အသက်(၁) နှစ်ကနေ(၃)အတွင်း ကလေးများ ဦးနှောက်နဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးစေဖို့

by: Phyo Pyae Thu
 0 comments  0 love

ကလေးရဲ့ ဥာဏ်ရည်နဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာကလည်း ငယ်ငယ်လေးကတည်းက ပြုစုပျိုးထောင်ပေးရမှာပါနော်။ နည်းလမ်းလေးတွေ ကြည့်ကြည့်ပါ

သူတို့ လှုပ်ရှားသမျှဟာ သူတို့ရဲ့ လေ့ကျင့်ခန်းပါပဲ။ သွက်လက်လှုပ်ရှားတဲ့ ဘယ်လိုအရာမျိုးမဆို ခွင့်ပြုပါ။

ကလေးရဲ့ ဘဝတလျောက်လုံးမှာ ဦးနှောက်ဥာဏ်ရည်နဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးစေဖို့ အရမ်းကို အရေးကြီးပါတယ်။ ကလေးရဲ့ ဥာဏ်ရည်နဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာကလည်း ငယ်ငယ်လေးကတည်းက ပြုစုပျိုးထောင်ပေးရမှာပါနော်။ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာမှာ အနာတရဖြစ်တာတွေ၊ ကြောက်တာတွေ မရှိစေဖို့လိုပြီး ဥာဏ်ရည်ကလည်း ထက်မြက်နေဖို့ လိုပါတယ်။

ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့ အစားအစာနဲ့ လေ့ကျင့်ခန်းတွေ လိုအပ်ပါတယ်။ ကလေးလေးတွေဟာ နို့ကနေရတဲ့ အာဟာရကိုလည်း ယူရမှာ ဖြစ်သလို ဖြည့်စွက်စာတွေကနေလည်း ရယူဖို့ လိုပါတယ်။ ကလေးတွေကို အသီးအရွက်တွေကို အစိမ်းကျွေးလို့ရသလို ချက်ပြုတ်ပြီးတော့လည်း  ကျွေးလို့ ရပါတယ်။ ဘယ်ရီသီးဖျော်ရည် တိုက်ပေးပါ။ အသက်(၁) နှစ်ကနေ (၃) နှစ်အထိမှာတော့ လေ့ကျင့်ခန်း လုပ်လို့ရခိုင်းမှာ မဟုတ်ပေမယ့် သူတို့ လှုပ်ရှားသမျှဟာ သူတို့ရဲ့ လေ့ကျင့်ခန်းပါပဲ။ သွက်လက်လှုပ်ရှားတဲ့ ဘယ်လိုအရာမျိုးမဆို ခွင့်ပြုပါ။

အရုပ်ဆက်နည်း ပေးကစားပါ

ဥာဏ်ရည်ဥာဏ်သွေးနဲ့ ပတ်သက်ပြီး တိုးတက်စေဖို့အတွက်ကတော့ သင်ကြားခြင်းနည်းလမ်းတွေနဲ့ ကစားပေးဖို့ပါ။ ဒီကစားနည်းတွေကိုတော့ အသက်(၂) နှစ်လောက်ကနေ စလို့ ရပါတယ်။ ပန်းချီဆွဲနည်း၊ စာအုပ်ဖတ်ပြခြင်း၊ အရောင်လေးတွေ ဆက်ခြင်း၊ အရုပ်လေးတွေဆက်ခြင်း စတဲ့ ဥာဏ်ရည်နဲ့ ပတ်သက်ပြီး သင်လို့ရတာလေးတွေ ပေးကစားပါ။ အသံမြည်တဲ့ အရုပ်လေးတွေကလည်း အထောက်အကူပြုပါတယ်။

စိတ်ပိုင်းဆိုင်ရာအတွက်တော့  ချစ်တတ်၊ သနားတတ်၊ ကိုယ်ချင်းစာတတ်၊ မကြောက်မရွံ့တတ်ဖို့ သင်ကြားပေးရမှာပါနော်။ လူမှုပေါင်းသင်းဆက်ဆံရေးတွေ ကောင်းဖို့လည်း သင်ပေးပါ။ တိရိစ္ဆာန်လေးတွေနဲ့ ပေးကစားပါ။ ပန်းပင် သစ်ပင်စိုက်ခိုင်းပါ။ သူငယ်ချင်းတွေနဲ့ပေးဆော့ပါ။ တီဗီအရမ်းကြည့်တာ လျော့ခိုင်းပါ။ သူတို့လေးတွေရဲ့ ရှေ့မှာ ရန်ဖြစ်တာ၊ ကြမ်းတမ်းတဲ့ စကားတွေ ပြောတာမျိုး မလုပ်ဖို့လည်း လိုပါတယ်။ ပြီးတော့ အရမ်းကြီး ရိုက်နှက် ဆုံးမတာမျိုးကလည်း စိတ်အနာ ဖြစ်စေတာမို့ ရှောင်ရှားပါ။

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles