ကလေး နှစ်နှစ်အရွယ်မှာ ဘာတွေဖွံ့ဖြိုးလာမလဲ

by: Phyo Pyae Thu
 0 comments  0 love

မေမေတို့ရေ သားသားမီးမီးလေးတွေ အသက်(၂) နှစ်လောက် အရွယ်မှာ ဘာတွေ ဖွံ့ဖြိုးလာမလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဒါမှ ကလေးလေးရဲ့ဖွံ့ဖြိုးမှုကို သိနိုင်မှာပါ။

လမ်းကောင်းကောင်း လျှောက်တတ်နေပါပြီ(Photo: Pinterest)

မေမေတို့ရဲ့ သားသားမီးမီးလေးအသက်(၂) နှစ်အရွယ်မှာ ဖွံ့ဖြိုးတိုးတက်မှုတွေကလည်း ပိုပြီးတော့ များလာပါပြီ။ ဒီတော့ အသက်နှစ်နှ်စ်အရွယ်မှာ ဘာတွေ ဖွံ့ဖြိုးလာမလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

လမ်းလျှောက်ခြင်း

သားသားမီးမီးလေးတွေ နှစ်နှစ်အရွယ်မှာ လမ်းကောင်းကောင်း လျှောက်တတ်နေပါပြီ။ ဒီအရွယ်မှာ လမ်းကောင်းကောင်း လျှောက်တာက ဖွံ့ဖြိုးမှု တစ်ခုပါပဲ။

ပြေးခြင်း

(၂) နှစ်အရွယ်မှာ ကလေးလေးတွေက ပြေးနိုင်သလောက် စပြေးကြပါပြီ။ သေသေချာချာလေး ထိန်းဖို့တော့ လိုပါတယ်။

ဟိုတက်ဒီတက် တက်ခြင်း

ဒီအရွယ်မှာ သားသားမီးမီးလေးတွေက ပုခက်၊ ပရိဘောဂ၊ လှေကား၊ အမြင့် စတဲ့ တက်လို့ ရသမျှ နေရာတွေ အားလုံးကို စပြီးတက်နေပါပြီ။ အမြဲစောင့်ကြည့်ဖို့လည်း မမေ့ပါနဲ့နော်။

လှုပ်ရှားခြင်း

ဒီအရွယ်မှာ သားသားမီးမီးလေးတွေဟာ  လောကကြီးရဲ့စုပေါင်းလှုပ်ရှားမှုတွေကို စူးစမ်းနေပါပြီ၊ ဘောလုံးတွေလိုမျိုး ပစ္စည်းတွေကို စတင်ကန်ကျောက်တတ်လာပြီ။ ကန်တတ်တာလာဟာ ကလေးငယ်ဖွံ့ဖြိုးမှုမှာ ကြီးမားတဲ့အဆင့်တစ်ဆင့်ပါ။

စားသောက်တတ်ခြင်း

(၂) နှစ်အရွယ်ရောက်လာပြီဆိုရင်တော့ သူတို့လက်လေးတွေနဲ့ ဇွန်းလေးတွေကို သေချာကိုင်တတ်လာပါပြီ။ ရောင်စုံခဲတံတွေကိုင်ပြီး မျဉ်းတွေ လိုင်းတွေ လျှောက်ဆွဲတတ်လာပါပြီ။

စကားပြောနိုင်ခြင်း

(၁၅)လ-(၁၈)လ သားလောက်မှာဆိုရင် စကားလုံးပီပီပြင်ပြင်စထွက်တတ်ပါပြီ။ (၂) နှစ်လောက်ဆိုရင် ဝါကျတိုလေးတွေစပြောနေပါပြီ။

သူငယ်ချင်းရရှိလာခြင်း

အသက်(၂) နှစ်အရွယ်မှာ အိမ်နီးနားတွေနဲ့ မိတ်ဆွေ၊ သူငယ်ချင်းဖွဲ့တတ်လာပါပြီ။ ဒါဟာ သူတို့လေးတွေရဲ့ ဖွံ့ဖြိုးခြင်း မှတ်တိုင်တွေပါပဲ။

ဖွံ့ဖြိုးမှုတွေ ဆက်လက်တိုးတက်ဖို့အတွက်

သားသားမီးမီးလေးတွေ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အစားအစာကလည်း အရေးကြီးပါတယ်။ သားသားမီးမီးလေးတွေကို အာဟာရ မျှတအောင် ကျွေးရမှာပါ။ ပရိုတင်းဓါတ်၊ သံဓါတ်၊ ကယ်လ်စီယမ်ဓါတ် အစရှိသဖြင့် ကျွေးဖို့ မေမေတို့ သတိရပေးနော်။ ကြက်ဥ၊ အသား၊ နွားနို့၊ မုန်လာဥနီ၊ အရွက်မျိုးစုံတို့ဟာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးစေတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x