(၁၄) လအရွယ်ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်ခြင်း

by: Khin Nyein Lwin
 0 comments  2 love

(၁၄)လအရွယ်မှာ တခြားကလေးတွေကို အရုပ်တွေလိုမျိုး တွန်းလို့၊ ဆွဲလို့၊ ပုတ်လို့၊ တို့လို့ရမယ်လို့ ထင်နေပါတယ်။ အရေးကြီးတဲ့အရာကတော့ သူ့ရဲ့အလိုဆန္ဒပါပဲ။

မိဘရဲ့ ထိန်းကျောင်းမှုစတင်ဖို့ အချိန်ရောက်ပါပြီ။ (၁၄)လအရွယ် ကလေးဖွံ့ဖြိုးတိုးတက်မှုဟာ အကန့်အသတ်တွေ ရှိလာပြီး ထွေးပွေ့တာတွေ အနမ်းတွေပါ ပါဝင်လာပါပြီ။ သင့်ကလေးဟာ အခုအချိန်မှာ ဘာရင်ခုန်စိတ်လှုပ်ရှားစရာ အရာတွေ လုပ်နိုင်နေပြီလဲဆိုတာ ရှာဖွေကြည့်ရအောင်။

 ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှု

သင့်ကလေးဟာ ရက်သတ္တပတ် အတော်ကြာ ဒါမှမဟုတ် လအတော်ကြာ ကတည်းက လမ်းလျှောက်နေခဲ့တယ်ဆိုရင် သင့်ကလေးရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု နဲ့ မြဲမြံမှုတို့ဟာလည်း တစ်ရက်ပြီးတစ်ရက် တိုးပွားလာခဲ့ပါတယ်။ သူဟာ လမ်းစလျှောက်တာ ရပ်လိုက်တာကို အေးအေးဆေးပဲ လုပ်နိုင်လာတာမျိုးတွေ လဲကျတာမျိုးမရှိပဲ အရုပ်ကို ကုန်းကောက်နိုင်တာမျိုးတွေကို သင်တွေ့နေရပြီလား။ ၁၄ လသား တွေဟာ အရာဝတ္ထုတွေကို တစ်နေရာကနေ တစ်နေရာ ရွေ့ရတာမျိုးတွေကို နှစ်သက်ပါတယ်။ သူတို့ဟာ သေတ္တာဘူးခွံတွေ၊ အဝတ်ခြင်းတောင်းတွေကို အခန်းထဲ လျှောက်တွန်းနေရတာကိုလည်း ပင်ပန်းဟန်မရှိပါဘူး။ ကလေးဟာ သူ့ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ဆန်းသပ်နေတာမျိုးတွေကို သင်တွေ့ရှိလာရပါလိမ့်မယ်။ သူဟာ ကြမ်းပြင်ပေါ် ဒါမှမဟုတ်ထိုင်ခုံပေါ်မှာ ဒူးထောက်တာမျိုး ဒါမှမဟုတ် လှေကားထစ်ပေါ် တက်ဖို့ ကြိုးစားတာမျိုး ဒါမှမဟုတ် ကော်ဖီစားပွဲပေါ် တက်တာမျိုး တွေကိုလည်း ကြိုးပမ်းပါလိမ့်မယ်။ သူ့ရဲ့ စူးစမ်းလိုစိတ်တွေဟာ သူ့ရဲ့ လုပ်နိုင်စွမ်းတွေထက် ပိုပြီး သူ့ရဲ့ ရှာဖွေသင်ယူတာတွေကို အနီးကပ် ထိန်းကွပ်ချုပ်ကိုင်ပါတယ်။

သင့်ကလေးငယ်က သင့်ဆီ ဘောလုံးတည့်တည့် လှိမ့်နိုင်ကောင်း လိမ့်နိုင်ပါတယ်။ ပြီးတော့ သူ အဲ့ဒီ ဘောလုံးကို သူ့ဆီ ပြန်လှိမ့်ပေးလိုက်ရင်လည်း သူပြန်ကောက်ပါလိမ့်မယ်။ သူနဲ့ တည့်တည့် ကြမ်းပြင်ပေါ်မှာ ထိုင်ပါ။ သူဟာ ဒီ ဘောလုံးပစ်တဲ့ ကစားနည်းကို အနည်းဆုံး ငါးမိနစ်လောက် စိတ်ဝင်တစား ကစားပါလိမ့်မယ်။ ဘောလုံး လှိမ့်တာ ပစ်တာဟာ သူတို့အရွယ်တွေအတွက် အတော်အတန် ရှုပ်ထွေးတဲ့ အတွက်ကြောင့် သင့်ကလေးက ဘောလုံးကို သင့်ဆီ တည့်တည့် မပစ်နိုင်သေးဘူးဆိုရင်လည်း မစိုးရိမ်ပါနဲ့။ ဒီလိုမျိုး အရာဝတ္ထုတွေ လူတွေ ပါဝင်တဲ့ ကစားနည်းဟာ သင့်ကလေး လေ့လာတွေ့ရှိဖို့ လိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုရဲ့ အစိတ်အပိုင်းတွေပါ။

သင့်ကလေးက လမ်းမလျှောက်တတ်သေးဘူးဆိုရင် သူ့ကို အချိန်ပေးပါ။ သင်မသိလိုက်ခင်အချိန်ခဏလေးမှာတင် သင်ဟာ သူ့ကို တစ်အိမ်လုံးပတ်ဖမ်းနေရပါလိမ့်မယ်။ ၉လ အရွယ်မှာ စပြီး လမ်းလျှောက်စောတာနဲ့ ၁၈ လအရွယ်မှ လမ်းလျှောက်နောက်ကျတာမျိုးက ပုံမှန်သာဖြစ်ကြောင်း သတိရပါ။

စကားသင်ယူနိုင်စွမ်း

ကလေးငယ်ဟာ သူပြောနိုင်တဲ့ စကားလုံးတွေထက်ပိုပြီး တခြားစကားလုံးများကို နားလည်နေပါပြီ။ သူပြောနိုင်တဲ့ ဝေါဟာရတွေအဖြစ် စကားလုံး သုံးလုံးကနေ ငါးလုံးအထိ ပြောနိုင်နေပါပြီ။ အဓိကအားဖြင့် “ဖေဖေ”၊ “မေမေ” ပြီးတော့ “ဘောလုံး” ဒါမှမဟုတ် “ခွေး” စတဲ့ တခြားရိုးရိုးရှင်းရှင်း စကားလုံးတွေဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ စကားလုံး အသစ်တွေနဲ့ အဓိပ္ပါယ်တွေကို နေ့စဉ်လေ့လာနေတာပါ။ သူဟာ စကားလုံးအသစ်တွေ ရလာပြီးတိုင်း အဲ့ဒီစကားလုံးအသစ်တွေကို လေ့ကျင့်ဖို့ အခွင့်အရေးကို ရှာဖွေနေကြောင်း သတိထားမိပါလိမ့်မယ်။ ကလေးဟာ “ခွေး” ဆိုတဲ့ စကားလုံးကို ပြောနိုင်လိုက်တာနဲ့တစ်ပြိုင်နက် သူဟာ ခွေးကို လက်ညှိုးထိုးပြီး “ခွေး”ဆိုတဲ့ စကားလုံးကို ထပ်ခါထပ်ခါ ပြောနိုင်ဖို့အတွက် စာအုပ်တွေ၊ အပြင်တွေ၊ ဗွီဒီယိုတွေထဲ ခွေးသတ္တဝါကို လိုက်ရှာပါလိမ့်မယ်။

လှုပ်ရှားနိုင်မှုစွမ်းရည်

 လဲကျတာမရှိပဲ လမ်းလျှောက်နိုင်ပြီး တစ်ခုခုကို တွယ်ကုတ်တက်ဖို့ စတင်ကြိုးစားနေပြီဆိုရင် သူ့အတွက် တံတားလေးတစ်ခုကို တပ်ဆင်ပေးလိုက်ပါ။ သစ်အချောသား တစ်ခုကိုယူပါ။ (သူက ဒီဟာနဲ့ အမြဲလိုလို ကစားဖြစ်ပါတယ်ဆိုလျှင် သစ်သားရဲ့ ထောင့်ချိုးတွေ အဆုံးပိုင်းတွေကို ချောမွတ်အောင်လုပ်ထားပါ) ဥပမာ ၂ပေx၄ပေ ရှိပြီး အရှည် ၄ ပေရှိတဲ့ သစ်သားတုံးကို ကြမ်းပြင်ပေါ် ချထားပါ။ သင့်ကလေး သစ်သားတံတားလေးပေါ် ဖြတ်လျှောက် တဲ့အခါ သင့်ကလေးငယ်ရဲ့ လက်ကလေးကို ကိုင်ပေးထားပါ။ ခြေကို ရှေ့နောက်တစ်တန်းတည်းထားပြီး လှမ်းတာမျိုးဟာ သူ့ရဲ့ ကိုယ်ဟန်ကို ကောင်းကောင်းမွန်မွန် ချိန်ညှိစေပါတယ်။ တံတားလေးရဲ့ အဆုံးနှစ်ဖက်မှာ ခေါင်းအုံးထားပေးထားရင် သူပြုတ်ကျတဲ့အခါတောင် သူ့အတွက် ပျော်စရာကောင်းစေမှာပါ။

ကလေးကို ခုန်ချတဲ့ အလေ့အကျင့်ရှိအောင် လုပ်နိုင်ပါတယ်။ နူးညံ့တဲ့ ခေါင်းအုံးလေးတွေကို စုပုံထားပြီး အဲ့အပေါ်မှာ သူရပ်နိုင်တဲ့ ပြန်လဲချနိုင်တဲ့ “pillow jump” လေးတစ်ခုလုပ်ထားပေးပါ။ (သူဘယ်လိုလုပ်ရတယ်ဆိုတာ သိအောင် သင့်ကိုယ်တိုင် အကြိမ်အနည်းငယ် သူ့ရှေ့မှာ လုပ်ပြပေးပါ၊ သူ ဒီဟာကို လုပ်ရတာ အရမ်းသဘောကျ ပါလိမ့်မယ်)။ သူဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ တိုးလာတဲ့အခါ ပြေးအရှိန်ယူပြီး ခေါင်းအုံးပုံ ပေါ်ကို ပစ်လှဲချ ပါလိမ့်မယ်။ ဒီလိုမျိုးလုပ်နိုင်တဲ့ မှတ်တိုင်ရောက်အောင် မလောပါနဲ့။ ကလေးငယ်က သူ့ဘာသာ မသွားမလာ နိုင်တာကို စိတ်အနှောင့်အယှက်ဖြစ်နေရင် သူ့ကို Stable Push Toy (အနောက်ဖက်မှာ ဒုတ်တံအရှည်ပါတဲ့ လက်တွန်းကား)ကို အသုံးပြုစေတာက သူလမ်းကောင်းကောင်းလျှောက်နိုင်ဖို့ အကူအညီပေးပါလိမ့်မယ်။ သင့်ကလေး အတွက် ခေါင်းအုံးအပုံ လုပ်ပေးတာ အေရိုးဗစ်လေ့ကျင့်ခန်းမှာသုံးတဲ့ အတုံးလို သေတ္တာအနိမ့်တစ်ခုကို သူတွယ်တက်ဖို့ လုပ်ပေးတာမျိုးတွေဟာ ကလေးရဲ့ လှုပ်ရှားနိုင်မှုစွမ်းရည် တိုးတက်ဖို့ အတွက် အကူအညီပေးပါတယ်။

အိမ်ကို ကလေးအတွက် ထိခိုက်မှုမရှိအောင် မလုပ်ရသေးရင် သေချာလုပ်လိုက်ပါ။ ကလေးဟာ သူ့ကိုယ်သူ ထိခိုက်တာ မဖြစ်စေရအောင် ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ သင့်အိမ်ရဲ့ အခန်းတိုင်းကို လေးဘက်ထောက် လှည့်လည်ပြီး ဘယ်လိုအရာမျိုးတွေက သင့်ကလေးကို ဒုက္ခပေးနိုင်သလဲဆိုတာကို သင်ကိုယ်တိုင် ရှာဖွေပါ။ ကွန်ပျူတာစနစ်နဲ့ ဖွင့်ရတဲ့တံခါးများများကို လှေကားထိပ်တွေမှာ တပ်ဆင်တာ၊ လျှပ်စစ်မီးပလက်ပေါက်တွေကို ပလက်ထိုးထားတာ၊ ကလေးလှမ်းမီတဲ့ စားပွဲလို အမြင့်နေရာမျိုးတွေမှာ ကွဲရှစေနိုင်တဲ့ ပစ္စည်းတွေထားတာကို ဖယ်ရှား တာမျိုး အစရှိတာတွေ လုပ်ဆောင်ပါ။ သင့် ရေအပူပေးစက်ကို အပူချိန် ၁၂၅ ဒီဂရီ ဖာရင်ဟိုက်ထက် ပိုမထားမိပါစေနဲ့။

လူမှုရေး-စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု

(၁၄)လသားအရွယ် ကလေးတစ်စုကို ပန်းခြံထဲမှာ ရှာကြည့်လိုက်ပါ။ သူတို့ဟာ အခြေခံအားဖြင့် တစ်ယောက်တည်း နေကြတာကို သင်သတိထားမိပါလိမ့်မယ်။ အချင်းချင်းပြောဆိုဆက်သွယ်ကြတာဟာ ကလေးတွေလုပ်တဲ့ အရာတော့ မဟုတ်ကြပါဘူး။ သူတို့ဟာတစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်တာမလုပ်ကြပဲ သူတို့ အချင်းချင်း ဘေးတိုက်အပြိုင် ကစားနေကြတာရယ် တခြားကလေးဆော့နေတဲ့ အရာတစ်ခုခုကို လုယူတာရယ် ကလွဲရင် တခြားဘာကိုမှ မလုပ်တတ် ကြပါဘူး။

ဒါဟာ သင့်အတွက်တော့ စိတ်အလိုမကျစရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမာန်အပြုအမူ တစ်ခု သက်သက်သာ ဖြစ်ပါတယ်။ ဒီအသက်အရွယ်မှာ သင့်ကလေးဟာ သူ့ကစားဖော်တွေကို သူငယ်ချင်းမိတ်ဆွေတွေ အဖြစ်သာမက လူတွေလို့တောင်မှ မတွေးတတ်သေးပါဘူး။ သင့်ကလေးစိတ်ထဲမှာတော့ သူတို့တွေဟာ အရာဝတ္ထု သက်သက်ပါ။ ၁၄လအရွယ်မှာ သင့်ကလေးဟာ သူ့ကမ္ဘာရဲ့ အလယ်မဏ္ဍိုင်ပါပဲ။ သူဟာ တခြားကလေးတွေကို အရုပ်တွေလိုမျိုး တွန်းလို့၊ ဆွဲလို့၊ ပုတ်လို့၊ တို့လို့ရမယ်လို့ ထင်နေပါတယ်။ သူ့အတွက် တစ်ခုတည်းသော အရေးကြီးတဲ့အရာကတော့ သူ့ရဲ့အလိုဆန္ဒပါပဲ။ ဒါဟာ တစ်ကိုယ်ကောင်းဆန်တာတော့မဟုတ်ပါဘူး။ ဒါဟာ သူ့အရွယ် ကလေးတိုင်း ကမ္ဘာကြီးကို မြင်တဲ့ ပုံသာဖြစ်ပါတယ်။

From Kalay with


Comments

0 comments
Latest video