ကလေးတွေရဲ့ ဝါသနာပါတဲ့အတိုင်း ပြုစုပျိုးထောင်ကြမယ်

by: Nang Htwe
 0 comments  0 love


မင်္ဂလာပါမေမေတို့ရေ

ကျွန်မက သမီးလေး ငွေကြယ်စင်သွန်းရဲ့ မေမေပါ။ တစ်ဦးတည်းသော သမီးလေးမို့လို့ သူဖြစ်ချင်တာတွေအကုန်လုံး ဖြည့်ဆည်းပေးဖို့ ကျွန်မဖက်က အသင့်ပါပဲ။ သမီးက ဓါတ်ပုံရိုက်တာ ဝါသနာပါသလို သစ်ပင်စိုက်ရတာလည်း သူပျော်တယ်။ ကျောင်းမှာလည်း အဆင့်ကောင်းကောင်းရသလို ဆုတွေလည်း ခဏခဏရတယ်။

ကလေးတွေမှာ သူတို့ကိုယ်ပိုင်ဝါသနာကိုယ်စီ ရှိကြတယ်။ သူတို့ဝါသနာကို မေမေတို့က ထုတ်ဖော်ပေးရမယ်။ ကျွန်မတို့ ကြီးလာခဲ့တဲ့ အရင်ခေတ်တုန်းက မိဘတွေက သူတို့ဖြစ်ချင်တဲ့ ဝါသနာကိုပဲ အတင်းအကျပ် တိုက်တွန်းခဲ့ကြတယ်။ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဝါသနာတွေ ငယ်ဘဝမှာ ပျောက်ခဲ့ရတယ်။ ယောင်ဝါးဝါးနဲ့ ကြီးလာခဲ့တယ်။ အရွယ်ရောက် အသက်တွေကြီးမှ ကိုယ်ဘာဝါသနာပါလဲဆိုတာ သိခဲ့ရတယ်။ ဒီတော့ သမီး ဘာတွေဝါသနာပါလဲ၊ ဘာတွေဖြစ်ချင်လဲဆိုတာ ကျွန်မ အမြဲစောင့်ကြည့်တယ်။

ကိုယ့်ကလေးရဲ့ ဝါသနာကို ဘယ်လိုမျိုးထုတ်ဖော်ပေးမလဲ။ လွယ်ကူတဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးမယ်နော်။ ပထမတစ်ချက်က မေမေတို့က ကလေးကို ဖိအားမပေးပါနဲ့နော်။ ကျွန်မတို့အမေတွေ ကိုယ့်သားသမီးကို တခြားကလေးတွေနဲ့ ယှဉ်ပြီး အားမလိုအားမရ ဖြစ်မိတတ်တယ်။ ဒီတော့ ကလေးကို ဖိအားတွေ ပေးမိတာပေါ့။ ကလေးဘာဝါသနာပါမှန်းမသိခင် ဖိအားတွေပေးရင် သူတို့တွေရဲ့ ဝါသနာအစစ် မသိတာတွေ ဖြစ်ကုန်တာပေါ့။ ကလေးရဲ့ ဝါသနာကိုသိဖို့ ပေါ်လာဖို့ လွတ်လွတ်လပ်လပ်ထားဖို့ လိုတယ်။

ဒုတိယအချက်ကတော့ ဝါသနာအသစ်တွေကို ရှာဖွေပေးဖို့ပါ။  သမီးတို့လိုကလေးတွေမှာ သူတို့အားကျတဲ့သူတွေ ရှိတယ်။ ကာတွန်းဇာတ်ကောင်တွေပါသလို အနုပညာရှင်တွေလည်း ပါတယ်။ အစပိုင်းမှာ သူတို့ဝါသနာလေးတွေက မတည်ငြိမ်သေးဘူး။ ကျွန်မက သမီးလေးကို ဝါသနာအသစ်တွေ အမြဲတမ်း welcome လုပ်တယ်။ အခုဆို သမီးလေးက ဓါတ်ပုံရိုက်တာလည်း ဝါသနာပါတယ်။ သစ်ပင်စိုက်တာလည်း ကြိုက်တယ်။ ပန်းချီဆွဲရတာကိုလည်း သဘောကျပြန်ရော။ ဒီလိုမျိုး ဝါသနာ နှစ်ခုသုံးခုဖြစ်တာ ပြဿနာမရှိပါဘူး။ သူဖြစ်ချင်တာကိုပဲ ကျွန်မက ဘေးနားကနေ ပံ့ပိုးနေမှာပါ။

တတိယအချက်ကတော့ သမီး စိတ်ဝင်စားတဲ့အရာတွေကို ကျွန်မက လေ့လာခိုင်းတယ်။ ပန်းချီဆွဲတာ ဝါသနာပါရင် သင်တန်းတွေ ထားပေးတယ်။ အိမ်မှာ ပန်းချီဆွဲတဲ့ ပစ္စည်းတွေ ဝယ်ပေးထားတယ်။ သစ်ပင်စိုက်တာလည်း ဝါသနာပါတော့ ဘယ်အချိန်မှာ ရေလောင်းရမယ်၊ အပင်ရဲ့သဘာဝအကြောင်း ပြောပြပေးတယ်။ သမီးကို ကိုယ်ပိုင်ပုံစံ ရှိစေချင်တယ်။ သူဝါသနာပါတဲ့ အရာတွေကို တန်ဖိုးထားတတ်အောင်၊ ကျွမ်းကျင်လာအောင် အားပေးတယ်။ သမီးက ကျောင်းမှာလည်း စာတော်တဲ့အထဲပါတော့ ပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ ကျွန်မ လမ်းညွှန်ပေးတယ်။ ပြိုင်ပွဲတွေမှာ ဆုရဖို့ အတင်းဖိအားပေးတာမျိုးတော့ မလုပ်ဘူး။ သမီးကို ပြိုင်ပွဲမှာ ဆုရတာ၊ စာမေးပွဲ အမှတ်တွေကောင်းတာက အောင်မြင်မှုတစ်မျိုးဖြစ်ကြောင်း၊ ကိုယ့်ဘဝရဲ့ မှတ်တိုင်လေးတွေဖြစ်ကြောင်း ကြိုးစားချင်စိတ်ပေါ်လာအောင် ကျွန်မအမြဲဆုံးမတယ်။ ဖိအားပေးတာမျိုးတော့ ဘယ်တော့မှ မလုပ်ဘူး။

 

သမီးဝါသနာကိုတစိုက်မက်မက်လုပ်နိုင်ဖို့၊ ကျောင်းမှာ စာတော်ဖို့ ဉာဏ်ကောင်းပြီး ကျန်းမာဖို့ လိုပါတယ်။ ကျွန်မကတော့ သမီး ကျန်းမာပြီး ဉာဏ်ကောင်းဖို့ အာဟာရပြည့်တဲ့ အစားအသောက်တွေ နေ့တိုင်းကျွေးပါတယ်။ အထူးသဖြင့် မနက်စာမကျော်သွားအောင် သတိထားတယ်။ မနက်စာက သမီးတစ်နေ့တာ သင်ကြားမှုတွေနဲ့ ဝါသနာတွေ အကောင်အထည်ဖော်ဖို့အတွက် အထောက်အကူပြုတယ်လေ။ နို့နဲ့ နို့ထွက်ပစ္စည်းက သမီးတို့လို ကြိုးစားနေတဲ့ ကလေးတွေအတွက် မရှိမဖြစ်ပါပဲ။ ကျွန်မက သမီးကို မနက်ခင်းတိုင်း နို့တစ်ခွက် အမြဲတိုက်တယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေက သမီးတို့လို ကလေးတွေ ဉာဏ်ကောင်းစေတဲ့အပြင် အရပ်ရှည်ဖို့ အထောက်အကူပြုတယ်။ အခုလို သမီး အရပ်ရှည်ပြီး ဉာဏ်ကောင်းနေတာက နေ့တိုင်း နို့မှန်မှန်သောက်လို့လည်း ပါတယ်။

သမီး နေ့တိုင်းသောက်တဲ့ နို့က NAN Optipro3 ပါ။ NAN Optipro3 က (၂)နှစ်အထက် ကလေးတွေအတွက် သီးသန့်ထုတ်လုပ်ထားတာဖြစ်ပြီး အဲဒီထဲမှာ ပရိုတိန်း၊ DHA-ARA, Probiotics Bifidus BL, ဗီတာမင် A,D,E,K,B1,B2,B6,B12,Niacin,ဖော့လစ်အက်ဆစ်၊ Pantothenic Acid, Biotin,ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကရိုရိုက်၊ ဖော့စဖောရပ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ့်၊ ဆယ်လီနီယမ်၊ သံဓါတ်၊ အိုင်အိုဒင်း၊ ကော်ပါးနဲ့ ဇင့်စတဲ့ ဗီတာမင် သတ္ထုဓါတွေ စုံစုံလင်လင် ပါတယ်။ ကလေးတွေ သူတို့ရဲ့ဝါသနာ ကြိုးစားနေချိန် စိတ်ဖိစီးမှုတွေ အနည်းနဲ့အများ ကြုံရတယ်။

NAN Optipro3 မှာပါတဲ့ Bifidus BL က ကလေးတွေရဲ့ ကိုယ့်ခံအားစနစ်ကို ကာကွယ်ပေးတယ်။ DHA-ARA ကတော့ ဖက်တီးအက်ဆစ်အမျိုးအစားနှစ်ခုဖြစ်ပြီး ဦးနှောက်နဲ့ မျက်လုံးကျန်းမာရေး အမြင်အာရုံဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်ပါ။ NAN Optipro3 မှာပါတဲ့ ပရိုတိန်းဟာဆိုရင် သမီးလေးတို့လို ကလေးတွေ ကြီးထွားဖွံ့ဖြိုးဖို့ အထောက်အကူပြုတယ်။

သမီးလေး နောင်တချိန်မှာ ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်နိုင်ဖို့အထိ ကျွန်မက ပံ့ပိုးကူညီပေးသွားမှာပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles