ဆော့ကစားနေရင်း သင်ယူမှုတွေပြုလုပ်နေတဲ့ အရွယ်

by: Nang Htwe
 0 comments  1 love

ဆော့ကစားတာက ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်သလို ဖြစ်ပြီး ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုပါတယ်။

အသက်(၃)နှစ်အထက် သားသားမီးမီးလေးတွေဟာ ကိုယ်တိုင်လည်းကစားကြသလို၊ သူငယ်ချင်းတွေနဲ့လည်း ဆော့ကစားကြပါတယ်။ ကလေးငယ်တွေ ဆော့ကစားတာကို ဘာကြောင့် မေမေဖေဖေတို့က အားပေးသင့်တာလဲ။ ကလေးငယ်တွေ ဆော့ကစားခြင်းဖြင့် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို Kalay ကနေ ပြောပြပေးမယ်နော်။

ကစားခြင်းဖြင့် သင်ယူမယ်

ကလေးငယ်တွ ဆော့ကစားခြင်းဖြင့် ရလာနိုင်တဲ့ တန်ဖိုးတွေကို လျှော့တွက်လို့မရပါဘူး။

  • အမြင်စွမ်းရည်
  • ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်
  • ဝေါဟာရ ကျွမ်းကျင်မှု
  • လူမှုကျွမ်းကျင်ရေးနဲ့
  • သင်ယူနိုင်စွမ်းတွေ တိုးတက်လာဖို့ အထောက်အကူပြုပါတယ်။
Image result for 3 years kids plays

ကစားနည်းအမျိုးမျိုးရှိပါတယ် (Photo by Fisher-Price)

ကျန်းမာရေး

ကစားခြင်းဖြင့် ကျန်းမာရေးကောင်းမွန်စေပြီး ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။

ဖိအား

ကလေးငယ်တွေမှာလည်း ဖိအားတွေရှိပါတယ်။ ဆော့ကစားခြင်းဖြင့် ဖိအားတွေကို ခံနိုင်ရည်ရှိလာပါတယ်။

ထိတွေ့မှုများ

ကစားနည်းအမျိုးမျိုးရှိပါတယ်။ ပတ်ဝန်းကျင်နဲ့ ကလေးငယ်တွေ ပိုပြီး ထိတွေ့လို့ရစေပါတယ်။ အရုပ်တွေ၊ ပြဇာတ်တွေ၊ သချာင်္တွေနဲ့ ဂီတတွေနဲ့ ကလေးငယ် ရင်းနှီးလာစေပါတယ်။ ဒါကြောင့် မူကြိုတွေနဲ့ pre school တွေမှာ ဒီသင်ခန်းစာတွေကို အဓိကထား ထည့်သွင်းပေးကြတာကို တွေ့ရပါတယ်။

ဖွံ့ဖြိုးမှု

ဆော့ကစားခြင်းဖြင့် ကလေးငယ်တွေရဲ့ ဘာသာစကား၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုတက်မှုအတွက် အထောက်အကူပြုပါတယ်။

လေ့ကျင့်ခန်း

ဆော့ကစားတာက ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်သလို ဖြစ်ပြီး ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုပါတယ်။

ပြင်ပ

မြေကြီးပေါ် ကစားခြင်း ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အတူတူကစားတာက ပြင်ပအတွေ့အကြုံတွေရစေပြီး ပျော်စရာအမှတ်တရတွေ တိုးလာစေပါတယ်။

ဆော့ကစားခြင်းဖြင့် ကလေးငယ်က သင်ယူပါတယ် (Photo by brit)

သင်ယူ

ဆော့ကစားခြင်းဖြင့် ကလေးငယ်တွေက သင်ယူမှုတွေ ပြုလုပ်ကြပါတယ်။

ဝါသနာ

ကလေးငယ်တွေ ကစားခြင်းဖြင့် သူတို့လေးတွေရဲ့ ဝါသနာကို သိလာစေပါတယ်။

အထောက်အကူ

ဆော့ကစားခြင်းက ကလေးငယ်တွေရဲ့ သင်ယူနိုင်စွမ်းကို အထောက်အကူပြုပါတယ်။

ကစားခြင်းဟာ သားသားမီးမီးလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုတဲ့အပြင် သင်ယူနိုင်စွမ်းကိုလည်း တိုးတက်စေနိုင်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: baby and childknowPlay

Comments

0 comments
Latest video
Refer to more useful articles
x