(၂၁)လအရွယ်ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်ခြင်း

by: seng yar
 0 comments  53 love

“နေ့လည်စာ စားတော့မလား” လို့ပြောမယ့်အစား “ဒီမှာ သားသားအတွက် နွားနို့ရယ်၊ မာခရိုနီရယ်၊ ချီစ့်ရယ်” လို့ အသိပေးသလို ပြောဆိုတာမျိုးတွေပါ။

 ကလေးတစ်ယောက်ဟာ သူ့ခြေလှမ်းတွေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားမှာ ဖြစ်ပြီး ကလေး တစ်ယောက် တိုးတက်ဖွံ့ဖြိုးတာမှာ သာမာန်ဆိုတဲ့ နယ်ပယ်အကျယ်ကြီးတစ်ခုရှိပါတယ်။

 လှုပ်ရှားနိုင်မှုစွမ်းရည်

အခုအချိန်မှာ သင့်ကလေးဟာ လမ်းလျှောက်တတ်နေပြီး ပိုစိန်ခေါ်တဲ့ အခြေအနေမျိုးတွေမှာ သူ့ရဲ့ လုပ်နိုင်စွမ်းတွေကို စမ်းသပ် သင့်ပါတယ်။ အမြင့်တစ်နေရာရာကို တက်တာဟာ သူ့ကို အရပ်ရှည်လာတယ်လို့ ခံစားရစေသလို သစ်လုံးပေါ်မှာ ဟန်ချက်ထိန်းပြီး လမ်းလျှောက်တာမျိုး ဒါမှမဟုတ် လျှောက်လမ်းတစ်ခုရဲ့ အစွန်းဘောင်မှာ လမ်းလျှောက်တာတွေဟာ သူ့အတွက် ရင်ခုန်စိတ်လှုပ်ရှားစရာတွေပါ။ သင့်အတွက် အံ့သြစရာတစ်ခုကတော့ ကလေးအတော်များများဟာ သဘာဝအတိုင်းဖြစ်နေတဲ့ လျှောစောက်တွေကို တက်နိုင်ပါတယ်။ သင်ဟာ သင့်ကလေး ထိခိုက်အန္တရာယ်ဖြစ်မှာ စိုးရိမ်တတ်ပါတယ်။

ဒါပေမယ့် သူ့အတွက် အင်အားတွေတိုးတက်ပြီး ကိုယ်ခန္ဓာဖွံ့ဖြိုးကြီးထွားရေးအတွက် ဟန်ချက်ညီ လမ်းလျှောက်တာ၊ အမြင့်တက်တာတွေ လုပ်ဆောင်ဖို့ အန္တရာယ်ကင်း စိတ်ချရတဲ့ နေရာတွေ စီစဉ်ပေးပါ။ Toddler-safe ကစားကွင်းတွေဟာ ဒီလုပ်ငန်းစဉ်တွေ အစပျိုးဖို့အတွက် အကောင်းဆုံးနေရာတွေပါ။ (ကလေးကစားကွင်း လုံခြုံရေး အကဲဖြတ်တာ သိမှတ်စရာ တွေမှာ ဖတ်ရှုပါ။) သင့်ကလေးရဲ့ သူ့ဖာသာ လုပ်ကိုင်နိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေဟာ သူ့ဆန္ဒတွေကို သူကိုယ်တိုင် လွတ်လွတ်လပ်လပ်လုပ်ကိုင်နိုင်ဖို့အတွက် အမီလိုက်နိုင်လာပါပြီ။ သူ့ရဲ့ခွန်အားနဲ့ ဖြတ်လတ်တာကိုပြတာတွေ (ဥပမာ – ထိုင်ခုံတွေကို နေရာရွှေ့တာ၊ ပုခက်အပြင်ကို တွယ်တက်ပြီးထွက်တာ(ဒါမှမဟုတ်ထွက်ဖို့ကြိုးစားတာ)၊ အရုပ်သေတ္တာ ဒါမှမဟုတ် မိသားစုကမွေးထားတဲ့ ခွေးကို ရွှေ့တာတွေ) ကို စောင့်ကြည့်ပါ။

စကားသင်ယူတတ်မြောက်နိုင်စွမ်း

သင့်ကလေးငယ်ဟာ အခုအချိန်မှာသူ့ခန္ဓာကိုယ်အစိတ်အပိုင်းအများစုရဲ့နာမည်တွေကို ပြောနိုင်နေပါပြီ။ သူဟာ အဲ့ဒီ အစိတ်အပိုင်းတွေရဲ့နာမည်ကို ပြောပြကောင်းပြောပြနိုင်ပါတယ် ဒါမှမဟုတ် အနည်းဆုံးတော့ အရုပ်ရဲ့ တူညီတဲ့ အစိတ်အပိုင်းတွေကို ညွှန်ပြနိုင်ပါတယ်။ သင်ဟာ စာရွက်တစ်ရွက်ပေါ်မှာ စက်ဝိုင်းဆွဲပြရင် သူဟာ ဒေါင်လိုက်မျဉ်းကြောင်း တွေပဲဆွဲတတ်တာတောင်မှ သင့်ကို အတုယူပြီး စက်ဝိုင်းလိုက်ဆွဲဖို့ ကြိုးစားပါလိမ့်မယ်။ သူဟာ အရာဝတ္ထုသေးသေးလေး တွေကို နှစ်ခြိုက်တတ်ပါလိမ့်မယ်။ အထူးသဖြင့် ပိုးကောင်လေးတွေပေါ့ ( သူဟာ အဲ့ဒီပိုးကောင်လေးတွေကို စားဖို့ကြိုးစား ရင်မအံ့သြပါနဲ့)။

ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းရဲ့ တစ်စိတ်တစ်ပိုင်းကတော့ သူဟာ အရာဝတ္ထု သေးသေးလေးတွေကို ကုန်းပြီး ကောက်ယူနိုင်စွမ်း ရှိလာတာကြောင့်လည်းဖြစ်ပါတယ်။ သူ့ရဲ့ အသိရှိတာတွေကလည်း တိုးမြှင့်လာပြီး မတူညီတဲ့ အရာဝတ္ထုတွေဟာ ဘယ်လို ပုံစံ၊ အနံ့၊ အရသာ၊ အသံတွေ ရှိလည်းဆိုတာကို သိချင်စပ်စုချင်လာပါတယ်။ ဒီလမှာ သင့်ကလေးငယ်ဟာ စာအုပ်တစ်အုပ်ကို စိတ်ရှည်ရှည်နဲ့ သူ့ဖာသာ မိနစ်အနည်းငယ်လောက် ထိုင်ကြည့်ပါလိမ့်မယ်။ အကယ်၍သင်ဟာ သူ့ကို jigsaw puzzle (ရုပ်ပုံကားချပ်တွေကို ဆက်ရတဲ့ ကစားနည်း) အပိုင်း နှစ်ခု ဒါမှမဟုတ် သုံးခုပေးမယ်ဆိုရင် သူဟာ အစိတ်အပိုင်းတွေကို တစ်ခုနဲ့တစ်ခု အတူတူဖြစ်အောင် ဆက်ပြနိုင်ပါလိမ့်မယ်။

အသိဉာဏ် ဖွံ့ဖြိုးတိုးတက်မှု

သင့်ကလေးငယ်ဟာ နောက်ဆုံးမှာတော့ တခြားသူရဲ့ ပစ္စည်း ဒါမှမဟုတ် အရုပ်ကို ပြန်ပေးခိုင်းရင် ကြည်ကြည်ဖြူဖြူနဲ့ ပြန်ပေးပါလိမ့်မယ်။ သူဟာ တခြားလူတွေအပေါ် အာရုံထား ဂရုပြုလာကြောင်းပြတဲ့ အချင်းအရာပဲ ဖြစ်ပါတယ်။ သူဟာ စကြာဝဠာကြီးထဲမှာ သူတစ်ယောက်တည်းရှိနေတာမဟုတ်တာကို သိနားလည်လာပြီး အရာရာတိုင်းကလည်း သူ့ကိုယ်ပိုင် မဟုတ်တာကို နားလည်လာပါပြီ။

အဖိုးအဖွားတွေ သူငယ်ချင်းတွေလို သူ သိကျွမ်းရင်းနှီးနေတဲ့ လူတွေရဲ့ ပုံကို သင်က ကလေးကိုပြခဲ့ရင် သူဟာ သူတို့ရဲ့ မျက်နှာတွေကို မှတ်မိနေပြီး သူတို့ရဲ့ နာမည်တွေကိုတောင် ပြောပြကောင်းပြောပြနိုင်ပါတယ်။ သူဟာ မကြာသေးခင်က ရိုက်ထားတဲ့ အုပ်စုလိုက်ဓာတ်ပုံထဲကတောင် သူကိုယ်သူ ရှာပြနိုင်ပါလိမ့်မယ်။

သူဟာ ဟင့်အင်းလို့ ပြောနေတုန်းပဲလား။ လုပ်မှာလား မလုပ်ဘူးလားဆိုတဲ့ မေးခွန်းတွေအစား သင်ဟာ ထုတ်ပြန်ချက်မျိုး တွေကိုလုပ်ရင် သူရဲ့ ငြင်းဆန်တာတွေကို လုံးဝရပ်သွားစေနိုင်မှာပါ။ “နေ့လည်စာ စားတော့မလား” လို့ပြောမယ့်အစား “ဒီမှာ သားသားအတွက် နွားနို့ရယ်၊ မာခရိုနီရယ်၊ ချီစ့်ရယ်” လို့ အသိပေးသလို ပြောဆိုတာမျိုးတွေပါ။

 လူမှုရေး-စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု

သင့်ကလေးဟာ အရင်ကလိုမဟုတ်ပဲ သင် အဝေးကို ရောက်နေတာကို နေတတ်လာကြောင်း သင်သတိထားမိပါလိမ့်မယ်။ သူဟာ အဖိုးအဖွားတွေလိုမျိုး သူနဲ့ ရင်းနှီးတဲ့ လူကြီးတွေနဲ့ အတူတူ ထိုင်ပြီး ပုံပြင်နားထောင်တာတွေ၊ သူ့ဖာသာ ပုံပြင်ပြောဖို့ ကြိုးစားတာတွေ လုပ်ပါလိမ့်မယ်။ ပြီးတော့ သူဟာ ဂရုစိုက်ခံချင်တာတွေ၊ တခြားသူတွေနဲ့ ဝေးဝေးမှာ နေချင်တာတွေဟာလည်း သိသိသာသာကို လျော့ကျလာပါလိမ့်မယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ဘာသာစကား နားလည်းတတ်ကျွမ်းလာတာဟာ သူ့အတွက် အရင်ကမရှိခဲ့တဲ့ ထိန်းချုပ်မှုတစ်မျိုးကို ပေးလို့ဖြစ်ပါတယ်။ သူဟာ တချို့ကိစ္စတွေကို သူ့ဖာသာ လုပ်ကိုင်ကြိုးစားချင်လာပြီး သူ့ကစားစရာတွေအပါအဝင် အရာရာတိုင်းကို ဘယ်လိုလုပ်ရလဲ ဆိုတဲ့ သင့်အကူအညီကို မလိုတော့ပါဘူး။ ဒီမှာတော့ သင်စောင့်ကြည့်ရမယ့် အချက်တစ်ခုရှိပါတယ်။ ၂၁လသားအရွယ် တွေ ကလေးအတော်များများဟာ သူတို့ကိုသူတို့ “သားသား၊ မီးမီး” ဒါမှမဟုတ် သူတို့ နာမည်ရဲ့ ပထမစာလုံးတွေနဲ့ စတင် ခေါ်ဝေါ်တတ်ကြပါပြီ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles