အသက်(၃)နှစ်ကလေး ကစားဖို့ မေမေတို့ ဘာတွေ ဝယ်ပေးမလဲ

by: Nang Htwe
 0 comments  0 love

ဖွံ့ဖြိုးမှုအတွက် ဆော့ကစားခြင်းက အရေးပါတဲ့ နေရာတစ်ခုမှာရှိတယ်။ အခု သုံးနှစ်အရွယ်ကလေးငယ်တွေအတွက် ဆော့ကစားနည်းတွေကို ပြောပြပေးသွားပါမယ်။

ကလေးတိုင်း ကစားကြပါတယ်။ သူတို့လေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် ဆော့ကစားခြင်းက အရေးပါတဲ့ နေရာတစ်ခုမှာရှိတယ်။ အခု သုံးနှစ်အရွယ်ကလေးငယ်တွေအတွက် ဆော့ကစားနည်းတွေကို ပြောပြပေးသွားပါမယ်။

ကစားစရာ

Playdough လို့ခေါ်တဲ့ ကလေးဆော့ မြေကြီးလိုမျိုး ဆော့ကစားတဲ့အရာ (Photo by Planning, Pregnancy & Parenting Advice and Tips – FirstCry)

ကလေးတွေ ဘာလိုကစားလဲ၊ ဘာတွေ ဝယ်ပေးမလဲ

  • Playdough လို့ခေါ်တဲ့ ကလေးဆော့ မြေကြီးလိုမျိုး ဆော့ကစားတဲ့အရာ
  • စာအုပ်များ
  • စက္ကူ၊ စာရွက်များ
  • အရုပ်များ၊ ဆရာဝန်ပစ္စည်းအရုပ်၊ မီးဖိုချောင်အရုပ်များ
  • ပန်းချီ အထူးသဖြင့် အရောင်ကာလာအစုံ
  • ဆက်ပြီးကစားရတဲ့ puzzles များ
  • မိသားစုဓါတ်ပုံများ
  • ရွှေလက်ဝတ်ရတနာအတုများ
  • ကိုယ်တိုင်တည်ဆောက်ရတဲ့ ကစားစရာအတုများ
  • အသံပါတဲ့ စာအုပ်များ
  • ထမင်းဘူးများ
  • သေတ္တာများ
  • ရောင်စုံစာအုပ်များ
  • ပုံဆွဲစာအုပ်များ
  • အားကစားဆော့စရာပစ္စည်းများ
  • ဂိမ်းကစားနည်းများ
  • ရောင်စုံစာရွက်များ
  • အက
  • လွယ်ကူတဲ့ DIY ပစ္စည်းများ
  • ဟင်းချက်စရာပစ္စည်းများ
  • အရုပ်မကို အဝတ်ချုပ်ပေးခြင်း
  • တိရစ္ဆာန်အရုပ်များနဲ့ ကစားခြင်း
  • အရုပ်ပုံတွေနဲ့ ကစားခြင်း
  • လက်သည်းနီ၊ အလှကုန်ပစ္စည်းတွေနဲ့ ကစားခြင်း (ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ အလှကုန်ပစ္စည်းများ၊ ဆော့ကစားဖို့ သပ်သပ်လာပါတယ်)
  • စာရွက်တွေကို ကတ်ကြေးနဲ့ကိုက်မယ်။ သတင်းစာတွေကို ဖြဲမယ်။
  • ကမ်းခြေအလည်သွားပြီး သဲနဲ့ကစားမယ်။
  • ပုံပြင်တွေကို နားထောင်မယ်။
  • စာကြည့်တိုက်သွားမယ်။
  • အဖွားနဲ့ကစားမယ်။ ဖုန်းပြောမယ်။
  • အိမ်သန့်ရှင်းရေးလုပ်မယ်။
  • အရုပ်တွေနဲ့ ဆရာဝန်၊ လူနာ လုပ်တန်း ကစားမယ်။
  • ပုံတွေဆွဲမယ်။
  • မူကြိုမှာ ကစားမယ်။
  • အဝတ်အစားဝတ်တမ်း ကစားမယ်။
  • အိမ်နံရံတွေမှာ ပုံတွေဆွဲမယ်။
  • ဗူဘောင်းမှုတ်မယ်။
  • အရုပ်လေးတွေခေါ်ပြီး အပြင်ထွက်မယ်။
  • ခုန်မယ်။
  • ပြေးမယ်။
  • ကားတွေနဲ့ ကစားမယ်။
  • ဓါတ်ပုံရိုက်တန်းကစားမယ်။
  • သီချင်းဆိုမယ်။
  • အပြင်ထွက်ပြီး စာအုပ်ဖတ်မယ်။

ကလေးအတွက် အထောက်အကူပြုမယ့် ကစားနည်းတွေ အသက်အရွယ်အလိုက် ဝယ်ပေးဖို့ မမေ့ပါနဲ့နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles