ရွယ်တူကလေးတွေထက် ကိုယ့်ကလေးငယ် အစစအရာရာသာနေအောင်

by: Nang Htwe
 0 comments  0 love

Life skills ပြည့်ဝတဲ့ သားသားမီးမီးလေးတွေဟာဆိုရင် သူတို့လေးတွေရဲ့ ဘဝတစ်လျှောက် တခြားသူတွေထက် အစစအရာရာ သာလွန်နေမှာဖြစ်ပါတယ်နော်

Life skills လို့ခေါ်တဲ့ ဘဝနေထိုင်နည်းကို သူ့ဘာသာသူသိသွားတာထက် ငယ်စဉ်ကတည်းက စနစ်တကျသင်ကြားပေးတာ ပိုပြီး အားသာစေပါတယ်။ တခြားကလေးငယ်ထက် ကိုယ့်ကလေးငယ်ပိုတော်စေချင်တယ်ဆိုရင်တော့ ငယ်စဉ်ကတည်းက Life skills တွေကို သင်ပေးထားသင့်ပါတယ်။ Life skills ကို စနစ်တကျ သင်ကြာပေးမယ်ဆိုရင် ဆယ်ကျော်သက်အရွယ်နဲ့ လူကြီးဖြစ်လာတဲ့အခါမှာ အလွန်အထောက်အကူပြုပါတယ်။

Image result for asian kids cleaning

တံမြက်စီးလှဲတာ၊ ပန်းကန်ဆေးတာ၊ ဟင်းသီးဟင်းရွက်ကူချွေပေးတာမျိုး စတဲ့ အကူအညီတွေ သားသားမီးမီးလေးတွေဆီကနေ ရလိုတယ်ဆိုရင် အခုအရွယ်ကတည်းက သင်ကြားပေးသင့်ပါတယ် (Photo by EM生活)

Life skills ဆိုတာဘာလဲ။ ဘယ်အရွယ်ကတည်းက သင်ကြားပေးသင့်လဲ။ Life skills တော်တော်များများကို ကျောင်းက သင်ကြားမပေးပါဘူး။ မိဘတွေ သင်ကြားပေးရမယ့် အရာတွေဖြစ်ပါတယ်။ အသက်(၄)နှစ်ကစပြီး သင်ကြားပေးလို့ရပါပြီ။

မေမေတို့ သင်ကြားပေးရမယ့် Life skills များ

(၁) အဝတ်အစားရွေးချယ်နည်း

အဝတ်အစားလိုက်ဖက်ညီအောင် ဘယ်လိုရွေးချယ်ဝတ်ဆင်သင့်တယ်ဆိုတာ သင်ကြားပေးပါ။ အသက်(၅)နှစ်ကစပြီး သင်ကြားပေးနိုင်ပါပြီ။ စမတ်ကျကျနေထိုင်တတ်ဖို့ အခုချိန်ကတည်းက သင်ကြားပေးရမယ့် အရာဖြစ်ပါတယ်။

(၂) တကိုယ်ရည်သန့်ရှင်းရေး

နေ့စဉ်ရေမှန်မှန်ချိုးတာ၊ တစ်ရက်သွားနှစ်ကြိမ်တိုက်တာ၊ အစားစားပြီး ပလုတ်ကျင်းတာ စတဲ့ တကိုယ်ရည်သန့်ရှင်းရေးတွေကို ဘဝတစ်သက်တာ စွဲမြဲသွားစေဖို့ အခုချိန်ကတည်းက လေ့ကျင့်ပေးထားပါ။

(၃) အချိန်စီမံခန့်ခွဲခြင်း

အချိန်တိကျဖို့ အခုအရွယ်ကတည်းက ပုံသွင်းပေးထားသင့်ပါတယ်။ စာကျက်ချိန်၊ အိပ်ယာဝင်ချိန်၊ အိပ်ယာထချိန်၊ အစားစားချိန်နဲ့ ကျောင်းသွားချိန်တွေကို နာရီသတ်မှတ်ပေးထားပြီး တိတိကျကျ လိုက်နာစေပါ။

(၄) အစားအသောက်

ပေါင်မုန့်ထောပတ်သုတ်တာမျိုး၊ ယိုသုတ်တာမျိုး စတဲ့ လွယ်ကူတဲ့ အစားအသောက်ပြင်ဆင်နည်းတွေကို အခုချိန်ကတည်းက သင်ကြားပေးနိုင်ပါတယ်။ ကိုယ်စားထားတဲ့ပန်းကန် ကိုယ့်ဘာသာကိုယ်ဆေးခိုင်းတာမျိုးနဲ့ စားပြီးတဲ့အခါ စားပွဲသန့်ရှင်းရေးပြုလုပ်တာမျိုး လေ့ကျင့်ပေးနိုင်ပါတယ်။

(၅) ပိုက်ဆံစုခြင်း

မေမေတို့သင်ကြားပေးရမယ့် အရေးကြီးတဲ့အရာတစ်ခုပါ။ ပိုက်ဆံစုတတ်တဲ့ အလေ့အထကောင်းလေး စွဲမြဲသွားမယ်ဆိုရင် ကလေးငယ်ရဲ့ ဘဝတစ်လျှောက် မေမေတို့ စိတ်ချရသွားမှာပါ။

Image result for asian kids wear clothes

ဈေးဝယ်ထွက်တဲ့အခါ ကလေးငယ်ကို ခေါ်သွားပါ။ မှန်ကန်တဲ့ ဈေးဝယ်နည်းတွေနဲ့ ငွေကြေးစနစ်တကျ ဘယ်လိုအသုံးပြုရမယ်ဆိုတာကို သင်ကြားပေးနိုင်ပါတယ် (Photo by Freepik)

(၆) အိမ်ကိုကူညီခြင်း

တံမြက်စီးလှဲတာ၊ ပန်းကန်ဆေးတာ၊ ဟင်းသီးဟင်းရွက်ကူချွေပေးတာမျိုး စတဲ့ အကူအညီတွေ သားသားမီးမီးလေးတွေဆီကနေ ရလိုတယ်ဆိုရင် အခုအရွယ်ကတည်းက သင်ကြားပေးသင့်ပါတယ်။

(၇) အဝတ်လျှော်ခြင်း

အသက်(၅)နှစ်ကစပြီး သင်ကြားပေးနိုင်ပါပြီ။ မေမေဖေဖေတို့ အဝတ်လျှော်တဲ့အခါ ကလေးငယ်ကို သူတို့အဝတ်အစားအဟောင်းတွေယူလာစေပြီး လျှော်ပြတာမျိုးနဲ့ အဝတ်အစားအဟောင်းတွေကို သီးသန့်ခွဲထားတာမျိုး လေ့ကျင့်သင်ကြားပေးပါ။

(၈) ဈေးဝယ်ခြင်း

ဈေးဝယ်ထွက်တဲ့အခါ ကလေးငယ်ကို ခေါ်သွားပါ။ မှန်ကန်တဲ့ ဈေးဝယ်နည်းတွေနဲ့ ငွေကြေးစနစ်တကျ ဘယ်လိုအသုံးပြုရမယ်ဆိုတာကို သင်ကြားပေးနိုင်ပါတယ်။

(၉) စားသောက်ဆိုင်

မိသားစုလိုက် စားသောက်ဆိုင်သွားတဲ့အခါမျိုးမှာလည်း ကလေးငယ်ကို ပါအောင်ခေါ်သွားပါ။ အစားအသောက်မှာနည်းတွေနဲ့ ဘယ်လိုစားရမယ်ဆိုတာ သင်ပေးပါ။

(၁၀) အဆင်သင့်ဖြစ်အောင်

ကျောင်းသွားခါနီးမှာ စာအုပ်မေ့တာ၊ ခဲတံဘောပင်မေ့တာမျိုးမဖြစ်အောင် ကြိုတင်ပြင်ဆင်တတ်ဖို့ သင်ကြားပေးပါ။ ဖိနပ်ကိုယ်တိုင်စီးနိုင်အောင်နဲ့ အဝတ်အစားဝတ်တတ်အောင် သင်ကြားပေးပါ။

တချို့အရေးကြီးတဲ့ Life skills တွေက ကျောင်းက သင်ပေးမှာမဟုတ်ဘဲ မေမေဖေဖေတို့ကသာ သင်ကြားပေးရမှာပါ။ Life skills ပြည့်ဝတဲ့ သားသားမီးမီးလေးတွေဟာဆိုရင် သူတို့လေးတွေရဲ့ ဘဝတစ်လျှောက် တခြားသူတွေထက် အစစအရာရာ သာလွန်နေမှာဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x