ကလေးမွေးပြီးစမှာ ဘာကြောင့် မေမေလိင်မဆက်ဆံချင်တာလဲ

by: Phyo Pyae Thu
 0 comments  3 love

ကလေးတွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ဟော်မုန်းတွေဟာ နို့ချို အဖြစ် ပြောင်းလဲ ကြပါတယ်။ ဒီအခါမှာ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပြီး လိင်စိတ်နည်းပါး ပါတယ်။

ကလေးမွေးပြီးခါစမှာ ကလေးမွေးပြီးတဲ့အခါမှာလည်း တချို့မေမေတွေမှာ ချစ်တင်းနှောချင်စိတ် လျော့ကျနေသေးပါတယ်။ ဒါဟာ မေမေလုပ်ယူတာ မဟုတ်ဘဲ သူ့အလိုလို ဖြစ်တဲ့ ကိစ္စပါ။ ကလေးမွေးပြီးနောက် (၄၅) ရက်ကြာမှ လိင်ဆက်ဆံလို့ ရမှာပါ။ ဒီရက်ကို ကျော်လွန်ပြီးတဲ့အထိတောင် လိင်စိတ်လျော့နည်းနေသေးတာကို ပြုပြင်ချင်တယ်ဆိုရင်တော့ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

 စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်နေမှ လိင်ဆက်ဆံချင်မှာပါ

မေမေတို့မှာ ကလေးမွေးပြီးတဲ့အခါ ကလေးကို ပြုစုစောင့်ရှောက်ရတာဟာ ညဘက် အိပ်ရေးပျက် စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေတဲ့ အချိန်တွေမှာ လိင်ဆက်ဆံချင်စိတ် အရမ်းကို နည်းနေနိုင်ပါတယ်။ မေမေတို့ အစားအသောက်နဲ့ အအိပ်မှန်အောင် ဖေဖေတို့ ကူညီပါ။ မေမေတို့ အားအင်ပြည့်နေမှ လိင်ဆက်ဆံချင်မှာပါ။

မေမေတို့ အားအင်ပြည့်နေမှ လိင်ဆက်ဆံချင်မှာပါ (Photo: Shout Out UK)

 စိတ်ပိုင်းဆိုင်ရာအနေနဲ့ ကလေးမွေးပြီးနောက်

စိတ်ဓါတ်ကျဆင်းမှု ခံစားနေရရင်လည်း လိင်ဆက်ဆံဖို့ကို ငြင်းဆန်နေမှာပါ။ ကလေးမွေးပြီးတဲ့အခါမှာ  မေမေတို့ကို အရင်ကလောက် ဂရုမစိုက်တော့ဘူး။ တစ်ယောက်တည်းပဲ ပင်ပန်းနေရတယ်ဆိုပြီး စိတ်ခံစားချက်တွေ ရှိလာပြီး စိတ်ဓါတ်ကျလာရင် ချစ်တင်းနှောခြင်းကိုပါ စိတ်ရှုပ်စရာလို့ မြင်လာမှာပါ။ ဒါကြောင့် အားပေးကူညီပါ။

 မိန်းမကိုယ်ဟာ ကလေးမွေးဖွားပြီးနောက်ပိုင်း နာကျင်မှုကို ခံစားနေရဆဲပါ

ဒီအချိန်မှာ လိင်ဆက်ဆံရင် ပိုဆိုးသွားနိုင်မလားဆိုတဲ့ စိတ်နဲ့ကြောက်တတ်ကြပါတယ်။ ပြီးတော့ ပိုပြီး နာကျင်မှာကိုလည်း စိုးရိမ်ကြပါတယ်။ ဒီအခါမှာ လိင်ဆက်ဆံရမှာကို သိပ်ကြောက်ကြပြီး စိတ်ပျက်နိုင်ပါတယ်။ မေမေ စိတ်ပါမှ လိင်ဆက်ဆံပါ။

ကလေးမွေးပြီးနောက် (၄၅) ရက်ကြာမှ လိင်ဆက်ဆံလို့ ရမှာပါ  (Photo: Shout Out UK)

သားသားမီးမီးလေးတွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ဟော်မုန်းတွေဟာ နို့ချို အဖြစ် ပြောင်းလဲ ကြပါတယ်။ ဒီအခါမှာ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပြီး လိင်စိတ်နည်းပါး ပါတယ်။ နောက်တစ်ခုကတော့ မိန်းမကိုယ် ခြောက်သွေ့တာပါ။ ဒါကြောင့် မိန်းမကိုယ် သန့်ရှင်းရေးကို ဂရုစိုက်ပါ။ ဒါဆိုရင်တော့ လိင်စိတ်နည်းပါးတာ လျော့လာမှာပါ။

နောက်တစ်ခုကတော့ ဖေဖေတို့ အရမ်းတွန်းအားပေးခြင်းပါ။ လိင်ဆက်ဆံဖို့ အတင်းတွန်းအားပေးတာက ဆွဲဆောင်ရာမကျဘဲ စိတ်ဖိစီးစေနိုင်ပါတယ်။ ဒါကြောင့် အတင်းတွန်းအားပေးတာမျိုး ရှောင်ပေးပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: advicegood tipslovesex

Comments

0 comments
Latest video
Refer to more useful articles
x