မေမေဖေဖေတို့က သားသားမီးမီးလေးတွေကို နေ့တိုင်းပွေ့ဖက်ပေးပါ

by: Nang Htwe
 0 comments  0 love

ကလေးငယ်မှာ စိုးရိမ်စိတ်ရှိနေပါတယ်။ ပွေ့ဖက်ခြင်းဖြင့် မေမေတို့ရဲ့ စာနာစိတ်ကို ကလေးငယ်က သိရှိပြီး စိုးရိမ်စိတ်တွေ နည်းသွားစေပါတယ်။

သားသားမီးမီးလေးတွေကို နေ့တိုင်းပွေ့ဖက်ပေးသင့်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ကလေးငယ်နဲ့ မေမေဖေဖေတို့ ပွေ့ဖက်နှုတ်ဆက်ကြပါတယ်။ နေ့တိုင်း ပွေ့ဖက်ဖို့အတွက်ကတော့ မေမေတို့အတွက် စိမ်းနေပါလိမ့်မယ်။ မတွေ့တာကြာတဲ့အခါ ဒါမှမဟုတ် ကလေးငယ်ကို ချော့တဲ့အခါမှသာ ပွေ့ဖက်တာမျိုး ပြုလုပ်ကြပါတယ်။ သာမန်အချိန်တွေမှာတော့ မပြုလုပ်ကြပါဘူး။ တချို့ကလည်း ဒီလိုပွေ့ဖက်တာကို အလိုလိုက်တာနဲ့ မှားကြပါတယ်။ သားသားမီးမီးလေးတွေကို နေ့တိုင်း ပွေ့ဖက်ပေးဖို့ လိုအပ်ပါတယ်။ သားသားမီးမီးလေးတွေကို နေ့တိုင်းပွေ့ဖက် ပေးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို Kalay ကနေ ပြောပြပေးမယ်နော်။

သားသားမီးမီးလေးတွေကို နေ့တိုင်းပွေ့ဖက်ပေးသင့်ပါတယ် (Photo by Parenting For Brain)

မျှဝေပေးခြင်း

ကလေးငယ်နဲ့ မေမေဖေဖေတို့ မကြာခဏ ပွေ့ဖက်ပေးတာက တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး သံယောဇဉ် ခိုင်မြဲစေပါတယ်။ ချစ်ခြင်းတွေ ပိုပြီး နားလည်စေပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စာနာမှုတွေ ပိုပြီး ရှိလာစေပါတယ်။

ပေးကမ်းခြင်းနဲ့ လက်ခံခြင်း

ကလေးငယ်တွေဟာ သူတို့ရဲ့ ကစားစရာအရုပ်တွေကို သူငယ်ချင်းတွေနဲ့ အတူတူဆော့ဖို့ နှမြောတတ်ပါတယ်။ ကလေးငယ်အချင်းချင်း ပွေ့ဖက်နှုတ်ဆက်စေခြင်းက ကိုယ့်မှာရှိတဲ့ ကစားစရာအရုပ်တွေကို ဝေမျှ ကစားနိုင်လာပြီး တဖက်သားကို နားလည်ပေးနိုင်တဲ့ ခံစားချက်တွေ ရစေပါတယ်။

ကြွက်သား

ပွေ့ဖက်ခြင်းကြောင့် ကြွက်သားတင်းမာတာတွေ ပြေလျှော့သွားပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။

စိတ်ဖိစီးမှုများ

သားသားမီးမီးလေးတို့မှာလည်း အသက်အရွယ်အလိုက် စိတ်ဖိစီးမှုတွေရှိပါတယ်။ မေမေဖေဖေတို့က သားသားမီးမီးလေးတွေကို ပွေ့ဖက်ခြင်းရဲ့ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်မှု ပိုကောင်းလာပါတယ်။ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။

ပွေ့ဖက်ခြင်းကြောင့် ကြွက်သားတင်းမာတာတွေ ပြေလျှော့သွားပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ် (Photo by ParentMap)

ကိုယ်ခံစွမ်းအား

ပွေ့ဖက်ခြင်းက ကိုယ်ခံအားစနစ်ကို တိုက်ရိုက်သက်ရောက်မှုတွေရှိစေပါတယ်။ ဖိအားတွေကို သက်သာစေပြီး thymus gland တွေကို လှုံ့ဆော်ပေးပါတယ်။ ရောဂါကူးစက်တာနဲ့ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးပါတယ်။

ဒေါသ

ရိုးရှင်းတဲ့ ပွေ့ဖက်ခြင်းတွေက အမျက်ဒေါသတွေကို နည်းသွားစေပါတယ်။

စည်းကမ်း

မေမေဖေဖေတို့နဲ့ မကြာခဏ ပွေ့ဖက်ပေးတဲ့ ကလေးငယ်တွေဟာ စည်းကမ်းကောင်းမွန်လာပါတယ်။ ဆုံးမမှုတွေ ပြုလုပ်ရတာ ပိုလွယ်ကူလာပါတယ်။ မေမေဖေဖေတို့ရဲ့ ဆုံးမစကားကိုလည်း နားထောင်လာပါတယ်။

စာနာစိတ်

ကလေးငယ်မှာ စိုးရိမ်စိတ်ရှိနေပါတယ်။ ပွေ့ဖက်ခြင်းဖြင့် မေမေတို့ရဲ့ စာနာစိတ်ကို ကလေးငယ်က သိရှိပြီး စိုးရိမ်စိတ်တွေ နည်းသွားစေပါတယ်။

ကြောက်ရွံ့ခြင်း

မေမေဖေဖေတို့နဲ့ ကလေးငယ် မကြာခဏ ပွေ့ဖက်ခြင်းက ကလေးငယ်ရဲ့ ကြောက်စိတ်တွေ နည်းသွားပြီး နေထိုင်ရတာ ပိုကောင်းမွန်လာစေပါတယ်။

လုံခြုံရေး

ကလေးငယ်ရဲ့ စိတ်လုံခြုံမှု ပိုရရှိစေပါတယ်။

သားသားမီးမီးလေးတွေရဲ့ စိုးရိမ်စိတ်၊ လုံခြုံမှု၊ စည်းကမ်းနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု ကောင်းမွန်လာဖို့အတွက် မေမေဖေဖေတို့က မကြာခဏ ပွေ့ဖက်ပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

 

From Kalay with

Tag: everydayHugkidreasons

Comments

0 comments
Latest video
Refer to more useful articles
x