည်း ရှိပါတယ်။

  • ဂျွမ်းဘား၊ သိုင်းသင်တန်း၊ အကသင်တန်း စတဲ့ သင်တန်းတွေကိုလည်း နွေရာသီပိတ်ရက်မှာ သင်ကြားပေးနိုင်ပါတယ်။ သူတို့လေးတွေ ကြိုက်နှစ်သက်တဲ့ သင်တန်းကို ရွေးချယ်ခိုင်းပါ။
  • သားသားမီးမီးလေးတွေကို ကစားပြိုင်ပွဲတွေ၊ ကစားကွင်း၊ ရေပန်းဥယျာဉ် နဲ့ တိရစ္ဆာန်ဥယျာဉ်တွေဆီကို လိုက်ပို့ပေးနိုင်ပါတယ်။
  •  ရေကူးသင်တန်းက သားသားမီးမီးလေးတွေအတွက် ရွေးချယ်ပေးသင့်တဲ့ သင်တန်းတစ်ခုပါ။
  •  မိသားစုလိုက် ခရီးထွက်တာမျိုးကိုလည်း ပြုလုပ်နိုင်ပါတယ်။
  •  ပုံဆွဲသင်တန်း၊ ပန်းချီသင်တန်း တို့ကိုလည်း သားသားမီးမီးလေးတွေ စိတ်ဝင်စားပါတယ်။
  •  လက်မှုပညာသင်တန်းတွေကိုလည်း သားသားမီးမီးလေးတွေ စိတ်ဝင်စားကြပါတယ်။ ဥပမာ- သတင်းစာကို အသုံးပြုပြီး လက်ဆွဲအိတ်ပြုလုပ်တာမျိုး။

‌နွေရာသီကျောင်းပိတ်ရက်တွေ အကျိုးရှိရှိ ကုန်ဆုံးသင့်ပါတယ် (Photo by Camps)

  •  မိသားစုလိုက် စက်ဘီးစီးတာမျိုးကိုလည်း ပြုလုပ်နိုင်ပါတယ်။
  •  မိသားစုလိုက် စကိတ်သွားစီးတာမျိုးကိုလည်း နွေရာသီမှာ အချိန်ပေးပြီးပြုလုပ်ပေးနိုင်ပါတယ်။
  •  ဂေါက်ကွင်းသွားပြီး သားသားမီးမီးလေးတွေကို ဂေါက်ရိုက်သင်ပေးနိုင်ပါတယ်။
  •  သဘာဝနဲ့ ရင်းရင်းနှီးနှီးဖြစ်အောင် ရုက္ခဗေဒဥယျာဉ်တွေဆီ အလည်ပို့ပေးနိုင်ပါတယ်။
  •  ကမ်းခြေအလည်ခရီး ပို့ပေးနိုင်ပါတယ်။
  •  အပြေးပြိုင်ပွဲတွေ၊ ပစ္စည်းရှာဖွေတဲ့ ပြိုင်ပွဲတွေဆီ ဝင်ရောက်ဆော့ကစားနိုင်ပါတယ်။
  •  သားသားမီးမီးလေးတွေ စာဖတ်အလေ့အကျင့်ရအောင် စာကြည့်တိုက်ဆီ ပို့ပေးသင့်ပါတယ်။
  •  ယဉ်ကျေးမှုပြတိုက် ဒါမှမဟုတ် ရှေးဟောင်းပြတိုက်တွေဆီ ဗဟုသုတတိုးပွားအောင် ခေါ်သွားနိုင်ပါတယ်။

မကြာမီရောက်လာ‌တော့မယ့် သားသားမီးမီး‌လေး‌တွေရဲ့ ‌နွေရာသီကျောင်းပိတ်ရက်တွေ အကျိုးရှိရှိ ကုန်ဆုံးသင့်ပါတယ်။

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x