ဇနီးကို လိမ်ပြောနေတာတွေက အိမ်ထောင်ရေးကို ထိခိုက်စေနိုင်

by: Nang Htwe
 0 comments  43 love

အဆိုးဆုံး အနှောင့်အယှက်ကတော့ ဖုန်းပါ။ ဖုန်းလာတာ၊ မက်ဆေ့ချ် ဝင်လာတာတွေက အရမ်းကို အနှောင့်အယှက် ဖြစ်စေပြီး ချစ်တင်းနှောချိန်မှာ စိတ်ကျေနပ်မှု မရရှိနိုင်ပါဘူး။

လူတိုင်းအမှားမကင်းနိုင်ကြပါဘူး။ ခင်ပွန်းသည်အနေနဲ့ အမှားတစ်ခုခု လုပ်မိတယ်ဆိုရင် ကိုယ့်အိမ်ထောင်ဖက်ဖြစ်တဲ့ ဇနီးသည်ကို မလိမ်ညာသင့်ပါဘူး။ ကိုယ့်ရဲ့ အမှားတွေနဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းပြောပြသင့်ပါတယ်။ ကိုယ့်အမှားတွေကို ဖုံးကွယ်ပြီး လိမ်ညာနေမယ်ဆိုရင် တချိန်ချိန် ဇနီးသည်သိသွားတဲ့အခါ ခွင့်မလွတ်နိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဇနီးသည်အပေါ် လိမ်ညာတာတွေ အခုပဲရပ်လိုက်ပါ။

ဇနီးသည်အပေါ် လိမ်ညာတာတွေ အခုပဲရပ်လိုက်ပါ (Photo by Verywell Mind )

(၁) ပြောပြပါ

ခင်ပွန်းသည်အနေနဲ့ ကိုယ့်ရဲ့အမှားတွေကို ပွင့်ပွင့်လင်းလင်းပြောပြပါ။ ဇနီးသည် စိတ်ကြည်လင်နေတဲ့အချိန်၊ ညအိပ်ယာဝင်တဲ့အချိန်နဲ့ အလုပ်မများတဲ့ အချိန်တွေ ရွေးချယ်ပြီး ပြောဖို့လိုအပ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောဆိုတာတွေက ဇနီးနဲ့ ခင်ပွန်းသည်ကြားမှာ မရှိမဖြစ် လိုအပ်နေတဲ့အရာတွေပါပဲ။

(၂) ဆွေးနွေးပါ

ခင်ပွန်းသည်အနေနဲ့ ကိုယ့်မှာ အခက်အခဲတွေရှိနေရင် ဇနီးသည်နဲ့ ဆွေးနွေးရပါမယ်။ ပြဿနာတွေကြိတ်ဖြေရှင်းတာ၊ ဝှက်ထားတာတွေက နောက်ဆက်တွဲ အဆင်မပြေဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးပါ။

(၃) အချိန်အခါကြည့်ပါ

ဇနီးသည်အတွက် စိတ်လှုပ်ရှားစရာဖြစ်သွားနိုင်တယ်ဆိုရင် အခြေအနေနဲ့ အချိန်အခါ ကြည့်ဖို့ လိုအပ်ပါတယ်။ ဇနီးသည်အတွက် အဆင်ပြေမယ့် အချိန်မှာ ပြောပြသင့်ပါတယ်။

(၄) မျက်လုံးချင်းဆုံပါ

အခက်အခဲနဲ့ ပြဿနာတွေပြောပြတဲ့အခါ ဇနီးသည်နဲ့ မျက်လုံးချင်းဆုံအောင်ကြည့်ပြီးပြောပါ။ အကြည့်တွေ ရှောင်လွဲနေတယ်ဆိုရင်တော့ လိမ်ပြောနေတာ သေချာပါပြီ။ ဇနီးသည်တွေက ကိုယ့်ရဲ့ယောကျာ်းရဲ့ အခြေအနေကို ခေါင်းအစခြေအဆုံး သိထားတဲ့သူတွေပါ။ လိမ်ပြောလို့မရပါဘူး။

(၅) လူတွေအများကြီးရှေ့မပြောပါနဲ့

ကိုယ့်ရဲ့ အခက်အခဲတွေကို ဇနီးသည်အားဖွင့်ပြောတော့မယ်ဆိုရင် တခြားမိသားစုဝင်တွေရှေ့မပြောမိပါစေနဲ့။ ဇနီးသည်နဲ့ နှစ်ယောက်ထဲရှိမှ ပြောပါ။ ကြားလူတွေရှိနေမယ်ဆိုရင် ပြဿနာတွေ ပိုကြီးသွားနိုင်ပါတယ်။

(၆) ယုံကြည်မှုရယူပါ

ကိုယ့်အမှားတွေကို ဇနီးအား ပွင့်ပွင့်လင်းလင်းပြောပြီး နောက်တခါ မှားတော့မှာ မဟုတ်ကြောင်း ကတိ ပေးပါ။ ကတိတည်အောင် ကြိုးစားရင်း ဇနီးရဲ့ ယုံကြည်မှုတွေ ရယူလိုက်ပါ။

(၇) အကြံဉာဏ်တောင်းပါ

ကိုယ့်ရဲ့ အခက်အခဲတွေ၊ အမှားတွေကို ဘယ်လိုပြင်ဆင်သင့်တယ်ဆိုတာ ဇနီးသည်ကို အကြံဉာဏ်တောင်းပါ။ ဇနီးသည်ရဲ့ ယုံကြည်မှုတွေ ပိုရစေပါတယ်။

လင်မယားကြားထဲမှာ ကြားလူးဝင်လာတဲ့ ကိစ္စကို အတော့်ကို ဆိုးပါတယ် (photo: footage.framepool.com)

လင်မယားကြား အဆင်ပြေနေစေဖို့ ဒါတွေရှောင်ပါ

စကား ရင်းရင်းနှီးနှီး မပြောခြင်းက အိမ်ထောင်ရေးကို ထိခိုက်စေနိုင်တဲ့ အချက်ပါ

တစ်ယောက်နဲ့ တစ်ယောက် နားထောင်ပေးတာတွေ၊ စကားပြောပေးတာတွေ လုပ်သင့်ပါတယ်။ အိမ်ထောင်ဖက်အပေါ်မှာ ချစ်ချစ် ခင်ခင် ကြင်ကြင်နာနာ စကားပြောတာမျိုး လုပ်ကို လုပ်ပေးရပါမယ်။ ဒါမှ သူဘာကို လိုချင်တယ် လိုအပ်တယ်ဆိုတာ သိလာမှာ ဖြစ်ပြီး ပိုအဆင်ပြေလာမှာပါ။ အေးတိ အေးစက် စကားကျဲတာက အိမ်ထောင်ရေးအတွက် အဖုအထစ် ဖြစ်စေပါတယ်။

လိင်ဆက်ဆံခြင်းဆိုတာ ဘယ်လောက်ပဲ စိတ်ဆိုး စိတ်ဆိုး ပြန်လည် စုပေါင်းစေတဲ့ အကောင်းဆုံးနည်းလမ်းပါ

 လိင်ဆက်ဆံခြင်းကို တယောက်ယောက်က ရှောင်နေမယ်ဆိုရင် ဒါဟာ ကြီးမားတဲ့ အိမ်ထောင်ရေး အက်ကြောင်းပါ။ မစိုပြည်တော့ခြင်းရဲ့ လမ်းစပါ။ အတူနေဖို့ တောင်းဆိုတဲ့အခါမှာ ငြင်းတာထက် အကောင်းမြင်စိတ်နဲ့ လက်ခံ လိုက်လျောဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ရင် အိမ်ထောက်ဖက်အတွက် အဆင်မပြေတာတွေ ဖြစ်နိုင်ပြီး အချိန်ကြာလာရင် လမ်းခွဲပြတ်စဲတဲ့အထိ ဖြစ်နိုင်ပါတယ်။

လင်မယားကြားထဲမှာ ကြားလူးဝင်လာတဲ့ ကိစ္စကို အတော့်ကို ဆိုးပါတယ်။ ကြားလူဆိုတာ  တစိမ်းလည်းဖြစ်နိုင်သလို ကိုယ့်ရဲ့ ဆွေမျိုးသားချင်းလည်း ဖြစ်နိုင်ပါတယ်။ မောင်နှမ၊ ယောက္ခမတွေကလည်း ကိုယ့်အိမ်ထောင်ရေးမှာ ကြားလူဖြစ်နိုင်ပြီး ထိခိုက်စေတတ်တာမို့ အကန့်လေးတွေ ခွဲထားပါ။

ကိုယ့်ရဲ့ လက်တွဲဖော် မကြိုက်တဲ့ အရာတွေကိုလည်း စွန့်လွှတ်ဖို့ စိတ်ကူးပါ

facebook နဲ့ လူမှုကွန်ယက်တွေကို စွဲလမ်းလွန်းနေတယ်ဆိုရင်တော့ ဒါတွေက အိမ်ထောင်ရေးမှာ အနှောင့်အယှက် ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝထဲမှာ ဝါသနာတွေကိုချည်း စွဲလန်းလွန်းနေတယ်ဆိုရင် အိမ်ထောင်ဖက်နဲ့ ဝေးကွာလာသလို ခံစားရပါလိမ့်မယ်။

အာရုံတွေကို ခံစားပါ

ဖေဖေရော မေမေရော အကြည့်၊ အထိအတွေ့၊ အနံ့တွေကို ခံစားပါ။ ကိုယ့်လက်တွဲဖော်ရဲ့ ကြည်နူးတဲ့ အကြည့်လေးတွေ၊ သာယာတဲ့ အထိအတွေ့လေးတွေနဲ့ မွှေးပျံ့လွန်းတဲ့ အနံ့လေးတွေကို ခံစားပါ။ ကိုယ်ကိုယ်တိုင်ကလည်း အဲဒီလိုလေးတွေ ပြည့်စုံအောင် ပြုလုပ်ထားပါ။ ဒါဆိုရင်တော့ လိင်ဆက်ဆံခြင်းမှာ ပြန်လည်စိတ်ပါလာနိုင်ပါတယ်။

စိတ္လႊတ္ထားပါ

ဖေဖေ မေမေတို့ရေ လိင်ဆက်ဆံချိန်မှာ စိတ်ကို ချုပ်တည်းထားတာက စိတ်ကျေနပ်မှု အပြည့်အဝ မရရှိစေနိုင်ပါဘူး။ လိင်မဆက်ဆံခင်မှာ နမ်းတာ၊ နှိပ်နယ်ပေးတာမျိုးလေးတွေ လုပ်ပါ။

အချစ်ဘာသာစကားတွေ နားလည်ပါ

နှစ်ကိုယ် နှစ်ယောက်တည်း ချစ်ခြင်းမေတ္တာတွေနဲ့ ချစ်တင်းနှောတဲ့အခါမှာ ကိုယ့်ရဲ့ လက်တွဲဖော်က ဘာကိုလိုချင် နှစ်သက်လဲဆိုတာ သိပါစေ။ ဒါကို ထုတ်မပြောဘူးဆိုရင်တောင် အချစ်ဘာသာစကားလေးတွေ သုံးပြီး သင်္ကေတလေးတွေနဲ့ ဖောြ်ပပါ။

အနှောင့်အယှက်တွေ ကင်းပါစေ

ဖေဖေ မေမေတို့ရေ ချစ်တင်းနှောချိန်မှာ ပတ်ဝန်းကျင်ရဲ့ အနှောင့်အယှက်တွေ ဝင်လာတာက အရမ်းကို စိတ်ညစ်စရာ အခြေအနေ တစ်ခုပါပဲ။ ပတ်ဝန်းကျင်က ဆူညံလွန်းနေတာ၊ ဧည့်သည်တွေ ရှိနေတာ၊ အခန်း မလုံတာမျိုး မဖြစ်သင့်ပါဘူး။ အဆိုးဆုံး အနှောင့်အယှက်ကတော့ ဖုန်းပါ။ ဖုန်းလာတာ၊ မက်ဆေ့ချ် ဝင်လာတာတွေက အရမ်းကို အနှောင့်အယှက် ဖြစ်စေပြီး ချစ်တင်းနှောချိန်မှာ စိတ်ကျေနပ်မှု မရရှိနိုင်ပါဘူး။

ပြင်ဆင်ပါ

ဖေဖေရော မေမေရော လိင်ဆက်ဆံခြင်း ပုံစံအသစ်အဆန်းလေးတွေ ပြင်ဆင်ပါ။ ကိုယ့်ရဲ့ လက်တွဲဖော်ကို အသစ်အဆန်းလေးတွေ ပေးစွမ်းနိုင်ဖို့ ကြိုးစားပါ။ ဒါဟာပုံစံတစ်ခုပဲတော့ မဟုတ်ပါဘူး။ သူ့အကြိုက် ကိုယ့်အကြိုက် ပြင်ဆင်ပါ။

ဇနီးသည်ကို လိမ်းညာတာတွေက ခင်ပွန်းသည်အတွက်ရော၊ မိသားစုအတွက်ပါ အကျိုးမရှိကြောင်း Kalay ကနေပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles