မေမေ့အပေါ်မှာ ဖေဖေ စိတ်ဝင်စားနေသေးရဲ့လား

by: Phyo Pyae Thu
 0 comments  2 love

တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ရိုးတယ်၊ သွေးအေးတယ်ဆိုတဲ့ ကိစ္စက မလွဲမေသွေ ကြုံရနိုင်ပါတယ်။

ဖေဖေရော မေမေရော အိမ်ထောင်တစ်ခုကို တာဝန်ယူ တည်ဆောက်ရတဲ့အခါ နှစ်ယောက်စလုံးမှာ တာဝန်တွေ၊ ဝတ္တရားတွေနဲ့ ပင်ပန်းစရာလေးတွေ ရှိပါတယ်။ နောက်တစ်ခုက လူဆိုတာ အမြဲတမ်း အသစ်အဆန်းကို ကြိုက်နှစ်သက်တာမို့ အိမ်ထောင်သက် ကြာလာတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ရိုးတယ်၊ သွေးအေးတယ်ဆိုတဲ့ ကိစ္စက မလွဲမေသွေ ကြုံရနိုင်ပါတယ်။ ဒီအခါမှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝင်စားမှု လျော့နည်းလာကြပါတယ်။ ဘယ်လိုအချက်တွေရှိနေရင် စိတ်ဝင်စားမှု နည်းနေတာလဲဆိုတာ မေမေတို့ သိအောင် ပြောပြမယ်နော်။

ကိုယ့်ကို သေချာကြည့်ပြီး တီတီတာတာလေးတွေ မပြောတော့ဘူးဆိုရင် စိတ်ဝင်စားမှု လျော့နည်းနေပါပြီ။

(၁) ကိုယ့်ကို သေချာမကြည့်တော့ဘူး

ဖေဖေတို့ရဲ့ စိတ်ဝင်စားမှုက မေမေတို့အပေါ်မှာ လျှော့နည်းလာပြီဆိုရင် အကြည့်ချင်းဆုံအောင် မနေတော့ပါဘူး။ ကိုယ့်ကို သေသေချာချာ ကြည့်တဲ့အချိန်တွေ နည်းလာပါလိမ့်မယ်။ ကိုယ်ဘယ်လိုလေးပဲ လှအောင် ဝတ်ဝတ် ဖေဖေတို့ မမြင်ပါဘူး။ ကိုယ်က ‘ထမင်း စားတော့မလား’ မေးရင်တောင် ‘အင်း’ဆိုတာကလွဲပြီး အရင်လို ကိုယ့်ကို သေချာကြည့်ပြီး တီတီတာတာလေးတွေ မပြောတော့ဘူးဆိုရင် စိတ်ဝင်စားမှု လျော့နည်းနေပါပြီ။

(၂) ပြောတာ သေချာနားမထောင်ဘူး

မေမေတို့ရေ ကြားချင်ယောင်ဆောင်ပြီး နားမထောင်တာဟာ ဖေဖေတို့ရဲ့ စိတ်ဝင်စားမှု မရှိတော့ရင် လုပ်တတ်တဲ့ အပြုအမှုတွေထဲက တစ်ခုပါ။ မေမေတို့ ပြောတာကို ကြားတော့ကြားတယ် နောက်ပိုင်း ပြန်မေးရင် မသိတော့တာ၊ မမှတ်မိတော့တာတွေက မေမေတို့ ဘာပြောပြော စိတ်မဝင်စားဘူးဆိုတဲ့ သဘောပါ။

မေမေတို့ အပေါ်မှာ လိင်ပိုင်းဆိုင်ရာ ဆက်သွယ်ချက်တွေက အစ စိတ်မရှည်တော့ဘူးဆိုရင် ဖေဖေ့ရဲ့ စိတ်ဝင်စားမှုက တော်တော်လေး နည်းလာပါပြီနော် (Photo by شبكة وكالة نيوز)

(၃) ကိုယ့်ကို စိတ်မရှည်တော့ဘူး

မေမေတို့ရေ အရင်တုန်းကလို ကိုယ့်အပေါ်မှာ သည်းမခံတော့ဘူး။ အလုပ်ပင်ပန်းလာလို့ ကိုယ့်အပေါ်မှာ စိတ်မရှည်တာမျိုး မဟုတ်ဘဲ ဘယ်အရာကိုမဆို စိတ်တိုင်းမကျ စိတ်မရှည်နေတာကလည်း စိတ်ဝင်စားမှု လျော့နည်းလာတာပါပဲ။ မေမေတို့ အပေါ်မှာ လိင်ပိုင်းဆိုင်ရာ ဆက်သွယ်ချက်တွေက အစ စိတ်မရှည်တော့ဘူးဆိုရင် ဖေဖေ့ရဲ့ စိတ်ဝင်စားမှုက တော်တော်လေး နည်းလာပါပြီနော်။ ကဲ မေမေတို့ရေ ဖေဖေတို့ရဲ့ ဘယ်လိုအနေအထားက မေမေ့အပေါ်မှာ စိတ်ဝင်စားမှု နည်းနေပြီလဲဆိုတာကို သိပြီဆိုရင်တော့ ပြန်လည်ပြုပြင်စရာ ရှိတာလေးတွေ ပြုပြင်ဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: advicelovesex


Comments

0 comments
Latest video
Refer to more useful articles