သားသားမီးမီးလေးအသက်(၃) နှစ်မှာဘာတွေဂရုစိုက်ရမလဲ

by: Phyo Pyae Thu
 0 comments  0 love

မေမေတို့ သားသားမီးမီးလေး မွေးကင်းစထဲက ဖွံ့ဖြိုးတိုးတက်မှုတွေ ကောင်းခဲ့တာကြောင့် (၃) နှစ်အရွယ်မှာ ကောင်းကောင်း ဖွံ့ဖြိုးလာတာပါ။

 

အသက်(၃) နှစ်လောက်မှာ ဖွံ့ဖြိုးတိုးတက်မှု ရှိရဲ့လားဆိုတာ သိထားသင့်ပါတယ် (Photo: Parenting)

မေမေတို့ သားသားမီးမီးလေး အသက်(၃) နှစ်လောက်မှာ ဖွံ့ဖြိုးတိုးတက်မှု ရှိရဲ့လားဆိုတာ သိထားသင့်ပါတယ်။ မေမေတို့ သားသားမီးမီးလေး မွေးကင်းစထဲက ဖွံ့ဖြိုးတိုးတက်မှုတွေ ကောင်းခဲ့တာကြောင့် (၃) နှစ်အရွယ်မှာ ကောင်းကောင်း ဖွံ့ဖြိုးလာတာပါ။ အသက်(၃) နှစ်အရွယ်ကနေ ဖွံ့ဖြိုးတိုးတက်မှု ကောင်းမှသာ နောက်ပိုင်းမှာလည်း ဖွံ့ဖြိုးတိုးတက်မှု ရပ်တန့်မသွားမှာပါ။ မေမေတို့ရေ (၃) နှစ်အရွယ် သားသားမီးမီးလေးတွေ ဖွံ့ဖြိုးဖို့ ဘာတွေ ဂရုစိုက်ရမလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

မေမေတို့ရေ  သားသားမီးမီးလေး အသက်(၃) နှစ်မှာ စူးစမ်းလိုစိတ်တွေကြောင့် ပတ်ဝန်းကျင်နဲ့ ထိတွေ့မှု ပိုများပါတယ်။ ဒီလိုမျိုး လျှောက်ဆော့နေတဲ့အချိန်မှာ bacteria ရောဂါပိုးတွေနဲ့မထိအောင် ကာကွယ်ပေးဖို့ဆိုတာ အလွန်ခက်ပါတယ်။ ကလေးငယ်တွေက ဗိုက်နာတာ၊ ချောငိးဆိုးတာ၊ အရေပြားအနီကွက်ထွက်တာ၊ အန်တာ၊ ဖျားတာတွေ အလွယ်အကူ ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ဖြစ်လာတယ်ဆိုရင်တော့ ဆရာဝန်ဆီ ပြဖို့ လိုပါတယ်။

(၃) နှစ်အရွယ်ဟာ အအိပ်၊ အစား သိပ်မမက်တော့ပါဘူး(Photo: Baby centre)

(၃) နှစ်အရွယ်ဟာ အအိပ်၊ အစား သိပ်မမက်တော့ပါဘူး

ဒီလိုအချိန်မှာ သားသားမီးမီးလေးတွေဟာ အိပ်ချိန်ပြောင်းလဲတာကြောင့် မေမေ့ထက်တောင် စောစောနိုးတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သူတို့ကို အိပ်ပျော်အောင် သိပ်ပေးဖို့ လိုပါတယ်။ အိပ်ရာ အကြီးဆီကို ခေါ်သွားပြီးတော့ ဆက်ချော့သိပ်ပါ။ သူတို့အိပ်ချိန်မှာ ဘာတွေတောင်းဆိုတတ်လည်းဆိုတာကို သိထားပြီး နေ့စဉ်အိပ်ချိန်မှာ ဖြည့်ဆည်းပေးပါ။ အိပ်ခါနီး နဖူးလေးကိုနမ်းပေးတာမျိုး လုပ်ပေးနိုင်ပါတယ်

ဖွံ့ဖြိုးဖို့ဆိုတာကလည်း ရောဂါတွေ မရှိမှပါ

ဒါဆိုရင်တော့ သားသားမီးမီးလေးတွေ မဖျားအောင် ဂရုစိုက်ဖို့ လိုပါတယ်။ မေမေတို့ရဲ့ သားသားမီးမီးလေးတွေကို သတ်မှတ်ထားတဲ့ ကာကွယ်ဆေးတွေ မှန်သမျှ ထိုးပေးပါ။ တုပ်ကွေးရာသီ ရောက်လာပြီဆိုရင်လည်း ဖျားနာတာတွေ မဖြစ်စေဖို့ ဂရုစိုက်ရမှာပါ။
• ရာသီတုပ်ကွေးဟာ ရိုးရိုးအအေးမိတာထက် ပိုဆိုးတတ်ပါတယ်။
• တုပ်ကွေးကာကွယ်ဆေးဟာ (၂) နှစ်အထက်ကလေးတွေကို ပုံမှန်အားဖြင့်ထိုးပေးလို့ရပါတယ်။( ၆)လအထက် ကလေးတွေကိုထိုးပေးလို့ရတဲ့ တုပ်ကွေးကာကွယ်ဆေးတွေလည်း ရှိတဲ့အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။
• Centers of Disease Control (CDC) ကတော့ (၆)လကလေးကနေစပြီး နှစ်တိုင်း တုပ်ကွေး ကာကွယ်ဆေး ထိုးပေးသင့်တယ်လို့အကြံပြုထားပါတယ်။
• ကလေးတွေကို အနီးကပ်ပြုစုပြီး မေမေတွေကိုယ်တိုင်လည်း ကာကွယ်ဆေးထိုးထားသင့်တယ်လို့ဖော်ပြထားပါတယ်။
• ကာကွယ်ဆေးထိုးပြီးစမှတော့ အဖျားနည်းနည်းရှိတတ်ပါတယ်။ ပိုဆိုးလာရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြန်တိုင်ပင်သင့်ပါတယ်။

From Kalay with


Comments

0 comments
Latest video