ပိတ်ရက်တွေမှာ ကလေးငယ်တွေနဲ့အတူတူ အချိန်ဘယ်လိုကုန်ကြမလဲ

by: Nang Htwe
 0 comments  0 love

စနေတနင်္ဂနွေ ပိတ်ရက်လေးတွေဟာဆိုရင် ကလေးငယ်အတွက်ကော မေမေဖေဖေတို့အတွက်ပါ ပျော်ရွှင်တဲ့နေ့လေးတွေဖြစ်ကြပါတယ်

စနေ၊ တနင်္ဂနွေ ပိတ်ရက်လေးတွေဟာဆိုရင် ကလေးငယ်အတွက်ကော မေမေဖေဖေတို့အတွက်ပါ ပျော်ရွှင်တဲ့နေ့လေးတွေဖြစ်ကြပါတယ်။ မိသားစုတွေ တစ်နေကုန် စုံစုံညီညီရှိတဲ့ နေ့လေးတွေလို့ ပြောလို့ရပါတယ်။ ဒီလိုမိသားစုတွေ စုံစုံလင်လင်ရှိတဲ့အချိန်ကို အကျိုးရှိရှိဖြစ်နေစေဖို့ အတွက်

စနေတနင်္ဂနွေ ပိတ်ရက်လေးတွေဟာဆိုရင် ကလေးငယ်အတွက်ကော မေမေဖေဖေတို့အတွက်ပါ ပျော်ရွှင်တဲ့နေ့လေးတွေဖြစ်ကြပါတယ် (Photo by shutterstock.com)

(၁) ဟင်းအတူတူချက်ပါ

မေမေဖေဖေတို့ ဟင်းချက်တဲ့အခါ ကလေးငယ်ကိုလည်းခေါ်ပါ။ ကလေးငယ် တတ်နိုင်တဲ့ မီးဖိုချောင်ကိစ္စတွေကို ကူညီခိုင်းပါ။ မုန့်အတူတူလုပ်စားတာ၊ ဟင်းသီးဟင်းရွက်သန့်စင်ပေးတာ၊ ပန်းကန်ကူဆေးပေးတာနဲ့ အမှိုက်လွှင့်ပစ်တာတွေ ပြုလုပ်ပေးနိုင်ပါတယ်။

(၂) တီဗီကြည့်ပါ

သားသားမီးမီးလေးတွေနဲ့ အတူတူ မေမေဖေဖေတို့ တီဗီကြည့်ပါ။ သားသားလေးတွေနဲ့ ဖေဖေတို့ကတော့ ဘောလုံးပွဲအတူတူကြည့်နိုင်ပါတယ်။

(၃) ကစားခြင်း

ကလေးငယ်နဲ့အတူတူ ကစားခြင်းဖြင့်လည်း အချိန်အတူတူကုန်ဆုံးနိုင်ပါတယ်။ မေမေက ထမင်းချက်နေတယ်ဆိုရင် ဖေဖေက ကလေးငယ်နဲ့အတူတူ အရုပ်လေးတွေနဲ့ ကစားပါ။

(၄) သီချင်းဆိုပါ

ပိတ်ရက်မှာ ကလေးငယ်နဲ့အတူတူ မိသားစု သီချင်းဆိုတာမျိုးပြုလုပ်ပါ။ အိမ်မှာပဲ ကာရာအိုကေ ဆိုပါ။

(၅) ပြတိုက်

ကလေးငယ်တွေ ဗဟုသုတ တိုးပွားစေဖို့ ရှေးဟောင်းပြတိုက်တွေဆီကို လိုက်ပို့ပေးနိုင်ပါတယ်။

Image result for 10 Ways to Spend Quality Time With Your asian Kids on Weekends

ပန်းခြံ၊ ဥယျာဉ်တွေဆီကို မိသားစုလိုက် ပျော်ပွဲစားထွက်တာ၊ လမ်းလျှောက်ထွက်တာမျိုး ဖန်တီးပေးနိုင်ပါတယ် (Photo by theAsianparent)

(၇) တိရစ္ဆာန်ရုံ

ပိတ်ရက်မှာ သားသားမီးမီးလေးတွေကို တိရစ္ဆာန်ရုံ လိုက်ပို့ပေးနိုင်ပါတယ်။ ဖေဖေတို့က တိရစ္ဆာန်လေးတွေရဲ့နာမည်ကို သားသားမီးမီးလေးတွေသိအောင် ပြောပြနိုင်ပါတယ်။

(၈) ဥယျာဉ်

ပန်းခြံ၊ ဥယျာဉ်တွေဆီကို မိသားစုလိုက် ပျော်ပွဲစားထွက်တာ၊ လမ်းလျှောက်ထွက်တာမျိုး ဖန်တီးပေးနိုင်ပါတယ်။

(၉) စွန့်စားခန်း

အိမ်မှာပဲ ကလေးငယ်တွေ စွန့်စားခန်းထွက်နိုင်အောင် လေ့ကျင့်ပေးနိုင်ပါတယ်။ ရတနာသိုက်ရှာပုံတော် ကစားနည်းလိုမျိုး အိမ်မှာပစ္စည်းတွေဖွက်ပြီး သက်သေ တစွန်းတစ ထားကာ မိသားစုလိုက် ရှာဖွေဆော့ကစားနိုင်ပါတယ်။

ပိတ်ရက်မှာ သားသားမီးမီးလေးတွေနဲ့ မိသားစုအတူတူ အချိန်ကို အကျိုးရှိရှိ ကုန်ဆုံးနိုင်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

From Kalay with

Tag: KidsQuality TimewaysWeekends

Comments

0 comments
Latest video
Refer to more useful articles
x