သားသားမီးမီးလေးတွေ အသက်အရွယ်အလိုက် သင်ယူတတ်မြောက်ခြင်းများ

by: Nang Htwe
 0 comments  2 love

အသက်အရွယ်အလိုက် သင်ယူတာတွေ ပြောင်းလဲသွားပါတယ်

ကလေးငယ်တွေဟာ မွေးဖွားချိန်ကတည်းက သင်ယူမှုတွေပြုလုပ်ကြပါတယ်။ သီချင်းတွေကိုနားထောင်ရင်း ဘာသာစကားကိုသင်ယူကြတယ်။ အရုပ်တွေနဲ့ကစားတယ်။ အစားအစာအသစ်တွေကို စမ်းစားတယ်။ ပတ်ဝန်းကျင်ကို စိတ်ဝင်စားတယ်။ အသက်အရွယ်အလိုက် သင်ယူတာတွေ ပြောင်းလဲသွားပါတယ်။

အရုပ်တွေနဲ့ကစားရင်း သင်ယူမှုတွေပြုလုပ်ကြပါတယ် (Photo by Childhood Education Media)

အသက်အရွယ်အလိုက် ကလေးငယ်ဖွံ့ဖြိုးလာခြင်း

(၂)လ

  • မေမေဖေဖေရဲ့ မျက်နှာကို စိုက်ကြည့်နေပါတယ်။
  • အဝေးမှာရှိတဲ့လူ ဒါမှမဟုတ် အရာဝတ္ထုကို လှမ်းပြီး စပ်စုနေပါတယ်။
  • နေစဉ်ပြုလုပ်နေတဲ့ လှုပ်ရှားမှုကိုတွေ ငြီးငွေ့လာတဲ့အတွက် ဂျီကျတာတွေနဲ့ ငိုတာကို ပြုလုပ်လာပါတယ်။

(၆)လ

  • အနီးနားမှာရှိတဲ့ အရာဝတ္ထုတွေကို လိုက်ကြည့်နေပါတယ်။
  • ပါးစပ်နားရောက်လာတဲ့ အရာမှန်သမျှ စားဖို့ ကြိုးစားပါတယ်။
  • တစ်ခုခုလိုချင်တယ်ဆိုရင် အဲဒီပစ္စည်းနားကို ရောက်အောင်သွားယူပါတယ်။
  • လိုချင်တဲ့ပစ္စည်းကို လက်နဲ့ကိုင်ထားနိုင်ပါပြီ။

(၁၂)လ

  • ပစ္စည်းတွေကို ကန်တာ၊ လှုပ်ရမ်းတာနဲ့ ပစ်တာကို ပြုလုပ်လာပါပြီ။
  • ဖွက်ထားတဲ့ပစ္စည်းတွေကို လွယ်လွယ်ကူကူရှာဖွေနိုင်လာပါပြီ။
  • မေမေတို့ကနာမည်လေးတွေပြောပြထာမယ်ဆိုရင် ကိုက်ညီတဲ့ အရုပ်လေးတွေကို မှန်မှန်ကန်ကန် ညွှန်ပြတတ်နေပါပြီ။
  • မေမေတို့ရဲ့ အမူအရာတွေကို တစ်ထပ်တည်းတူညီအောင် ပြုလုပ်လာနိုင်ပါပြီ။
  • ပစ္စည်း(၂)ခုကို တပြိုင်ထဲ ကိုင်ထားနိုင်ပါပြီ။
  • ပစ္စည်းတွေကို မှန်မှန်ကန်ကန်အသုံးပြုလာနိုင်ပါပြီ။
  • မေမေတို့ခိုင်းတဲ့ ပစ္စည်းတွေကို အကူအညီမပါဘဲ ရှာဖွေပြီး ယူလာနိုင်ပါပြီ။
  • လက်ညိုးကို အသုံးပြုပြီး ညွှန်ပြတတ်နေပါပြီ။
  • မေမေတို့ ညွှန်ကြားတဲ့ ပစ္စည်းတွေကို အလွယ်တကူ ကောက်ယူလာနိုင်ပါပြီ။
Image result for child play

အသက်အရွယ်အလိုက် ဆော့ကစားနည်းတွေ ပြောင်းလဲသွားပါတယ် (Photo by My Baby’s Hearing)

(၁၈)လ

  • ရိုးရှင်းတဲ့ ပစ္စည်းတော်တော်များများကို သိနေပါပြီ။ (ဥပမာ တယ်လီဖုန်း၊ တီဗီ)
  • တခြားသူတွေရဲ့ အာရုံစူးစိုက်လာအောင် ပြုလုပ်တတ်နေပါပြီ။
  • အရုပ်တွေနဲ့ တိရိစ္ဆာန်တွေကို စိတ်ဝင်စားနေပါပြီ။
  • ရေးခြစ်ဖို့ ကြိုးစားနေပါတယ်။
  • ထိုင်ခိုင်းတာ၊ ထခိုင်းတာတွေကို သိနေပါတယ်။

(၂၄)လ

  • နှစ်ဆင့်၊ သုံးဆင့် ဖွင့်ထားတဲ့ ပစ္စည်းတွေကို ရှာဖွေနိုင်လာပါပြီ။
  • အရောင်တွေနဲ့ ပစ္စည်းပုံစံတွေကို ကွဲကွဲပြားပြားသိနေပါပြီ။
  • စာအုပ်နဲ့ သီချင်းသံတွေကို ရင်းနှီးနေပါတယ်။
  • ရိုးရှင်းတဲ့ ကစားနည်းတွေကို ကျွမ်းကျွမ်းကျင်ကျင်ဆော့ကစားနေပါပြီ။
  • လက်ကို အသုံးပြုတာ ကျွမ်းကျင်နေပါပြီ။
  • အဝတ်အစားနဲ့ ဖိနပ်ကို ကိုယ်တိုင်စီးနိုင်အောင် လေ့ကျင့်ပေးလို့ရပါတယ်။

(၃၆)လ

  • ခလုတ်တွေ၊ remote တွေနဲ့ ရွေ့လျားတဲ့ ကစားစရာအရုပ်တွေကို ပိုပြီးနှစ်ခြိုက်လာပါတယ်။
  • အရုပ်၊ တိရိစ္ဆာန်နဲ့ လူတွေကို ယုံကြည်လာပါတယ်။
  • ဥာဏ်စမ်းပြီး ဆော့စားရတဲ့ ကစားနည်းတွေကိုလည်း ကြိုက်နှစ်သက်လာပါတယ်။
  • တစ်ခု၊ နှစ်ခု အရေအတွက်အနည်းငယ်ကို သိနေပါပြီ။
  • ခဲတံနဲ့ စာရွက်ပေါ်ကို အဝိုင်းတွေ ရေးဆွဲနေပါပြီ။
  • စာအုပ်လှန်တာ ကျွမ်းကျင်နေပါပြီ။
  • အဖုံးဖွင့်တာမျိုး ပြုလုပ်နိုင်ပါပြီ

သားသားမီးမီးလေးတွေက အသက်အရွယ်အလိုက် သင်ယူမှုတွေ ပြောင်းလဲသွားတာကြောင့် မေမေတို့ဘက်က ကူညီပံ့ပိုးမှုတွေ ပိုပြုလုပ်ပေးထားဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x