(၁၄)လအရွယ် ပြောစကားနားမထောင်တာဟာ ဖွံ့ဖြိုးမှုလက္ခဏာတွေပါ

by: Swe Mar
 0 comments  25 love

 စည်းကမ်းမလိုက်နာမှုနဲ့ မနာခံမှုပုံစံမျိုးဆိုပေမယ့် ဒါကပဲ ကလေးရဲ့ ကြီးပြင်းလာတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

(၁၄) လသားအရွယ်ကတော့ မေမေတို့ပြောတာတွေကို နားလည်တယ်ဆိုပေမယ့် နားမထောင်တော့ပါဘူး။ မုန့်တွေကို ချေမပစ်နဲ့လေ။ အပြင်မထွက်နဲ့လေ စတဲ့ စကားတွေကို သူတို့က နားလည်ပါတယ်။ ဒါပေမယ့် သူတို့ကတောင် လိုချင်တာတွေကို ပြန်လုပ်ခိုင်းပါလိမ့်မယ်။ သူတို့အတွက် အရေးကြီးဆုံးက သူတို့ရဲ့ အလိုဆန္ဒဖြစ်ပါတယ်။ ကလေးဟာ မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာပြီး ကိုယ်တိုင်ပဲ ဘာမဆို လုပ်ဆောာင်ချင်တဲ့ အကျင့်ဖြစ်လာပါပြီ။ သူတို့အတွက် နာခံဖို့မဖြစ်နိုင်တာက သိလိုတာတွေ များလွန်းလို့ပါ။  စည်းကမ်းမလိုက်နာမှုနဲ့ မနာခံမှုပုံစံမျိုးဆိုပေမယ့် ဒါကပဲ ကလေးရဲ့ ကြီးပြင်းလာတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

ကလေးက သူကိုယ်တိုင် အရာရာကို လုပ်ဆောင်ရတာကသာ သူ့အတွက် လုံခြုံစေတယ်လို့ ခံစားရတာပါ။ ဒါပေမယ့် သူ့အတွက်က အရာဝတ္ထုတော်တော်များများကို နားလည်ဖို့ ခက်ခဲနေအုံးမှာ ဖြစ်ပါတယ်။ အရာဝတ္ထုတွေအပြင် သူနဲ့ အတူတူကစားနေတဲ့ ကလေးတွေအပါအဝင်ပေါ့။ ရွယ်တူကလေးတွေကိုလည်း သူက အရာဝတ္ထုတွေလို့ပဲ ထင်နေတာကြောင့် ဆွဲတာ၊ ပုတ်တာ၊ တွန်းတာ၊ ထိတာတွေ လုပ်ဆောင်ကြည့်တာပါ။ သူနဲ့အတူ ကစားရမယ်ဆိုတာကို မသိသေးပါဘူး။ အရာဝတ္ထုတွေအားလုံးက သူ့ကို စိတ်ရှုပ်ထွေးမှုလည်း ဖြစ်စေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူ့အတွက် အရာရာက နားလည်ရခက်နေသေးလို့ဖြစ်ပါတယ်။ ဒါကြောင့် မေမေတို့က လိုက်လံစူးစမ်းနေတဲ့ အရွယ်လေးကို အစစအရာရာ ရှင်းပြပေးပါ။

လမ်းလျောက်တဲ့ကလေးကို ဖိနပ်မစီးစေပါနဲ့။ သူတို့က လမ်းကောင်းကောင်းလည်း မလျောက်နိုင်ကြသေးပါဘူး။ သူတို့ခြေထောက်သေးသေးလေးတွေကို ကြမ်းပြင်နဲ့ ညှိုနိုင်းဖို့နဲ့ ဟန်ချက်ညီအောင် သွားတတ်စေဖို့ ခြေဗလာက သူတို့အတွက် ပိုအဆင်ပြေစေပါတယ်။ ဖိနပ်ပါတဲ့အခါ သူတို့အတွက် ကျဉ်းကျုပ်စေပါတယ်။ သူတို့သွားနိုင်တဲ့နေရာမှန်သမျှကို ဆူး၊ ခလုပ်မရှိအောင် မေမေတို့က သေချာရှင်းလင်းထားဖို့လိုပါတယ်။ တစ်ဒေါက်ဒေါက်နဲ့ လျောက်သွားနေပြီဆိုတော့ အန္တရာယ်ရှိစေမယ့် ပစ္စည်းတွေကို သူတို့ပတ်ဝန်းကျင် သူတို့လက်လှမ်းမှီရာကနေ ရွှေ့ပြောင်းထားပေါ့။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles