ချစ်တင်းနှောချိန်မှာ တစ်ယောက်ဆန္ဒကို တစ်ယောက် ဘယ်လိုဖြည့်ဆည်းမလဲ

by: Phyo Pyae Thu
 0 comments  56 love

ချစ်တင်းနှောခြင်းအကြောင်းဆိုတာဟာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကို ဦးစားပေးပြီး ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်ပေါ်က အရသာတစ်မျိုးပါနော်။

ပွင့်လင်းပါ

ဖေဖေ မေမေတို့ရေ ချစ်တင်းနှောတာဟာ သဘာဝတွေထဲက အဓိက ကျတဲ့ အရာတစ်ခုပါ။ ချစ်တင်းနှောခြင်းအကြောင်းဆိုတာဟာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကို ဦးစားပေးပြီး ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်ပေါ်က အရသာတစ်မျိုးပါ။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ခံစားချက်ဆိုတော့ တစ်ဦးတစ်ယောက်ရဲ့ ဆန္ဒဆိုတာ သိပ်ကို အရေးကြီးသွားပါပြီ။ နှစ်ယောက်ဆိုတော့ တစ်ယောက်ရဲ့ စိတ်ကို တစ်ယောက် နားလည်ထားပြီး ဖြည့်ဆည်းဖို့လိုပါတယ်။ ဒါမှလည်း အိမ်ထောင်ရေးလေး စိုပြည်နေမှာပါ။

ချစ်တင်းနှောတဲ့အခါမှာ တစ်ယောက်ရဲ့ အလိုကို တစ်ယောက် လိုက်ရမယ်ဆိုတာ သိထားပေမယ့် လက်တွေ့မှာတော့ အလိုမလိုက်မိတာတွေလည်း ရှိတတ်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကိုယ်သာယာဖို့ပဲ ကြည့်နေမိတာမျိုးပါ။ ဖေဖေတို့ အနေနဲ့လည်း မေမေ့ရဲ့ သက်တောင့်သက်သာ ရှိမှုကို ဦးစားမပေးဘဲ ကိုယ်အဆင်ပြေဖို့ပဲ ကြည့်နေလို့တော့ မရနိုင်ပါဘူး။ ဒါတွေဟာ မေမေ့ကို အိပ်ယာထက်က ကိစ္စတွေကို စိတ်ကုန်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

လိုအင်ပြည့်ဖို့ ကြိုးစားပါ

မေမေတို့အနေနဲ့လည်း ဖေဖေ့ကို အမြဲတမ်း ဆွဲဆောင်မှု ရှိနေစေဖို့ လိုပါတယ်။ မွှေးကြိုင်လန်းဆန်းအောင် နေပါ။ ဖေဖေတို့ နှစ်သက်တဲ့ အပြုအမူနဲ့ စကားတွေကို ဆိုပါ။ စိတ်မဝင်စားရင်တောင် စိတ်ဝင်စားကြောင်းပြပါ။ ဖေဖေ့ရဲ့ လိုအင်ကို လိုက်လျောပါ။

မေမေတို့ရေ ခန္ဓာကိုယ်နှစ်ခု ပေါင်းစည်းတာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုလေး သိပ်ကို အရေးပါပါတယ်။ မေမေတို့ရဲ့ ခန္ဓာကိုယ်လေး ပျော့ပျောင်းနေပါစေ။ နောက်တစ်ခုကတော့ မေမေ့တို့ရဲ့ မိန်းမကိုယ်လေးကို သန့်ရှင်းအောင် ထားရပါမယ်။ စိတ်ဆန္ဒပြည့်စေဖို့ ဒီလောက်တော့ ကြိုးစားသင့်ပါတယ်နော်။

ဖေဖေတို့ရေ မေမေရဲ့ လိင်ပိုင်းဆိုင်ရာ စိတ်ခံစားချက်တွေကို အမြဲမေးပါ။ ဘာလို့လဲဆိုတော့ မေမေတို့ရဲ့ စိတ်ဟာ နူးညံ့ပြီး အကြိုက်ကလည်း ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် သူဘယ်လို ကြိုက်တတ်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: advicelovemindsafesex

Comments

0 comments
Latest video
Refer to more useful articles
x