ကလေးငယ်ဟာ (၂၀) လသားအရွယ်ကို ရောက်တဲ့ အခါ သူတို့တွေဟာ ”terrible twos (ကိုယ့်ဖာသာ ရပ်တည်လိုစိတ်နဲ့ လူကြီးတွေကို အားကိုးစိတ်နှစ်ခုကြား လွန်ဆွဲနေတဲ့ အခြေအနေ)” ရဲ့ အပြုအမူတွေကို စတင် ထုတ်ဖော်ပြနေပါပြီ။ ဒီအဆင့်မှာ ကလေးဟာ ပျော်ရွှင်စရာတွေကိုပဲ သင်ယူနေသင့်ပါသေးတယ်။ ဒါပေမယ့် သင့်လျော်တဲ့ အပြူအမူတွေကို စသင်ဖို့အတွက် အချိန်လည်းဖြစ်ပါတယ်။ ကလေးငယ်ဟာ လောကကြီးနဲ့ ဘယ်လို ပြုမူဆက်ဆံရမယ်ဆိုတာကို သင်ယူဖို့ ကူညီပေးတဲ့အပေါ်မှာ အာရုံစိုက်သင့်သလို သူတို့ကို ပြောဆိုဆက်သွယ်ဖို့ လွယ်ကူအောင် ပိုမိုကြီးကျယ်တဲ့ ဝေါဟာရတွေလည်း သင်ပေးဖို့ အာရုံထားသင့်ပါတယ်။
လှုပ်ရှားနိုင်မှုစွမ်းရည်
ကလေးငယ်ဟာ ကောင်းကောင်းမွန်မွန် ဝါးစားတတ်နေပြီဆိုရင်တောင်မှ အစားအစာမနင်အောင်လို့ ကိုက်စားရမယ့် အရွယ်အစားအစာ တွေ (အထူးသဖြင့် အသား၊ ကြက်သား၊ ငါးနဲ့ အသီးအရွက်)တွေကို ပေးတာ အကြံကောင်းတစ်ခုပါ။ သင့်ရဲ့ လ ၂၀ အရွယ်ကလေးငယ်ဟာ ဇွန်း၊ ခက်ရင်း ကိုင်နိုင်တဲ့ fine-motor skill ရှိပြီး သူဟာ သူ့ဇွန်းခက်ရင်းတွေကို အမြဲလိုလို မသုံးချင်ဘူးဆိုရင်လည်း မအံ့သြပါနဲ့။ သူဟာ လက်နဲ့စားရင် နည်းလား များလား ဆိုတာကို သူ့ဖာသာသိပါတယ်။ ကလေးငယ်ဟာ jack-in-the-boxes, nesting blocks, or shape-fitters ကဲ့သို့သော ဖုံးကွယ်ထားတဲ့ အံ့သြစရာ အရုပ်တွေကို စိတ်ဝင်စားတတ်ပါတယ်။ သူဟာ နေ့စဉ်ကြုံတွေ့နေရတဲ့ ဖြစ်ရပ်တွေကိုလည်း ပိုပိုပြီး စိတ်ဝင်စား လာတတ်ပါတယ်။ သူဟာ ရေချိုးကန် ပိုက်ခေါင်းကနေ ရေတွေဟာ ဘယ်ကိုသွားနေလဲဆိုတာ လိုက်လံ စပ်စုတာတွေ၊ ပိုက်ဆံအိတ်ထဲမှာ ကားသော့ကိုလိုက်ရှာတာတွေ၊ ဒါမှမဟုတ် သင်အမှိုက်တစ်ခုခုပစ်လိုက်တဲ့ အခါ သူက အမှိုက်ပုံးကို သွားကြည့်တာမျိုးတွေ သင်တွေ့ရှိရမှာပါ။
စကားသင်ယူတတ်မြောက်နိုင်စွမ်းရည်
သင့်အတွက်တော့ စကားလုံး နှစ်လုံးသာ ဖြစ်နေပေမယ့် အဲ့ဒီ့ စကားလုံးအစုံဟာ သင့်ကလေးအတွက်တော့ စာကြောင်းတစ်ကြောင်းဖြစ်တဲ့ အပြင် ဘာသာစကား တတ်သိတာရဲ့ ကြီးမားတဲ့ ခြေလှမ်းတစ်ခုပါပဲ။ “ဖေဖေ ဦးထုပ်” လို့ သူပြောတဲ့အခါ “အဲ့ဒီနေရာမှာ ဦးထုပ်ရှိတယ်လို့” ဆိုလိုတာဖြစ်ပြီး၊ ဒါမှမဟုတ် “မမ ရုပ်ရုပ်” လို့ ပြောတာဆိုရင်လည်း ဒီအရုပ်ဟာ သူ့အမရဲ့ အရုပ်ဖြစ်မှန်း သူသိတာကို ရည်ညွှန်းတာဖြစ်ပါတယ်။ သူရဲ့ ဝေါဟာရတွေမှာ ကြိယာအနည်းငယ်ပါဝင်နေပါတယ်။ (ဥပမာ “ကုန်”၊ ဒါမှမဟုတ် “ကျ” တို့ပဲဖြစ်ပါတယ်။) အဲ့ဒီ စကားလုံးတွေကို အသုံးပြုပြီး သူဟာ ရိုးရှင်းတဲ့ စာကြောင်းတွေဖြစ်တဲ့ “အအေး ကုန်ပြီ”၊ ဒါမှမဟုတ် ”သားသား ကျ” ဆိုတဲ့ စကားတွေကို ပြောနိုင်နေပါပြီ။ အသက် ၁၈လနဲ့ ၂၁ လ အတွင်းမှာ ကလေးတွေဟာ သူတို့ပတ်ဝန်းကျင်မှာ ကြားရတဲ့ပြောစကားတွေကို အတုယူပြီး လိုက်ပြောချင်ကြပါတယ်။ ၂၀ လ အရွယ် ပျမ်းမျှ ကလေးတစ်ယောက်ဟာ စကားလုံး ၁၂ လုံးကနေ ၁၅ လုံးအထိ ပြောနိုင်ကြပြီး ကလေးအများစုကတော့ ပိုပြီးပြောနိုင်ကြပါတယ်။ ဒါပေမယ့် သင့်ကလေးဟာ ရိုးရှင်းတဲ့ စာကြောင်းတွေကို မပြောနိုင်သေးဘူးဆိုရင်တောင်မှ သူဟာ သူပြောနိုင်တဲ့ စကားလုံးတွေထက်ပိုပြီး နားလည်နိုင်ပါတယ်။ သင်က ဒီအကြောင်းအရာကို စမ်းသပ်လိုရင် သူ့ကို အိပ်ခန်းထဲကို သွားပြီး ညဝတ်အင်္ကျီကို ယူလာခိုင်းပါ (ဒါမှမဟုတ်သူတစ်ခါမှ မပြောဖူးတဲ့ တခြား ပစ္စည်းတွေကို ယူခိုင်းလို့ရပါတယ်)။ ထူးထူးခြားခြားပါပဲ သူဟာ ထွက်သွားပြီး သင်ယူခိုင်းလိုက်တဲ့ ပစ္စည်းကိုယူပြီး ပြန်လာမှာဖြစ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု
ကလေးဟာ ဒေါင်လိုက် အလျားလိုက် မျဉ်းကြောင်းတွေ၊ တစ်ခါတလေ စက်ဝိုင်းတွေကိုတောင် မပီမသ ဆွဲပြီး အခုအချိန်မှာ အံ့အားသင့်စေပါလိမ့်မယ်။ ဒီပုံတွေဟာ သင့်အတွက်တော့ ရိုးရိုးလေးလို့ထင်ရနိုင်ပေမယ့် အဲ့ဒီလို ပုံဆွဲတာဟာ ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်တာဟာ လမ်းကြောင်းပေါ်ရောက်နေကြောင်း သိနိုင်တဲ့ ပြယုဒ် တစ်ခုပဲ ဖြစ်ပါတယ်။ ရောင်စုံခဲတံတွေနဲ့ ပုံဆွဲတာဟာ ဆုပ်ကိုင်တာတွေ ပါဝင်တဲ့ fine motor skill တွေ ပါဝင်သလို လက်နဲ့ မျက်လုံး ပူးပေါင်းလုပ်ဆောင်တာတွေ စိတ်ကူးအတွေးတွေလည်း ပါဝင်ပါတယ်။ သင့်ကလေး မပီမသရေးခြစ်နေတဲ့ ပုံတွေအထဲမှာ မျဉ်းဖြောင့်တစ်ကြောင်းကိုမှ မမြင်နိုင်သေးဘူးဆိုရင် ဒါမှမဟုတ် ပုံဆွဲဖို့ကို စိတ်ပါဝင်စားတာ မရှိဘူးဆိုရင် စိတ်ပူမစောပါနဲ့ဦး။ အဲ့ဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ ကလေးဟာ ယခုအချိန်မှာ လမ်းလျှောက်တာ၊ ပြေးတာ၊ လှေကားတက်တာ၊ ကစားစရာတွေ သေတ္တာတွေကို တွန်းတာဆွဲတာစတဲ့ လှုပ်ရှားနိုင်မှုစွမ်းရည် ဖွံဖြိုး တိုးတက်ရေး အပေါ်မှာပဲ အာရုံစိုက်နေတာဖြစ်ပါတယ်။
လူမှုရေး-စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု
ကလေးငယ်ရဲ့ အမူအကျင့်အသစ်တွေကို ကြည့်ပါ။ စောင့်ကြည့်ရမယ့် အမူအကျင့်တွေကတော့ သူ့ကို မလုပ်ရဘူးလို့ ပြောထားတဲ့ အရာတွေကို သူကလုပ်ဖို့ ကြိုးစားတာ ဒါမှမဟုတ် သူလိုချင်တာမရခဲ့ရင် ဒေါသစိတ်အလျောက် သူ့ကိုယ်သူ ကြမ်းပြင်ပေါ် ပစ်လဲချတာ မျိုးတွေပါ။ သူ့အလိုဆန္ဒတွေဟာ တစ်ခါတလေ စိတ်ရှုပ်စရာကောင်းသလို တစ်ခါတလေတော့ ရယ်မောစရာဖြစ်နေမှာပါ။ ဥပမာ သူဟာ ပစ္စည်းတစ်ခုကို တကယ်မလိုချင်ပဲနဲ့ သူလိုချင်တာကို ရနိုင်တဲ့ အစွမ်းအစရှိမရှိ သိချင်လို့သင့်ကို တောင်းဆိုတာမျိုး တွေပါ။
Comments