(၂၂)လအရွယ်ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်ခြင်း

by: seng yar
 0 comments  4 love

ကလေးသီချင်းတွေကို လိုက်ဆိုရတာ သဘောကျပါတယ်။ သူဟာ စာလုံးကို မပြောနိုင်ရင်တောင်မှ သီချင်းတချို့ကို ထပ်ဆိုပြီး သံစဉ်အလိုက်ကိုပါ ဆက်ဆိုဖို့ ကြိုးစား အားထုတ်ပါလိမ့်မယ်။

သင်ဟာ “ဘာကြောင့်လဲ” ဆိုတဲ့ စကားလုံးကို ကြားဖူးပေမယ့် သင့်ကလေးငယ်ကတော့ “အဲ့ဒါဘာလဲ”ဆိုတဲ့ စကားတွေကိုပဲ ပြောပါလိမ့်မယ်။ သင့် ၂၂ လ အရွယ်ကလေးငယ်ဟာ စာကြောင်းအပြည့်အစုံ မပြောနိုင်သေး လောက်ပေမယ့် သူဟာ သင့်ကို သူ့အား ကမ္ဘာကြီးအကြောင်းရှင်းပြခိုင်းဖို့ ကြိုးစားပါလိမ့်မယ်။ စကားစပြောကြရမယ့် အချိန်ကျပါပြီ။

 ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု

သင့်ကလေးငယ်ဟာ သူ့လက်ချောင်းလေးတွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုပြီး ဘလော့ဂ်တုံးတာဝါ လေးတွေ လုပ်တာ၊ ပလက်စတစ် ပုတီးလုံးလေးတွေ သီတာ၊ ဒါမှမဟုတ် ကတ္ထူစက္ကူ ဒါမှမဟုတ်ဂွမ်းကတ်ကို အပေါက်ဖောက်ပြီး ဖိနပ်ကြိုးတွေနဲ့ ယက်တာ တွေ လုပ်ရတာ နှစ်ခြိုက်ပါလိမ့်မယ်။ Silly Putty တို့ ဂျုံ ဒါမှမဟုတ်ရွှံ့တို့လို ပုံသွင်းလို့ရတဲ့ ဒြပ်ပေါင်းတွေကို ထုရိုက်တာ၊ ဆိတ်တာတွေ ဟာ ကလေးတွေ အကြိုက်ဆုံး ကစားနည်းတစ်ခုဖြစ်ပြီး သူတို့ရဲ့ fine-motor skill တွေကောင်းစေတဲ့ လုပ်ငန်းတွေလည်းဖြစ်ပါတယ်။ လက်မ၊ လက်ချောင်း၊ လက်နဲ့ လက်ကောက်ဝတ် လှုပ်ရှားတာတွေဟာ တခြားအရေးကြီးတဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်တာတွေအတွက် အထောက်အပံ့ ပေးပါတယ်။ ဥပမာ ဘလော့ဂ်တုံးတွေနဲ့ တာဝါဆောက်တာမျိုးပဲဖြစ်ပါတယ်။ သင့်ကလေးငယ်ဟာ ဒီ ဘလောဂ့်တုံးတွေနဲ့ ဘာလုပ်မယ် ဘာတွေဖန်တီးမယ် ဆိုတာ သိနေရပါမယ်။

သင့်ကလေးငယ်ဟာ ချော်မလဲပဲ ဘောလုံးကို ရှေ့ကိုကန်နိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတာတွေလည်းရှိနေပါပြီ။ အကယ်၍ သူဟာ ခြေထောက်တစ်ဖက်အပေါ်မှာ ဟန်ချက်ထိန်းတာတွေ ဆက်စပ်လုပ်ဆောင်ဖို့ အခက်အခဲရှိနေရင် သင်ဟာ ဘောလုံးကန်တဲ့ဟန် သရုပ်ပြပေးပါ။ ပြီးတော့ ဘောလုံးကို သူ့ရှေ့ကို လှိမ့်ပေးပြီး ပြန်ကန်ခိုင်းကြည့်ပါ။ သူဟာ သင့်ကို အတုယူကောင်းယူပါလိမ့်မယ်။ ဒါပေမယ့် သူဟာ ဘောလုံးကို ခြေထောက်နဲ့ ထိရုံသာ လုပ်နိုင်တယ်ဆိုရင် သူ့ကို “ကန်တာ တော်တယ်ကွာ”လို့ ပြောပြီး ချက်ချင်းအားပေးတာတွေလုပ်သင့်ပါတယ်။ နောက်တော့ သူဟာ သူ့ခြေထောက် ကို ဘောလုံးလာထိရင် ပြန်လိမ့်သွားတာကို သိရှိလာပြီး နောက်မှာတော့ သူဟာ သူ့ဖာသာ ဘောလုံးကို ကန်ဖို့ စတင် ကြိုးစား ပါလိမ့်မယ်။

သင့်ကလေးငယ်ဟာ မတ်တပ်ရပ်နေရာကနေ သင့်ဆီကို  အတော်လေး ပြေးလာတတ်နေပြီဖြစ်ပေမယ့် ပြေးနေရာကနေ ရပ်တာ၊ ထောင့်အကွေ့လိုနေရာမျိုးတွေမှာ အရှိန်ထိန်းကွေ့တာမျိုးတွေတော့ သိပ်မလုပ်နိုင်သေးပါဘူး။ သင့်ကလေးဟာ သူ အရှိန်ယူပြေးတတ်သလို အရှိန်လျော့ချဖို့ လုပ်တတ်လာတဲ့ အထိ သင့်ကလေးငယ်မှာ ထိခိုက်ရှနာတွေ ရတတ် နိုင်ကြောင်း ထင်မှတ်ထားပါ။ ခြံနောက်ဖေးဘက် ဒါမှမဟုတ် ပန်းခြံတွေလို နေရာကျယ်ကျယ်တွေဟာ ကလေးတွေ အတွက် ဘာကိုမှ ဂရုမစိုက်ပဲ ကောင်းကောင်းကြီးပြေးနိုင်တဲ့ နေရာတွေဖြစ်ပါတယ်။

စကားသင်ယူတတ်မြောက်နိုင်စွမ်း

 စံနမူနာ ကလေးတစ်ယောက်ဟာ စကားလုံး ၂၀ ခန့် သိနေကြပြီး ကလေးအများစုကတော့ သူတို့ လိုချင်တာတွေပြောဖို့ မေးမြန်းတာတွေလုပ်ဖို့အတွက် စကားတွေကို တစ်လုံးစ နှစ်လုံးစ ပေါင်းစပ်တတ်နေကြပါပြီ။ သင်ဟာ သင့်ကလေး စကားလုံးဘယ်နှစ်လုံးပြောနိုင်သလဲလို့ မရေတွက်ခင် သူဟာ လမ်းမှန်ပေါ်မှာရှိနေရဲ့လား ဆုံးဖြတ်ပါ။ ကလေးငယ်တွေဟာ သူတို့ပြောနိုင်တဲ့ စကားတွေထက် ပိုနားလည်နိုင်ပြီး အဲ့ဒီ့လို နားလည်တာဟာ ဘာသာစကား သင်ယူတာရဲ့ အရမ်းအရေးပါတဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သူသိထားတဲ့ ဝေါဟာရတွေ ဟာ သင်ထင်ထားတာထက်ပိုပါတယ်။ သင်ပြောတဲ့ လေသံကို သင့်ကလေးက လိုက်ပြီး အတုယူကာ ပြောနေကြောင်း ကို သင်သတိထားမိကောင်းထားမိပါလိမ့်မယ်။ “အို မြတ်စွာဘုရား”၊ ဒါမှမဟုတ် “ရပ်လိုက်စမ်း”၊ ဒါမှမဟုတ် “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားတွေကို သင်အားနဲ့မာန်နဲ့ ပြောတဲ့အခါ သင့်ကလေးကလည်း သင်ပြောတဲ့အတိုင်းနောက်ကလိုက်ပြောပါလိမ့်မယ်။

သင်ဟာ သင့်ကလေးငယ် ဒါမှမဟုတ် အရုပ်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထောက်ပြပြီး အဲ့ဒါတွေက ဘာတွေလဲလို့ သူ့ကိုမေးတဲ့အခါ သူဟာ ငါးလုံး ဒါမှမဟုတ်ငါးလုံးထက်ပိုပြီး ပြောနိုင်သင့်ပါတယ်။ အကယ်၍ “သားသား ခြေထောက်ကဘယ်မှာလဲ” ဒါမှမဟုတ် “သားသား နားရွက်တွေ ဘယ်မှာလဲ” လို မေးတဲ့အခါ သူဟာ မှန်ကန်တဲ့ နေရာတွေကို ညွှန်ပြနိုင်သင့်ပါတယ်။ သူဟာ သင်နဲ့အတူ ကလေးသီချင်းတွေကို လိုက်ဆိုရတာ သဘောကျပါတယ်။ သူဟာ စာလုံးကို မပြောနိုင်ရင်တောင်မှ သီချင်းတချို့ကို ထပ်ဆိုပြီး သံစဉ်အလိုက်ကိုပါ ဆက်ဆိုဖို့ ကြိုးစား အားထုတ်ပါလိမ့်မယ်။

လူမှုရေး-စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု

အခုအချိန်မှာ သင့်ကလေးဟာ စကားလုံးတွေရော ခြေဟန်လက်ဟန်တွေပါ အသုံးပြုပြီး ဆက်သွယ်နိုင်နေပါပြီ။ သင့်ကလေးဟာ သူဌေးဂိုက်ဖမ်းလာလိမ့်မယ်လို့ သင်တွေးထားပါ။ များသောအားဖြင့် သူရဲ့ ဆက်သွယ်ပြောဆို နိုင်စွမ်းတွေဟာ သူ့ပတ်ဝန်းကျင်ကလူတွေကို ဘယ်လိုသက်ရောက်တာရှိလဲဆိုတာကို စမ်းသပ်နေပါလိမ့်မယ်။ သင်ဟာ သူ့အကြိုက်ဆုံးသီချင်းကို ဆိုတဲ့အခါ “မဆိုနဲ့” လို့ သူအော်ကောင်းအော်နိုင်ပါတယ်။ ဒါဟာ သင့်ကို သီချင်းဆိုတာကို တကယ်တမ်း ရပ်စေလိုလို့တော့မဟုတ်ပါဘူး။ သူ ခိုင်းတာတွေကို သင်ဘယ်လိုပြန်တုန့်ပြန်သလဲဆိုတာ စိတ်ဝင်စားလို့သာ ဖြစ်ပါတယ်။ သူဟာ ကစားစရာတစ်ခုခုနဲ့ ကစားနေတုန်း “ကူပါ” လို့ပြောတဲ့အခါ ဖွံ့ဖြိုးမှုဆိုင်ရာ ကြီးထွားတဲ့ ခြေလှမ်းကြီးတစ်ခုကို သင်တွေ့ရှိလိုက်ရတာပဲဖြစ်ပါတယ်။

သူ မကိုင်တွယ်နိုင်တဲ့ ကစားစရာတစ်ခုကို အဝေးကို လွှတ်ပစ်လိုက်မယ့် အစား သူဟာ အခုတော့ ဘယ်လိုလုပ်ရမယ်ဆိုတာ ကူညီဖို့အတွက် မေးလာတာဖြစ်ပါတယ်။ “ကြည့်” ဆိုတဲ့ စကားကလည်း သူ မကြာမကြာပြောတတ်တဲ့ အမိန့်ပေးသံဖြစ်ပါတယ်။ များသောအားဖြင့် ဒီလိုပြောတာဟာ သင့်ရဲ့ အသိအမှတ်ပြုတာကို လိုအပ်တဲ့ ပြယုဒ်တစ်ခုပဲဖြစ်ပါတယ်။ သူဟာ သင့်ကို စကားလုံး စပ်တာ၊ သူ့ရဲ့ ဘလော့ဂ်တုံး တာဝါတွေ ဒါမှမဟုတ် သူ ခြေအိတ်ဝတ်တာ မျိုးတွေကို သင် ချီးကျူးစေချင်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူရဲ့ လုပ်ကိုင်အောင်မြင်တာတွေကို သင်ဟာ ချီးကျူးပေးရင် သူ့ကို ကိုယ့်ကိုကိုယ် ယုံကြည်တာတွေဖြစ်စေပြီး တချို့အရာ အသစ်တွေကို သူ့ဟာသူ အောင်မြင်အောင် ကြိုးစားလုပ်ကိုင်နိုင်လာပါလိမ့်မယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles