ဖေဖေတို့သိထားသင့်တဲ့ မေမေတို့ မဝန်ခံချင်တဲ့ လျှိုဝှက်ချက်များ

by: Nang Htwe
 1 comments  3 love

ခင်ပွန်းသည်ကိုလည်း အကူအညီတောင်းဖို့ ပြောမထွက်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါတွေအကုန်လုံး မေမေတို့က ကိုယ့်တာဝန်လို့ ခံယူထားလို့ပါ။

ကလေးငယ်ရဲ့ ဝေယျာဝစ္စတွေအကုန်လုံး မေမေတို့က ဖြည့်ဆည်းပေးပါတယ်။ နေ့ရက်တွေ ကြာလာတဲ့အခါ မေမေတို့ ပင်ပန်းလာပါတယ်။ ခင်ပွန်းသည် အလိုက်မသိတဲ့အခါ ပိုပင်ပန်းရပါတယ်။ ကလေးထိန်းလိုက်ဦး၊ နို့ဘူးတိုက်ဦး၊ ချီလိုက်ဦး စတဲ့ အကူအညီတွေကိုလည်း မပြောဘဲ ခင်ပွန်းသည် အလိုက်သိ လုပ်စေချင်ပါတယ်။ ခင်ပွန်းသည်ကိုလည်း အကူအညီတောင်းဖို့ ပြောမထွက်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါတွေအကုန်လုံး မေမေတို့က ကိုယ့်တာဝန်လို့ ခံယူထားလို့ပါ။

ကလေးငယ်ရဲ့ ဝေယျာဝစ္စတွေအကုန်လုံး မေမေတို့က ဖြည့်ဆည်းပေးပါတယ် (Photo by Mooimom)

(၁) နားချင်လိုက်တာ

နေ့တိုင်းဆက်တိုက် ထိန်းလာရတဲ့အခါ မေမေတို့ ခဏတဖြုတ်အနားယူချင်လာပါတယ်။ အေးအေးဆေးဆေးရေချိုးတာ၊ တရေးတမောအိပ်တာ၊ ကော်ဖီပူပူလေးကို အေးအေးဆေးဆေးသောက်ချင်တာ၊ အပြင်ခဏထွက်တာမျိုး ပြုလုပ်ချင်ပါတယ်။ ဒါပေမယ့် မေမေတို့က ဒီလိုဖြစ်ချင်တဲ့ ဆန္ဒကို ဘယ်တော့မှ ထုတ်ဖော်မပြောပါဘူး။

(၂) ညအချိန် ဖေဖေတို့ကို ကလေးထိန်းစေချင်တာ

နေ့ခင်းဖက် တနေကုန် ကလေးထိန်းရတာကြောင့် မေမေတို့ညဖက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ချင်နေပါပြီ။ ခင်ပွန်းသည်အနေနဲ့ ညပိုင်း ကလေးထိန်းဖို့ တာဝန်ယူစေချင်ပါတယ်။ မေမေတို့ ဘယ်တော့မှ ထုတ်မပြောတဲ့ စိတ်ထဲက ဆန္ဒတစ်ခုပါ။

မေမေတို့ မလုပ်နိုင်တဲ့ အိမ်သန့်ရှင်းရေးကို ဖေဖေတို့ လုပ်စေချင်ပါတယ် (Photo by WECF France)

(၃) မကူညီနိုင်တာ

ကလေးတစ်နေကုန် ထိန်းရတာကြောင့် ဖေဖေတို့ကို အရင်ကလောက် အသေးစိတ် ဂရုမစိုက်နိုင်ပါဘူး။ ဒီအတွက်လည်း မေမေတို့ စိတ်မကောင်းဖြစ်ရပါတယ်။ တာဝန်မကျေဘူးလို့လည်း ခံစားရပါတယ်။ ဒါပေမယ့် ဒီခံစားချက်ကို ထုတ်ပြောမှာ မဟုတ်ပါဘူး။

(၄) အိမ်သန့်ရှင်းရေး

မေမေတို့ မအားတာရော၊ ပင်ပန်းတာတွေကြောင့် အိမ်သန့်ရှင်းရေး လစ်ဟာတတ်ပါတယ်။ မေမေတို့ မလုပ်နိုင်တဲ့ အိမ်သန့်ရှင်းရေးကို ဖေဖေတို့ လုပ်စေချင်ပါတယ်။ ဒါပေမယ့် မေမေတို့က ဘယ်တော့မှ မခိုင်းပါဘူး။

ဖေဖေတို့အနေနဲ့ ကိုယ်ရဲ့ဇနီးသည် ဘာတွေလိုအပ်နေတယ်၊ ဘာတွေဖြစ်စေချင်တယ်ဆိုတာ သိအောင် ကြိုးစားဖို့ တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles