ကလေးငယ်တွေဟာ နည်းလမ်းအသစ်နဲ့ ကမ္ဘာကြီးကို လေ့လာစူးစမ်းကြပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ကို နည်းလမ်းအသစ်တွေနဲ့ ရွေ့လျားနေစဉ်မှာ သူတို့ ပတ်ဝန်းကျင် ကမ္ဘာကြီးကိုလည်း စူးစူးစိုက်စိုက်ကို သတိထားမိ ကြပါတယ်။ ဒီအသက်အရွယ်မှာ ကလေးငယ်ဟာ တစ်မိနစ်လောက် ပျော်နေတတ်ပြီး ခဏမှာ ဒေါသ အရမ်းကြီး နေတာမျိုးတွေဟာ လုံးဝ ပုံမှန်ပါပဲ။ ဒီပြင်းထန်တဲ့ စိတ်ခံစားချက်တွေဟာ သူတို့ရဲ့ စိတ်ခံစားချက်ကို ထိန်းညှိဖို့ သင်ယူ နေရာကနေ ပေါ်ထွက်လာတာပဲဖြစ်ပါတယ်။ အဲ့လို စိတ်ခံစားချက်တွေဟာ အရွယ်ရောက်ပြီး သူတွေအတွက်တောင် ခက်ခဲတဲ့ တာဝန်တစ်ခုဖြစ်တယ်။
လှုပ်ရှားနိုင်မှုစွမ်းရည်
အသက် ၁၉ လ ဝန်းကျင်မှာ ကလေးအများစု လုပ်ကြတဲ့ ကြီးကြီးမားမားမှတ်တိုင်တစ်ခုကတော့ ရေပုံးလိုမျိုး ထည့်စရာ တစ်ခုကို လက်တစ်ဖက်နဲ့ကိုင် နောက်လက်တစ်ဖက်နဲ့ သစ်သားတုံးလိုမျိုး ပစ္စည်းသေးသေးလေး တွေထည့်ပြီး သွန်ချပစ်တာပါ။ ကလေးဟာ ဆုပ်ကိုင်တာနဲ့ ဖြေလျှော့ နိုင်စွမ်းတွေကို လက်တွေ့လုပ်ဆောင်နေခဲ့ပြီး နောက်ဆုံးမှာ တော့ သူဟာ ဒီအဆင့်သုံးဆင့်ကို ကျွမ်းကျင်နေပါပြီ။ ကလေးတော်တော်များများဟာ ဘလောက်တုံးလေးတွေနဲ့ ဆော့ရတာကို သဘောကျကြပြီး အထူးသဖြင့် အခုလို သူတို့လက်တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်နေတဲ့ အခုလို အချိန်မှာ ဘလော့က်တုံးတွေကို တစ်ခုချင်း အပေါ်ကနေဆင့်တတ်ကြပါတယ်။ ဒါပေမယ့် ဘလော့က်တုံးတွေကို ထည့်စရာ ထဲကနေ သွန်ချတာ၊ သူတို့အားလုံးကို ရိုက်ချတာတွေဟာ ကလေးအတွက် ပျော်စရာအကောင်းဆုံးတွေပါ။
သူ့အတွက် beanbag toss တစ်ခုလုပ်ပေးပါ။ ခြေအိပ်ဟောင်း တချို့ထဲကို မချက်ရသေးတဲ့ ပဲစေ့တွေထည့်ပြီး ခြေအိတ် အဆုံးပိုင်းကို ဖဲကြိုးနဲ့ ချည်ထားပါ။ ပြီးတော့ သင့်ကလေးကို ပစ်ခိုင်းပါ။ ကတ်ထူစက္ကူမှာ အပေါက်ဖောက်ပြီး ပစ်မှတ်တစ်ခု လုပ်ပေးနိုင်ပါတယ်။ ကလေးရဲ့ အင်အားနဲ့ စိတ်အားထက်သန်တာအပေါ်မူတည်ပြီး ဒီလိုလုပ်တာဟာ အပို လုပ်ဆောင်စရာ တစ်ခုပါ။
ဒီအဆင့်မှာ ကလေးတွေဟာ ဘောလုံးတွေ၊ ပဟေဠိတွေ၊ ကားတွေ၊ တိရစ္ဆာန်တွေ၊ တူရိယာ ပစ္စည်းတွေနဲ့ စတင် ထိတွေ့ရပါမယ်။ အရုပ်တွေကို တွန်းတာ၊ဆွဲတာ (ဥပမာ ပေါက်ပေါက်ဆုပ် ဖောက်စက် ဒါမှမဟုတ် ဖုန်စုတ်စက်လိုမျိုး ဟန်ဆောင်တာတွေဟာ ကလေးကို အရမ်းသဘောကျစေပါတယ်။ သင့်ဟာ အသက်ပိုကြီးတဲ့ ကလေးတွေအတွက် ထုတ်ထားတဲ့ အရုပ်တွေကို မှားယွင်းပြီး ဝယ်မိနိုင်ပါတယ်။ သင့်ကလေးအတွက် အရုပ်တွေ ရွေးချယ်တဲ့ အချိန်မှာ အသက် သတ်မှတ် အကြံပြုထားတာတွေကို သတိပြုပါ။ ကိစ္စအများစုမှာတော့ အဲ့ဒီအကြံပြုချက်တွေဟာ အန္တရာယ်မဖြစ်စေဖို့ရယ် ဖွံဖြိုးတိုးတက်ဖို့ သင့်လျော်တဲ့ အချက်တွေကြောင့်ပါ။
စကား သင်ယူတတ်မြောက်နိုင်စွမ်းရည်
ကလေးတစ်ယောက်ပြောနိုင်တဲ့ ဝေါဟာရတွေမှာ စကားလုံး ၁၀ လုံးကနေ အလုံး ၅၀ လောက်ထိ ပါဝင်ပါတယ်။ ကလေးငယ်ဟာ နှစ်လုံးထက်ပိုတဲ့ စကားလုံးတွေကို ဆက်နိုင်ကြပြီး ပြုလုပ်တဲ့ စကားလုံးတွေကို စတင်အသုံးပြုလာကြပါပြီ။ “သွား” နဲ့ “ခုန်” ဆိုတဲ့ ကြိယာတွေဟာ အများဆုံးဖြစ်ပြီး အဲ့ဒီစကားလုံးတွေကို သူ့နာမည်နဲ့ (ဒါမှမဟုတ်နာမ်စား) နဲ့ စပ်ပြီး ”သားသားလာ” ဆိုလိုတာကတော့ “သားသားနဲ့ လိုက်ခဲ့” ဆိုတာမျိုးပဲဖြစ်ပါတယ်။ (သူဟာ စကားစပ်တွေကို အသုံးပြုလာနိုင်ဖို့ လ အနည်းငယ်ကြာပါလိမ့်ဦးမယ်) ၁၉လအရွယ်ကလေးတွေဟာ “အပေါ်”၊ “အောက်”၊ “အပြင်”၊ “အထဲ” စတဲ့ ဦးတည်ရာပြတဲ့ စကားလုံးတွေကိုလည်း ကျွမ်းကျင်နေပါပြီ။
ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု
ဒီလမှာတော့ သင့်ကလေးငယ်ဟာ တစ်နေရာကနေ တစ်နေရာ သွားနိုင်စွမ်းကို ဆက်လက် စမ်းသပ်နေတာကို သင်တွေ့ရမှာဖြစ်ပါတယ်။ သူဟာ နောက်ပြန်လမ်းလျှောက်တာ၊ ဘေးတိုက် လမ်းလျှောက်တာ၊ လှေကား အပေါ်အောက် သွားတာတွေကို နှစ်ခြိုက်နေတတ်ပါတယ်။ ပြီးတော့ သူဟာ ပြေးချင်ပါလိမ့်မယ် ဒါမှမဟုတ်အနည်းဆုံးတော့ ပြေးဖို့ကြိုးစားပါလိမ့်မယ်။ သူဟာ အေးအေးဆေးဆေးပြေးတာထက် စူးစမ်းပြီး ဒုန်းစိုင်းပြေးပါလိမ့်မယ်။ အဲ့ဒါဟာ ပုံမှန်ပါပဲ။ သူဟာ ခဏခဏ ချော်လဲတာကို သင်တွေ့မြင်ရမှာဖြစ်ပြီး အရေးကြီးတဲ့အချက်ကတော့ သူ့အတွက် အန္တရာယ်ကင်းကင်း ပြေးနိုင်ဖို့ နေရာတွေ လုပ်ပေးတာပါပဲ။ သူဟာ သူ့ကိုယ်သူ ကောင်းကောင်းမထိန်းနိုင်သေးဘူးဆိုရင် ကော်ဖီစားပွဲတွေ မီးလင်းဖိုတွေရဲ့ ထောင့်စွန်းတွေကို ဖော့အုပ်ပေးထားပါ။ သင့်ကလေးငယ်ဟာ အကွာအဝေးတွေကို မသိသေးတာ ပြီးတော့ သူလိုအပ်ရင် လိုအပ်သလို ပြေးရာကနေ တန်းမရပ်နိုင်တာတွေကို သင်သတိရပါ။ ဒါ့ကြောင့် လှေကားထိပ်နဲ့ အောက်ခြေမှာရှိတဲ့ ဂိတ်တွေက သူ့ကို ပြုတ်ကျမယ့် အန္တရာယ်ကနေ ကာကွယ်ပေးပါလိမ့်မယ်။
လူမှုရေး-စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု
သင့်ကလေးဟာ သင်လုပ်သမျှကို (အထူးသဖြင့် အရေးကြီးတယ်ထင်ရတဲ့ အရာတွေကို) စိတ်ဝင်စားလေ့ရှိပြီး လိုက်လံ အတုယူကာ လေ့လာတတ်မြောက်ကြောင်းကို သင်တွေ့ရှိထားပြီးဖြစ်ပါတယ်။ သူဟာ သင့်ကို ကားကူဆေးတာမျိုး ပန်းကန်ကူဆေးတာမျိုး အဝတ်တွေ ကူခေါက်ပေးတာမျိုး အစရှိတာတွေ ကူလုပ်ပေးဖို့ ကြိုးစားပါလိမ့်မယ်။ သင်သိတဲ့ အတိုင်းပဲ သူ့ကူညီချင်တဲ့ ဆန္ဒဟာ သူလုပ်ကိုင်နိုင်တဲ့ စွမ်းရည်ထက် ပိုကြီးမားပါတယ်။ ဒါပေမယ့် သင်ဟာ သူ့ အကူအညီမလိုဘူးလို့ ငြင်းဆိုတိုင်း သူက “သားသားလုပ်ချင်တယ်” ဆိုပြီး ပိုလုပ်ချင်ပါလိမ့်မယ်။ ဒါ့ကြောင့် သူ့ကို ဟန်ဆောင်ပြီးလုပ်ခိုင်းဖို့ နည်းလမ်းတွေ ရှာဖွေရတာဟာ သင့်အတွက် စိန်ခေါ်တာတစ်ရပ်ပါ။ ကလေးငယ်တွေဟာ ဆော့ကစားတာနဲ့ အလုပ်လုပ်တာရဲ့ ခြားနားချက်ကို မသိပါဘူး။ ဒါ့ကြောင့် သူဟာ သင့်ကို ကူညီလုပ်ကိုင်ပေးဖို့ စိတ်အားထက်သန်နေရင် သူ့ကို သင့်အား ကူညီဖို့ အားပေးပါ။
Comments