ခင်ပွန်းက အဝေးတနေရာမှာ အလုပ်လုပ်နေတဲ့သူလား

by: Nang Htwe
 0 comments  1 love

မိသားစုအဆင်ပြေရဲ့လား၊ နေကောင်းကြရဲ့လား ၊ ငွေကြေးအဆင်ပြေရဲ့လား စတဲ့ စိုရိမ်ပူပန်မှုတွေကို အဝေးမှာ အလုပ်လုပ်နေတဲ့ ဖေဖေတွေ ရင်ဆိုင်ရပါတယ်။

ဖေဖေရဲ့ အလုပ်က အဝေးတနေရာမှာဆိုရင်တော့ ပိတ်ရက်ရှည် ဒါမှမဟုတ် ခွင့်ရက်လောက်သာ မိသားစုတွေ စုံစုံညီညီ ပြန်တွေ့ကြတာပေါ့နော်။ မေမေတို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် ဖေဖေရှိတဲ့နေရာ မလိုက်သွားနိုင်ဘူးဆိုရင် မိသားစု စည်းစည်းလုံးလုံးဖြစ်နေအောင် ဘယ်လို ပြုလုပ်ရမယ်ဆိုတာ အခက်အခဲတွေ ရှိလာပါပြီနော်။

အဝေးတနေရာမှာ အလုပ်လုပ်နေတဲ့ ဖေဖေတို့ရဲ့ စိတ်ဖိစီးမှုတွေက အများကြီးပါပဲနော်။ မိသားစုအဆင်ပြေရဲ့လား၊ နေကောင်းကြရဲ့လား ၊ ငွေကြေးအဆင်ပြေရဲ့လား စတာတွေအပြင် လုပ်ငန်းခွင်ရဲ့ အခက်အခဲတွေကိုပါ ရင်ဆိုင်ရပါတယ်။ အဝေးတနေရာမှာ အလုပ်လုပ်နေတဲ့ ဖေဖေတို့ကို မိသားစုနဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှုနဲ့  စိတ်ပူသောကတွေ နည်းအောင် မေမေတို့ပြုလုပ်ပေးလို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။

Video Call နဲ့ ဆက်သွယ်ပါ (Photo by

အင်တာနက်နဲ့ ဆက်သွယ်ပါ

Video Call နဲ့ ညတိုင်း မိသားစုလိုက် စကားပြောပါ။ ဒီလို video call ညတိုင်းပြောတာက မိသားစုဝင်တွေ အနေနီးစေပါတယ်။ အဝေးတနေရာမှာ အလုပ်လုပ်နေရတဲ့ ဖေဖေတို့အတွက်လည်း မိသားစုဝင်ကို နေ့တိုင်းတွေ့မြင်ရတာကြောင့် စိတ်ပူတာတွေနည်းပြီး အလွန်အဆင်ပြေပါတယ်။ စည်းစည်းလုံးလုံးဖြစ်စေပါတယ်။ သားသားမီးမီးလေးတွေအတွက်လည်း ဖေဖေနဲ့ အမြဲရင်းနှီးနေစေပါတယ်။ အနေဝေးလို့ သွေးအေးတာမျိုး မဖြစ်တော့ဘူးပေါ့နော်။

Group ပြုလုပ်ပါ

မိသားစုဝင်တွေ ပေါင်းထားတဲ့ group တစ်ခု ဖန်တီးထားသင့်ပါတယ်။ Facebook ဒါမှမဟုတ် Viber ကိုသုံးပြီး group chat တစ်ခုလုပ်ထားပါ။ မေမေ၊ ဖေဖေ တို့အပြင် သားသားမီးမီးလေးတွေကိုလည်း ထည့်ထားပါ။ ဒါဆိုရင် မိသားစုဝင်တွေ အချိန်မရွေး အဆက်အသွယ်ရှိပြီပေါ့နော်။ ပြောစရာရှိတဲ့ စကားတွေကိုလည်း ချန်ထားခဲ့ရုံပါပဲ။

ဖုန်းဆက်ပါ

ဖေဖေတို့ အလုပ်နားချိန် ဒါမှမဟုတ် ထမင်းစားနားချိန်မှာ ဖုန်းဆက်ပါ။ ဖုန်းအကြာကြီး ပြောတာမျိုး မဟုတ်ဘဲ (၅)မိနစ်လောက် စကားပြောပေးပါ။

Related image

ဖေဖေတို့ အလုပ်နားချိန် ဒါမှမဟုတ် ထမင်းစားနားချိန်မှာ ဖုန်းဆက်ပါ (Photo by videohive)

 

ဆွေးနွေးတိုင်ပင်ပါ

သားသမီးအရေးနဲ့ ပတ်သက်လာရင် ဖေဖေတို့နဲ့ တိုင်ပင်ပါ။ အသိပေးပါ။ ဆွေးနွေးပါ။ ဘယ်လို တိုင်ပင်ဆွေးနွေးကြမလဲ။ ညတိုင်း video call ပြောတဲ့အခါ သားသားမီးမီးတို့အကြောင်း၊ ငွေကြေးနဲ့ အိမ်မှာတွေ့ကြုံရတဲ့ အခက်အခဲတွေကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါဆိုရင် ဖေဖေတို့လည်း အိမ်နဲ့ အဆက်မပြတ်ဘဲ အမြဲရှိနေသလို ခံစားနေမိမှာပါ။

သားသားမီးမီးလေးတွေကို စကားပြောခိုင်းပါ

မေမေတို့ ညပိုင်း video call ပြောတဲ့အခါ သားသားမီးမီးလေးတွေကိုပါ ဝင်ပြောခိုင်းပါ။ ဖေဖေနဲ့ မကြာခဏ စကားပြောခိုင်းတာက သားသားမီးမီးလေးတွေက ဖေဖေနဲ့ အမြဲရင်းနှီးနေစေပါတယ်။

အလည်သွားပါ

ဖေဖေတို့ အလုပ်လုပ်တဲ့နေရာက သွားလာရတာ အဆင်ပြေတယ်ဆိုရင် သားသားမီးမီးလေးတွေရဲ့ အားလပ်ရက်ရှည်တွေမှာ သွားလည်ပေးပါ။ ဒါဆို မိသားစုဝင်တွေ အမြဲတမ်းစည်းစည်းလုံးလုံးဖြစ်နေမှာပါ။

ဒီလိုမျိုးတွေ နေ့တိုင်းပြုလုပ်ပေးမယ်ဆိုရင် မိသားစုအပေါ် အဝေးမှာ အလုပ်လုပ်နေတဲ့ ဖေဖေတို့ရဲ့ စိုးရိမ်ပူပန်မှုတွေ နည်းသွားမှာဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: fatherhomework

Comments

0 comments
Latest video
Refer to more useful articles
x