မေမေ့ကလေးလေး ကျောင်းတက်ရတော့မယ့်အရွယ် ရောက်လာပြီလား

by: Nang Htwe
 0 comments  0 love

မေမေတို့ရေ ကလေးငယ်က အရမ်းငယ်သေးတယ်ဆိုရင် မူကြိုမထားပါနဲ့ဦးနော်။ ကလေးငယ်ရဲ့ စိတ်ထဲမှာ သင်ယူမှုတွေနဲ့ လေ့လာစူးစမ်းချင်စိတ်တွေ အဆင်သင့်မဖြစ်သေးတာကြောင့်ပါ။

ကလေးငယ်လေးတွေ အသက်ကြီးလာတာ မြန်တယ်နော်။ မေမေ့တို့ရဲ့ မျက်စိရှေ့မှာပဲ တဖြည်းဖြည်း အရွယ်ရောက်လာပါတယ်။ မေမေတို့စိတ်ထဲမှာတော့ မွေးကင်းစကလေးငယ်လေးတွေလိုပါပဲ။ ကလေးငယ်လေးရဲ့ အသက်(၃)နှစ်ကနေ (၄)နှစ်အတွင်း ဝင်ရောက်လာပြီဆိုရင် မကြာခင်မှာ မူကြိုစထားရတော့မှာပါ။ ကလေးငယ်တွေအတွက် မူကြိုစထားသင့်တဲ့ အရွယ်က (၃)နှစ်နဲ့ (၄)နှစ်ကြားပါ။

ကလေးငယ်လေးရဲ့ အသက်(၃)နှစ်ကနေ (၄)နှစ်အတွင်း ဝင်ရောက်လာပြီဆိုရင် မကြာခင်မှာ မူကြိုစထားရတော့မှာပါ (Photo by Fotolia)

ဘယ်လိုလက္ခဏာတွေက ကလေးငယ်တွေ မူကြိုစထားဖို့ အဆင်သင့်ဖြစ်နေပြီလဲ

  • စာရွက်ပေါ်မှာ ဝလုံးလေးတွေနဲ့ စတုရန်းပုံစံလေးတွေ ဆွဲတတ်လာရင် ဒါမှမဟုတ် ခြစ်တာတွေ ပြုလုပ်လာခြင်း
  • ကတ်ကြေးသုံးပြီး စာရွက်တွေ ကိုက်ပစ်တာမျိုးနဲ့
  • မေမေဖေဖေတို့စာရေးတဲ့အခါ ပုံစံတူလိုက်ရေးဖို့ ကြိုးစားနေပြီဆိုရင် ကလေးငယ်ကို မူကြိုစထားလို့ရပါပြီ။

မူကြိုထားလို့ရနိုင်လာပြီဖြစ်တဲ့ အခြေအနေများ

  • ခြေတစ်ချောင်းထောက်တာကို ငါးစက္ကန့်ထက်ပိုပြီး ပြုလုပ်လာနိုင်ခြင်း
  • အကူအညီမပါဘဲ အပေါ်တက်အောက်ဆင်း ပြုလုပ်လာနိုင်ခြင်း
  • ဘောလုံးပစ်ဖမ်းလာနိုင်ခြင်းနဲ့
  • အရှေ့နဲ့အနောက်ကို သွက်သွက်လက်လက် လှုပ်ရှာလာနိုင်ပြီဆိုရင် မူကြိုထားဖို့ အဆင်သင့်ဖြစ်နေပါပြီ။

မူကြိုမှာ ကလေးငယ်တွေ အဆင်ပြေဖို့အတွက်

  • တူညီတဲ့ စကားလုံးတွေနဲ့ မတူညီတဲ့ အကြောင်းအရာတွေကို နားလည်လာပြီဆိုရင်
  • စကားပြောတဲ့အခါ သဒ္ဒါကျကျ ပြောတက်လာပြီဆိုရင်
  • စကားတစ်ခွန်းပြောတဲ့အခါ စကားလုံးငါးလုံကနေ ခြောက်လုံးအထိ ရှိလာပြီဆိုရင် ဒါမှမဟုတ်
  • သူစိမ်းတွေ နားလည်အောင်ရှင်းပြနိုင်လာပြီဆိုရင်လည်း မူကြိုထားဖို့ အဆင်ပြေနေပါပြီ။

မူကြိုမှာ ကလေးငယ်တွေ စိတ်ဝင်စားလာအောင်

  • အရောင်လေးတွေရဲ့ နာမည်ကို သေသေချာချာပြောနိုင်လာခြင်း
  • သချာင်္ဂဏန်းတွေရဲ့ အရေအတွက်ကို နားလည်လာခြင်း
  • ပြဿနာတွေ ဘာကြောင့်ဖြစ်တယ်ဆိုတာ နားလည်လာခြင်း
  • ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားလာခြင်း
  • ကြားဖူးထားတဲ့ ပုံပြင်တွေကို ပြန်ပြောလာခြင်းနဲ့
  • စိတ်ကူးယဉ်ပြဇာတ်တွေကို နားလည်နေပြီဆိုရင် ကလေးငယ်ကို မူကြိုထားလို့ရနေပါပြီ။

ကလေးငယ်တွေအတွက် မူကြိုစထားသင့်တဲ့ အရွယ်က (၃)နှစ်နဲ့ (၄)နှစ်ကြားပါ (Photo by FreeImages)

ကလေးငယ်တွေရဲ့ စိတ်အားထက်သန်ခြင်း

  • အတွေ့အကြုံအသစ်တွေကို စိတ်ဝင်စားလာခြင်း
  • တခြားကလေးငယ်တွေနဲ့အတူတူ ကစားနိုင်လာခြင်း
  • မေမေ၊ ဖေဖေတို့နဲ့ အတူတူကစားခြင်း
  • အဝတ်အစားတွေ ကိုယ်တိုင်ဝတ်ဆင်လာနိုင်ခြင်း
  • လွတ်လွတ်လပ်လပ်နေတာကို ကြိုက်နှစ်သက်လာခြင်း
  • မကြာခဏ စိတ်ကူးယဉ်ခြင်း စတဲ့အမူအရာတွေ ကလေးငယ်ဆီမှာ တွေ့နေရပြီဆိုရင် မူကြိုထားလို့ရပြီနော်။

ဒါပေမယ့် ကလေးငယ်က အရမ်းငယ်သေးတယ်ဆိုရင် မူကြိုမထားပါနဲ့ဦးနော်။ ဘာကြောင့်လဲဆိုတော့ ကလေးငယ်ရဲ့ စိတ်ထဲမှာ သင်ယူမှုတွေနဲ့ လေ့လာစူးစမ်းချင်စိတ်တွေ အဆင်သင့်မဖြစ်သေးတာကြောင့်ပါ။ အဲဒီအချိန်မှာ မူကြိုထားလိုက်မယ်ဆိုရင် ကလေးငယ်က သင်ယူရတာ ကြောက်လန့်သွားနိုင်ပါတယ်။

မေမေ့ကလေးလေး အသက်(၃)နှစ်ကနေ (၄)နှစ်အတွင်း ရောက်နေပြီဆိုရင် သူတို့လေးတွေနဲ့ သင့်တော်တဲ့ မူကြိုကို ရွေးချယ်ထားနိုင်ပြီဖြစ်ကြောင်း Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

From Kalay with


Comments

0 comments
Latest video