Social Media ကနေ အိမ်ထောင်ရေးအပေါ် သက်ရောက်လာတဲ့အချက်များ

by: Nang Htwe
 0 comments  0 love

Social media ကိစ္စနဲ့ ပတ်သက်ပြီး မကောင်းသတင်းတွေခဏခဏ ကြားနေရတဲ့အခါ ဖေဖေတို့ ဖုန်းအသုံးပြုမှုအပေါ် မေမေတို့ သံသယဝင်လာပြီး ပြဿနာတတ်လာပါတယ်။

နည်းပညာတွေ တိုးတက်လာတဲ့အချိန်မှာ အပြောင်းအလဲတွေကို ကြုံရပါတယ်။ ကြုံတွေ့ရတဲ့ အပြောင်းအလဲတွေထဲမှာ မေမေတို့ရဲ့ အချစ်ရေးအပေါ်မှာလည်း ရိုက်ခက်မှုတွေရှိလာပါတယ်။ Social media တွေထဲမှာ မေမေဖေဖေတို့ အသုံးပြုများတဲ့ Facebook ကြောင့် ကတောက်ကဆတွေနဲ့ စိတ်ဆိုးရန်ဖြစ်တာတွေ အခုနောက်ပိုင်းမှာ ခပ်စိတ်စိတ် ကြုံလာရပါတယ်။ Social media ကြောင့် ကမ္ဘာကြီးဟာ တဖြည်းဖြည်းကျဉ်းလာပါတယ်။ အဝေးရောက် မိတ်ဆွေတွေနဲ့လည်း နေ့စဉ်နေ့တိုင်း အဆက်အသွယ်ရှိလာပါတယ်။ နောက်ပြီး ပေါင်းသင်းဆက်ဆံရေးတွေလည်း တဖြည်းဖြည်း ကြီးထွားလာပါတယ်။ အကျိုးကျေးဇူးတွေရှိသလို ဆိုးကျိုးတွေလည်း လိုက်လာပါတယ်။

Effects of Social Media on Family and Marriage

Social media တွေထဲမှာ မေမေဖေဖေတို့ အသုံးပြုများတဲ့ Facebook ကြောင့် ကတောက်ကဆတွေနဲ့ စိတ်ဆိုးရန်ဖြစ်တာတွေ အခုနောက်ပိုင်းမှာ ခပ်စိတ်စိတ် ကြုံလာရပါတယ် (Photo by parenting.firstcry)

အိမ်ထောင်ရေးပြဿနာ

အဓိကကတော့ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ပြဿနာတွေပါ။ အစပိုင်းမှာတော့ မိတ်ဆွေအနေနဲ့ social media ပေါ်မှာ တွေ့ဆုံကြပြီး နောက်ပိုင်းတဖြည်းဖြည်းရင်းနှီးလာပါတယ်။ အပြင်မှာသွားရောက် တွေ့ဆုံတဲ့အထိ ဖြစ်လာပါတယ်။ ဖေဖေတို့ မူပျက်လာတဲ့အခါ မေမေတို့ရိပ်မိလာပါတယ်။ အဲဒီအချိန်မှာ မေမေနဲ့ ဖေဖေကြားပြဿနာတွေဖြစ်ပေါ်လာပါတယ်။Social media ကိစ္စနဲ့ ပတ်သက်ပြီး မကောင်းသတင်းတွေခဏခဏ ကြားနေရတဲ့အခါ ဖေဖေတို့ ဖုန်းအသုံးပြုမှုအပေါ် မေမေတို့ သံသယဝင်လာပါတယ်။ ဒီလို သံသယတွေကြောင့်လည်း ခဏခဏ ပြဿနာတတ်ကြပါတယ်။ လတ်တလော ဇနီးမောင်နှံတွေ ကြုံတွေ့နေရတဲ့ နည်းပညာတွေရဲ့ ရိုက်ခက်မှုတွေပါ။

Social media ကြောင့် ပြဿနာတွေ ပေါ်ပေါက်မလာအောင် ဘယ်လိုကာကွယ်ကြမလဲ

  • အားနေတဲ့အချိန်မှာ social media တွေ အသုံးပြုမယ့်အစား မိသားစုကို အချိန်ပေးပါ။ မိသားစုနဲ့ ရင်းနှီးကျွမ်းဝင်အောင် နေထိုင်ပါ။
  • ပျင်းစရာကောင်းတဲ့အခါ ဖုန်းကို မကြာခဏ အသုံးပြုမိတတ်ပါတယ်။ ဒါကြောင့် ပျော်စရာကောင်းတဲ့ မိသားစုတစ်ခုဖြစ်အောင် ကြိုးစားသင့်ပါတယ်။
  • ကိုယ့်ရဲ့ အနာဂါတ်၊ မိသားစု အနာဂါတ်အတွက် အားလပ်ချိန်မှာ ပညာရပ်တွေလေ့လာတာ၊  အင်တာနက်ကနေ ပညာတွေသင်ယူတာမျိုး ပြုလုပ်သင့်ပါတယ်။
  • ဆိုရှယ်မီဒီယာအပေါ်မှာ မိတ်ဆွေမဟုတ်တဲ့ သူစိမ်းတွေကို သတိထားပါ။ ရင်းနှီးကျွမ်းဝင်တာတွေ မဖြစ်အောင် သတိနဲ့ နေပါ။
  • Social media မှာ တစ်ခုခု မျှဝေလိုတဲ့အခါ မိသားစုဝင်တွေကို tag လုပ်ဖို့ လိုအပ်ပါတယ်။
  • Social media ပေါ်က profile ပေါ်မှာလည်း မိသားစုဓါတ်ပုံတွေကို တင်ထားဖို့ လိုအပ်ပါတယ်။ မေမေနဲ့ ဖေဖေ relationship ချိတ်ထားဖို့ လိုအပ်ပါတယ်။
  • Social media မှာ မိသားစုဝင်တွေကို friend request လက်ခံထားဖို့ လိုပါတယ်။ မိသားစုဝင်တွေ အကုန်လုံး friend ဖြစ်နေဖို့ လိုအပ်ပါတယ်။
  • မိသားစုဝင်တွေရဲ့ profile ထဲကို မကြာခဏ သွားလည်ဖို့ လိုအပ်ပါတယ်။
Image result for notebook hands

မိသားစုဝင်မဟုတ်တဲ့သူတွေနဲ့ စကားပြောတဲ့အခါ သတိနဲ့ပြောဆိုပါ (Photo by Crud this dear ashamed the contrary that)

သတိထားရမှာက

  • တစ်ယောက်ဖုန်းကို တစ်ယောက် မသိအောင် ယူစစ်တာ၊ ယူသုံးတာနဲ့ ခိုးသုံးတာကို ရှောင်ကျဉ်ပါ။
  • သေသေချာချာမသိဘဲနဲ့ စွပ်စွဲတာတွေ၊ သံယဝင်တာတွေ မပြုလုပ်ပါနဲ့။
  • အားတဲ့အချိန်တိုင်း ဖုန်း ဒါမှမဟုတ် Social media  အသုံးပြုတာကို ရှောင်ကျဉ်ပါ။
  • မိသားစုထမင်းစားဝိုင်းမှာ ဖုန်းမသုံးပါနဲ့။
  • Social media အသုံးပြုချိန် ကန့်သတ်ထားပါ။
  • မိသားစုဝင်မဟုတ်သူတွေနဲ့ စကားပြောတဲ့အခါ သတိနဲ့ပြောဆိုပါ။
  • မိသားစုအပေါ် သစ္စာရှိပါ။ ကာကွယ်ပါ။

Social media ကြောင့် ပျော်ရွှင်တဲ့ မိသားစုလေး ပြိုကွဲမသွားအောင် အကန့်အသတ်လေးတွေနဲ့ အသုံးပြုဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x