ကလေးမွေးပြီး ဘယ်လောက်ကြာမှ ဇနီးမောင်နှံတို့ ချစ်တင်းနှောနိုင်မလဲ

by: Phyo Pyae Thu
 1 comments  468 love

ဖေဖေနဲ့ မေမေတို့ရဲ့ ချစ်ခြင်းမေတ္တာတွေအတွက် ကလေးမွေးပြီး ဘယ်လောက်ကြာမှ ချစ်တင်းနှောလို့ရမလဲဆိုတာ Kalay က မျှဝေပေးလိုက်ပါတယ်နော်။

ဖေဖေတို့အနေနဲ့ မေမေလောင်းတို့ ကိုယ်ဝန်ဆောင်စဉ်မှာ ချစ်တင်းနှောတဲ့ကိစ္စတွေကို ထိန်းချုပ်ထားရတယ်မလား။ ကိုယ့်ရဲ့ လက်တွဲဖော် ကလေးမွေးပြီးသွားတဲ့အခါကျတော့လည်း ဖေဖေတို့ ချစ်တင်းနှောဖို့ စောင့်ရပြန်ပါတယ်။ ဒီတော့ ဘယ်လောက်ကြာကြာစောင့်ရမလဲဆိုတာ ဖေဖေရော၊ မေမေရော သိချင်မှာပါ။ ဖေဖေနဲ့ မေမေတို့ရဲ့ ချစ်ခြင်းမေတ္တာတွေအတွက် ကလေးမွေးပြီး ဘယ်လောက်ကြာမှ ချစ်တင်းနှောလို့ရမလဲဆိုတာ Kalay က မျှဝေပေးလိုက်ပါတယ်နော်။

ကလေးမွေးပြီးတဲ့အခါမှာ သွေးဆင်းတဲ့ ကိစ္စဟာ ရက်အတော်ကြာပါတယ်။ မီးနေသွေးဆင်းတာ ရပ်သွားတဲ့အထိ စောင့်ဖို့လိုပါတယ်။ ဒီလိုသွေးဆင်းတဲ့ရက်ကလည်း တစ်ယောက်နဲ့တစ်ယောက် ကြာချိန်မတူညီနိုင်ပါဘူး။ အကယ်လို့များ မိန်းမကိုယ်မှာ ကလေးမွေးစဉ်က အနာတရ တစ်ခုခု ရှိထားမယ်ဆိုရင် အနာမကျက်တာတွေနဲ့ ပိုးကူးစက်တာတွေ ဖြစ်နိုင်ပါတယ်။ ကလေးမွေးပြီး ပထမလအတွင်းမှာတော့ ချစ်တင်းနှောကြပေမယ့် မိန်းမကိုယ်ပြဲထားတာတို့ မွေးလမ်းကြောင်းချဲ့ထားတာတို့ ရှိရင်တော့ (၆) ပတ်လောက်ထိ စောင့်ရပါမယ်။ ပုံမှန်အားဖြင့်တော့ (၃) လလောက်မှ ချစ်တင်းစနှောကြပါတယ်။

ကလေးမွေးပြီးတဲ့အခါမှာ ဖေဖေတို့ဘက်က ချစ်တင်းနှောဖို့ အဆင့်သင့်ဆိုပေမယ့် မေမေတို့ဘက်ကတော့ အဆင့်သင့်ဖြစ်မနေပါဘူး။ ဒီလိုအချိန်မှာ နမ်းတာ၊ ပွေ့ဖက်တာနဲ့ တစ်ဦးနဲ့တစ်ဦး ပွတ်သီးပွတ်သပ်နေတာတွေကပဲ အကောင်းဆုံးပါ။ ချစ်တင်းနှောတာက ဖေဖေရော၊ မေမေရော ဆန္ဒရှိနေမှ အကောင်းဆုံးပါနော်။ ဒီလိုမဟုတ်ရင်နောက်ပိုင်းမှာ ပိုပြီး ဝေးကွာလာနိုင်ပါတယ်။ ချစ်တင်းနှောတာဟာ ကိုယ့်ရဲ့လက်တွဲဖော်က ညင်ညင်သာသာ ဆက်ဆံပါလျက်နဲ့ နာကျင်နေသေးတယ်ဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကလေးမွေးပြီးနောက် ရာသီစလာစမှာ နာကျင်မှုကို ခံစားရနိုင်ပြီး ချစ်တင်းနှောဖို့ အဆင်သင့်မဖြစ်နိုင်ပါ။ ဒါက ပုံမှန်ဖြစ်နေကျအရာမို့ ချစ်တင်းနှောတာကို တာဝန်တစ်ခုလို မမှတ်သင့်ဘဲ အလျင်စလို လုပ်တာတွေ မရှိတာ အကောင်းဆုံးပါနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: sex

Comments

0 comments
Latest video
Refer to more useful articles
x