သားသားမီးမီးလေးတွေက မေမေဖေဖေတို့ထက် တခြားသူကိုပိုခင်တွယ်နေလား

by: Nang Htwe
 0 comments  0 love

ကလေးငယ်နဲ့ အပြန်အလှန်ဆက်သွယ်ပေးပါ။ အတူတူကစားပါ။ အချိန်ပေးပါ။ စာအုပ်အတူတူဖက်တာ၊ အပြန်အလှန်ဆွေးနွေးတာမျိုး ပြုလုပ်ပါ။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရစေပါတယ်။

အသက်(၄)နှစ် (၅)နှစ် သားသားမီးမီးလေးတွေက မေမေဖေဖေတို့ထက် သူတို့လေးတွေကို အလိုလိုက်တဲ့ ဖိုးဖိုးဘွားဘွားနဲ့ ဦးဦးဒေါ်ဒေါ်တို့ကို ပိုခင်တွယ်ကြပါတယ်။ ဒီလိုအချိန်မှာ မေမေတို့က သားသားမီးမီးလေးတွေကို အတင်းကျပ်ခေါ်တာမျိုး၊ မသွားအောင် ဆူငေါက်တာမျိုးနဲ့ ရိုက်တာတွေကို ရှောင်ရှားရပါတယ်။ သားသားမီးမီးလေးတွေ မေမေဖေဖေတို့နဲ့ ပိုခင်တွယ်လာအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။

ားသားမီးမီးလေးတွေ မေမေဖေဖေတို့နဲ့ ပိုခင်တွယ်လာအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ် (Photo by Boston Parents Paper)

အဆက်အသွယ်ပြတ်တောက်နေခြင်း

မေမေနဲ့ ကလေးငယ် အဆက်အသွယ်မပြတ်ဖို့ လိုအပ်ပါတယ်။ သားသားမီးမီးလေးတွေနဲ့ မေမေတို့ကြား အဆက်အသွယ်ပြတ်တောက်နေတာက တခြားသူကို ကလေးငယ် ပိုခင်စေတာပါ။ အသက်(၃)နှစ်ခွဲ၊ (၄)နှစ်လောက်မှာ ကလေးငယ် မူကြိုစတတ်ရပါတယ်။ ဘာသာစကားကျွမ်းကျင်မှု၊ စာသင်ခန်းအတွေ့အကြုံနဲ့ သူငယ်ချင်းအပေါင်းအသင်းအတွေ့အကြုံတွေကို ကလေးငယ်နဲ့ နေ့တိုင်းဆွေးနွေးပေးဖို့ လိုအပ်ပါတယ်။ အကြံဥာဏ်ပေးတာ၊ လိုအပ်တာ ဖြည့်ဆည်းပေးတာနဲ့ အိမ်စာအတူတူလုပ်ပေးတာတွေက ကလေးငယ် မေမေတို့ကို ပြန်ခင်တွယ်လာနိုင်ပါတယ်။

အပြန်အလှန်ဆက်သွယ်လာအောင်

ကလေးငယ်နဲ့ အပြန်အလှန်ဆက်သွယ်ပေးပါ။ အတူတူကစားပါ။ အချိန်ပေးပါ။ စာအုပ်အတူတူဖက်တာ၊ အပြန်အလှန်ဆွေးနွေးတာမျိုး ပြုလုပ်ပါ။ ဒီလိုမျိုးပြုလုပ်ပေးတာက ကလေးငယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုတဲ့အပြင် မေမေတို့နဲ့လည်း သံယောဇဉ်တွေ ပိုတိုးလာစေပါတယ်။ ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေလည်း ရစေပါတယ်။

Image result for Communication and Your 4- to 5-Year-Old

သားသားမီးမီးလေးတွေရဲ့ တစ်နေ့တာ မူကြိုရဲ့ လှုပ်ရှားမှုတွေကို မေးပါ (Photo by freeCodeCamp – Medium)

ကလေးငယ်နဲ့ မေမေကြား ရင်းနှီးလာစေမယ့် လှုပ်ရှားမှုများ

  • သားသားမီးမီးလေးတွေရဲ့ တစ်နေ့တာ မူကြိုရဲ့ လှုပ်ရှားမှုတွေကို မေးပါ။
  • ကလေးယ်နဲ့အတူ စာအုပ်ဖတ်ပါ။
  • TV အစီအစဉ်တွေ အတူတူကြည့်ပြီး ပြန်ပြောဆွေးနွေးပါ။
  • ကလေးစာအုပ်၊ မဂ္ဂဇင်းတွေကို အတူတူဖတ်ပါ။
  • ကလေးငယ်နဲ့ ဓါတ်ပုံအတူတူရိုက်ပါ။

သားသားမီးမီးလေးတွေ ရင်ဆိုင်ရတဲ့ အခက်အခဲများ

  • အကြားအာရုံအခက်အခဲ
  • အတင်းအကျပ် လမ်းညွှန်ခြင်း
  • ခက်ခဲတဲ့ မေးခွန်းတွေ ဖြေခိုင်းခြင်း
  • ခက်ခဲတဲ့ စကားလုံးတွေ သင်ကြားပေးခြင်း
  • စကားလုံးအသုံးအနှုန်း နားမလည်ခြင်း
  • ခက်ခဲတဲ့ သင်ကြားနည်းများ အသုံးပြုခြင်း
  • စကားထစ်ခြင်း
  • စာသင်ကြားတဲ့အခါ အခက်အခဲများရှိခြင်း
  • မရှင်းလင်းတဲ့ စကားများ ပြောခြင်း စတဲ့ အခက်အခဲတွေ သားသားမီးမီးတို့ ကြုံရနိုင်ပါတယ်။

သားသာမီးမီးလေးတွေနဲ့ မေမေတို့ကြား အဆက်အသွယ် မပြတ်စေဖို့ Kalay ကနေ နည်းလမ်းလေးတွေ ပြောပြပေးလိုက်ပါတယ်။

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x