ကလေးမွေးပြီးနောက်ပိုင်း ဒီပုံစံတွေနဲ့ လိင်ဆက်ဆံပါ

by: Phyo Pyae Thu
 0 comments  24 love

ကလေးမွေးပြီးနောက်ပိုင်းမှာ လိင်ပြန်ဆက်ဆံတော့မယ်ဆိုရင် မေမေ့ကို မထိခိုက်စေမယ့် အနေအထားတွေနဲ့ ဆက်ဆံဖို့ လိုပါတယ်။ ဒါမှ မေမေအဆင်ပြေမှပါ။

ကလေးမွေးပြီးနောက်ပိုင်းမှာ လိင်ပြန်ဆက်ဆံခြင်းကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ကြမှာပါပဲ။ ဒီလိုဆောင်ရွက်တာက ပုံမှန်အတိုင်းဆိုပေမယ့် မေမေ့ခန္ဓာကိုယ်အနေအထားကို ကြည့်ပြီးတော့ ဆောင်ရွက်ရမှာပါ။ မဟုတ်ရင်တော့ မေမေ့မှာ မိန်းမကိုယ် အလွန်အမင်း နာကျင်ခြင်းနဲ့ သားအိမ်ထိခိုက်ခြင်းတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒီတော့ ကလေးမွေးပြီးနောက်ပိုင်း (၄၅) ရက်ကြာတဲ့အခါမှာ လိင်ဆက်ဆံသင့်တဲ့ ပုံစံတွေကို ဖော်ပြလိုက်ပါတယ်နော်။

 Female on Top

လိင်ဆက်ဆံတဲ့အခါမှာ မေမေတို့ သားအိမ်နဲ့ ချုပ်ရိုးတွေကို အရှိန်ပြင်းပြင်းနဲ့ မထိမိ၊ မဖိမိစေဖို့ လိုပါတယ်။ လိင်ဆက်ဆံတဲ့အခါမှာ မေမေတို့ အပေါ်ဘက်မှာ နေရာယူခြင်းက သားအိမ်နာကျင်ခြင်း သက်သာစေသလို စိတ်ကျေနပ်မှုလည်း ရရှိစေမှာပါ။

spooning

ကိုယ်ဝန်ဆောင်ချိန် လိင်ဆက်ဆံတဲ့ပုံစံနဲ့ ဆင်တူပါတယ်နော်။ မေမေရော ဖေဖေရော ဘေးစောင်းအနေအထားလေးနော်။ မေမေ စောင်းထားတဲ့ဘက်ကို ဖေဖေက အနောက်ဘက်ကနေ စောင်းလျက် ဆက်ဆံရမှာပါ။ ဒီပုံစံလေးကတော့ သားအိမ်ကို အရမ်းထိမှာ မဟုတ်ပေမယ့် သက်တောင့်သက်သာ ဖြစ်စေမှာပါ။

on a chair

ဖေဖေ မေမေတို့ရေ ထိုင်ခုံပုံစံ အနေအထားနဲ့ လိင်ဆက်ဆံတာကလည်း နှစ်ဦးစလုံးအတွက် သက်တောင့်သက်သာ ဖြစ်စေမှာပါ။ ထိုင်ခုံမှာ ထိုင်ပြီးလိင်ဆက်ဆံတာက သားအိမ်ကို အထိနည်းစေမှာပါ။ ဖေဖေတို့ အထူးသတိပြုရမှာက ဘယ်လိုအနေအထားပဲဖြစ်ဖြစ် ဖြည်းညှင်းဖို့ပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: advicegood tipssafesex


Comments

0 comments
Latest video
Refer to more useful articles