သားသားမီးမီးလေးတွေရှေ့မှာ ဆင်ခြင်ရမယ့် မေမေဖေဖေတို့အပြုအမူများ

by: Nang Htwe
 0 comments  1 love

မေမေဖေဖေတို့ နေထိုင်ပြောဆိုမှု မှန်ကန်ဖြောင့်မတ်နေမှသာ ကလေးငယ်တွေက မိဘတွေရဲ့စကားကို နားထောင်မှာပါ

သားသားမီးမီးလေးတွေ မေမေဖေဖေတို့စကား နားထောင်စေချင်တယ်ဆိုရင် သူတို့လေးတွေရဲ့ ရှေ့မှာဆင်ခြင်စရာလေးတွေ ပြုပြင်ပေးရပါမယ်။ မေမေဖေဖေတို့ နေထိုင်ပြောဆိုမှု မှန်ကန်ဖြောင့်မတ်နေမှသာ ကလေးငယ်တွေက မိဘတွေရဲ့စကားကို နားထောင်မှာပါ။ ကလေးငယ်ရှေ့မှာ မေမေဖေဖေတို့ ဆင်ခြင်ရမယ့်အရာတွေ ရှိပါတယ်။ အဲဒါတွေကတော့

Image result for Habits That Parents Must Quit for Their Kids

မေမေဖေဖေတို့ နေထိုင်ပြောဆိုမှု မှန်ကန်ဖြောင့်မတ်နေမှသာ ကလေးငယ်တွေက မိဘတွေရဲ့စကားကို နားထောင်မှာပါ (Photo by The Conversation)

(၁) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာဟာ မကောင်းတဲ့ အလေ့အထတစ်ခုပါ။ ကလေးငယ်တွေရှေ့မှာ ဖေဖေတို့ ဆေးလိပ်မသောက်သင့်ပါဘူး။ ကလေးငယ်တွေရဲ့ ကျန်းမာရေး ထိခိုက်စေနိုင်သလို ဖေဖေကိုလည်း လေးစားမှာ မဟုတ်ပါဘူး။ ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ဟာ ဖွံ့ဖြိုးနေချိန်ဖြစ်တာမို့ ဆေးလိပ်သောက်တာဟာ အဆုတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ကလေးငယ်တွေရဲ့ ကျန်းမာရေးကို ငဲ့တဲ့အနေနဲ့ ဆေးလိပ်သောက်တာကို ရပ်လိုက်တာ ဒါမှမဟုတ် ကလေးတွေနဲ့ ဝေးရာမှာ သွားသောက်ပေးပါ။

(၂) အရက်

ဖေဖေတို့အနေနဲ့ ကလေးငယ်ရဲ့ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်လိုတယ်ဆိုရင် ဒါမှမဟုတ် ဖေဖေတို့ရဲ့ ဆုံးမစကားကို နားထောင်လိုတယ်ဆိုရင် ဒါမှမဟုတ် ကလေးငယ်တွေရဲ့ လေးစားချစ်ခင်မှုကို ရလိုတယ်ဆိုရင် ကလေးငယ်တွေရှေ့မှာ အရက်သောက်တာနဲ့ အရက်မူးတာကို ရှောင်ရှားရပါမယ်။

(၃) ဆေးဝါး

မိဘတွေ မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုရင် ကလေးငယ်တွေလည်း မူးယစ်ဆေးစွဲသွားနိုင်ပါတယ်။ ကလေးငယ်ရဲ့ဘဝ သာယာလှပဖြောင့်ဖြူးလိုတယ်ဆိုရင် မူးယစ်ဆေးဝါးကင်းစင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မေမေဖေဖေတို့အနေနဲ့ မူးယစ်ဆေးသုံးစွဲတာ ရှောင်ရှားပါ။

(၄) တီဗီ

ကလေးငယ်ကို တီဗီကြည့်ချိန် သတ်မှတ်ပေးထားဖို့ လိုအပ်ပါတယ်။ သားသားမီးမီးလေးတွေကို နည်းပညာနဲ့ မိတ်ဆက်ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း တီဗီ၊ အင်တာနက်၊ ဖုန်း အသုံးများတဲ့ ကလေးငယ်တွေဟာ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာပါတယ်။ ဒါကြောင့် screen အသုံးပြုတာကို ကန့်သတ်ပေးပါ။

(၅) အော်ဟစ်၊ ဆူခြင်း

ကလေးငယ်တွေကို အော်ဟစ်ဆူတာက အလွန်အန္တရာယ်များပါတယ်။ ကလေးငယ်တွေကို မှန်မှန်ကန်ကန် လမ်းညွှန်ပေးလိုတယ်ဆိုရင် အော်ဟစ်ဆူငေါက်တာကို ရပ်တန့်ပေးရပါမယ်။

ကလေးငယ်တွေကို မှန်မှန်ကန်ကန် လမ်းညွှန်ပေးပါ (Photo by iStock)

(၆) နှိုင်းယှဉ်ခြင်း

ကိုယ့်ရဲ့ ကလေးငယ်ကို တခြားကလေးငယ်နဲ့ နှိုင်းယှဉ် ပြောဆိုတာက မေမေဖေဖေတို့ကို အချစ်လျှော့စေပါတယ်။ လေးစားမှု နည်းသွားနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို တစ်ယောက်နဲ့ တစ်ယောက် မနှိုင်းယှဉ်ဖို့ သတိထားပါ။

(၇) ရိုက်နက်ခြင်း

ကလေးငယ်တွေကို နာကျင်အောင် ရိုက်နက်တာကလည်း နုနယ်တဲ့ သူတို့လေးတွေ စိတ်ဒါဏ်ရာ ရသွားစေပါတယ်။ မေမေဖေဖေတို့ကိုလည်း မုန်းသွားနိုင်ပါတယ်။ နူးညံ့ငြင်သာတဲ့ စကားလုံးတွေကိုအသုံးပြုပြီး နားလည်အောင် ရှင်းပြပါ။

(၈) စော်ကားတဲ့အပြုအမူ

တခါတလေမှာ မေမေတို့ မရည်ရွယ်ဘဲ ပြောလိုက်တဲ့ စကားလုံးတွေက ကလေးငယ်ရဲ့ စိတ်ထဲ ခံစားသွားရပါတယ်။ မေမေဖေဖေတို့အပေါ် စိတ်ပျက်သွားတာ၊ ဝမ်းနည်းအားငယ်သွားတာနဲ့ ရည်ရွယ်ချက်တွေမဲ့ကုန်တာမျိုး ကလေးငယ်ကြုံရပါတယ်။

(၉) အတင်းစကား

ကလေးငယ်တွေရဲ့ ရှေ့မှာသူများအကြောင်း အတင်းမပြောမိပါစေနဲ့နော်။ မေမေဖေဖေတို့ကို လေးစားမှု နည်းသွားနိုင်ပါတယ်။ လူမျိုးရေး၊ ဘာသာရေးနဲ့ ပတ်သက်ပြီး ခွဲခြားတာ၊ နှိမ်တာနဲ့ ရိုင်းပြတဲ့ အပြုအမူတွေကို ကလေးငယ်တွေရဲ့ ရှေ့မှာ မပြုလုပ်မိအောင် သတိထားပါ။

(၁၀) ခန္ဓာကိုယ်လှောင်ပြောင်ခြင်း

ကလေးငယ်ကို ပိန်ခြင်း၊ ဝခြင်း၊ မဲခြင်း၊ အရပ်ပုခြင်း၊ ရှည်ခြင်းတွေကို မလှောင်ပြောင်ပါနဲ့။

သားသားမီးမီးလေးတွေ အမြဲနမူနာယူနေရတဲ့ စံပြမေမေဖေဖေဖြစ်လာဖို့အတွက် မကောင်းတဲ့အကျင့်တွေကို သူတို့လေးတွေရဲ့ရှေ့မှာ ဘယ်တော့မှ မပြုလုပ်ဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: HabitsKidsparents

Comments

0 comments
Latest video
Refer to more useful articles
x