ကျောင်းနေအရွယ် ကလေးငယ်တွေ အာရုံစူးစိုက်မှု ကောင်းလာစေဖို့

by: Nang Htwe
 0 comments  2 love

တစ်နေကုန် စာသင်နေတာမျိုးတွေက ကလေးငယ်ရဲ့ အာရုံစူးစိုက်မှု လျှော့လာစေပါတယ်။

သားသားမီးမီးလေးတွေ အသက်(၅)နှစ်ရောက်လာတဲ့အခါ မူကြို ဒါမှမဟုတ် ကျောင်း စထားကြပါတယ်။ ကျောင်းနေအရွယ် ကလေးငယ်တွေ ရင်ဆိုင်ရတဲ့ ပြဿနာတစ်ခုက သင်ကြားမှုအပေါ် အာရုံစူးစိုက်မှု နည်းတာပါ။ ကလေးငယ်တွေ အာရုံစူးစိုက်မှုကောင်းအောင် မေမေတို့ပြုလုပ်ပေးရမှာက

ကျောင်းနေအရွယ် ကလေးငယ်တွေ ရင်ဆိုင်ရတဲ့ ပြဿနာတစ်ခုက သင်ကြားမှုအပေါ် အာရုံစူးစိုက်မှု နည်းတာပါ (Photo by Fizikist)

၁။ အစားအသောက်နဲ့ အနားယူခြင်း

အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ရွေးချယ်ကျွေးဖို့ အရေးကြီးပါတယ်။ အမျှင်ဓါတ်နဲ့ fatty acids ကြွယ်ဝတဲ့ အစားအစာတွေက ဦးနှောက်ဥာဏ်ရည်ကို အထောက်အကူပြုပါတယ်။

၂။ အသက်ရှူ

အာရုံစူးစိုက်မှုနည်းလာပြီဆိုရင် ခန္ဓာကိုယ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး အသက်ဝဝရှူထုတ်တာမျိုး လေ့ကျင့်ပေးထားသင့်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာတွေကိုလည်း ကလေးငယ်ကို လေ့ကျင့်ပေးထားနိုင်ပါတယ်။

၃။ အတွေးအမြင်

ကလေးငယ်ကို ကိုယ်ပိုင်အတွေးအမြင်တွေ ရှိလာအောင် အားပေးဖို့လိုအပ်ပါတယ်။ မေမေတို့က အရာရာထိန်းချုပ်တာ၊ ဖိအားပေးတာတွေကို ရှောင်ရှားပါ။ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်အောင် ပြုလုပ်ပေးပါ။

စာသင်ချိန်၊ အနားယူချိန်၊ ဆော့စားချိန် တို့ကို စနစ်တကျ သတ်မှတ်ပေးပါ (Photo by schoolnewsnetwork)

၎။ အချိန်သတ်မှတ်ပေးပါ

စာသင်ချိန်၊ အနားယူချိန်၊ ဆော့စားချိန် တို့ကို စနစ်တကျ သတ်မှတ်ပေးပါ။ တစ်နေကုန် စာသင်နေတာမျိုးတွေက ကလေးငယ်ရဲ့ အာရုံစူးစိုက်မှု လျှော့လာစေပါတယ်။

၅။ လှုပ်ရှားမှုများ

တစ်နေကုန် စာသင်ခိုင်းတာက ကလေးငယ်တွေရဲ့ အာရုံစူးစိုက်နှုန်းလျှော့သွားစေပါတယ်။ ကျောင်းပြင်ပ လှုပ်ရှားမှုတွေ ပါဝင်စေခြင်းဖြင့် အာရုံစူးစိုက်မှု ပြန်ပြီးကောင်းလာစေပါတယ်။ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်စေတာ၊ ကစားတာ၊ ဂီတနားထောင်တာ နဲ့ ကလေးငယ်ဝါသနာပါတဲ့ အလုပ်တွေ လုပ်ခိုင်းခြင်းဖြင့် အာရုံစူးစိုက်မှု ပြန်ကောင်းလာစေပါတယ်။

၆။ အိပ်ခြင်း

ကလေးငယ်ကို အိပ်ရေးဝဝ အိပ်စေတာက အာရုံစူးစိုက်မှု ကောင်းမွန်စေပါတယ်။ TV၊ ဖုန်း၊ အင်တာနက်၊ ဂိမ်း ဆော့ကစားတာကို အချိန်ကန့်သတ်ပေးထားပါ။

မေမေတို့ရေ ကလေးငယ်ကို တစ်နေကုန် စာသင်စေတာမျိုးပြုလုပ်တာက အာရုံစူးစိုက်မှု နည်းလာစေနိုင်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles