ကိုယ်ဝန်ယူဖို့ ကြိုးစားတဲ့အချိန်က စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်။ ဇနီးမောင်နှံတွေကြားမှာ စိတ်လှုပ်ရှားစရာအပြင် ပျော်ရွှင်မှု တွေပါ ထပ်ဆင့်ရရှိစေတဲ့ အချိန်ပါ။

ကိုယ်ဝန်ယူဖို့ ကြိုးစားတဲ့အချိန်က စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ် (Photo by motherandbaby)
အရင်အချိန် နဲ့ သာမန်အချိန်
သာမန်အချိန် လိင်ဆက်ဆံတဲ့ပုံစံနဲ့ ကိုယ်ဝန်ယူဖို့ လိင်ဆက်ဆံတဲ့ပုံစံက မတူပါဘူး။ စိတ်ခံစားချက်ကော ပုံစံပါ ပြောင်းလဲပါတယ်။ ပုံစံမကျတဲ့ လိင်ဆက်ဆံနည်းတွေက အရင်အချိန်တွေမှာ ပြဿနာမရှိပေမယ့် ကိုယ်ဝန်ယူမယ့်အချိန်မှာတော့ ပြဿနာရှိလာပါပြီ။ အရင်တုန်းက ကြိုက်တဲ့အချိန်မှာ အိမ်ထောင်ဖက်နဲ့ အဆင်ပြေသလို နေလို့ရပေမယ့် ကိုယ်ဝန်ယူမယ်ဆိုရင်တော့ မမျိုးဥကြွေချိန်ကို တွက်ပြီး တစ်လမှာ ဘယ်နှစ်ကြိမ်နေရမယ်ဆိုတာ တွက်ချက်ဖို့ လိုအပ်လာပါပြီ။

သာမန်အချိန် လိင်ဆက်ဆံတဲ့ပုံစံနဲ့ ကိုယ်ဝန်ယူဖို့ လိင်ဆက်ဆံတဲ့ပုံစံက မတူပါဘူး (Photo by motherandbaby)
သုတ်ပိုးကောင်းစေတဲ့ အစားအစာများ
အရင်အချိန်တွေတုန်းက သုတ်ပိုးမကောင်းတာ၊ မမျိုးဥကြွေတာတွေက သိပ်အရေးမပါပေမယ့်လည်း ကိုယ်ဝန်ယူတော့မယ်ဆိုရင်တော့ အရေးကြီးတဲ့ နေရာကနေ ပါဝင်လာပါပြီ။ သုတ်ပိုးတွေ ခန္ဓာကိုယ်ထဲရောက်ဖို့ လိုလာပြီး မမျိုးဥလေးနဲ့လည်း ဆုံဖို့အရေးကြီးလာပါတယ်။ လိင်မှုအားကောင်းစေတဲ့ အစားအစာတွေကို အရင်တုန်းက မစားခဲ့တာ ပြဿနာမရှိပေမယ့် ကိုယ်ဝန်ယူမယ့်အချိန်မှာတော့ စားသုံးဖို့ လိုအပ်လာပါပြီ။
လိင်ဆက်ဆံရမယ့် နေ့ရက်များ
မမျိုးဥကြွေချိန်မှာ လိင်ဆက်ဖို့လိုအပ်သလို ကြွေခါနီး (၂)ရက်အလိုခန့်မှာလည်း အိမ်ထောင်ဖက်နဲ့ အတူတူနေသင့်ပါတယ်။ သုတ်ပိုးလေးတွေက အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ(၂)ရက်ကြာ အသက်ရှင်နိုင်ပါတယ်။ မမျိုးဥကြွေမယ့်နေ့ကို မမေ့ဖို့ အရေးကြီးပါတယ်။ စိတ်ဖိစီးမှုတွေကလည်း လိင်ဆက်ဆံရာမှာ အနှောက်အယှက်ပေးတာကြောင့် ဇနီးမောင်နှံ(၂)ဦးစလုံး ပျော်ပျော်ရွင်ရွင်နေဖို့ လိုအပ်ပါတယ်။လိင်ဆက်ဆံတဲ့အခါမှာလည်း သုတ်ပိုးတွေ အပြင်ကို မထွက်ဖို့ အရေးကြီးသလို ပုံစံမှန်နေဖို့လည်း လိုပါတယ်။
ဆေးဝါးနဲ့ အစားအစာများ
သုတ်ပိုးအရည်အသွေးမကောင်းတာတွေ၊ နည်းတာတွေ၊ မမျိုးဥ မကြွေတာနဲ့ ဥပြွန်ပိတ်ဆို့တာတွေက ကိုယ်ဝန်ရဖို့ အတားအဆီးဖြစ်စေပါတယ်။ ဒါကြောင့် ဇနီးမောင်နှံ(၂)ဦးစလုံး ဆေးစစ်တာတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ မမျိုးဥနဲ့ သုတ်ပိုးတွေကို အထောက်အကူပြုတဲ့ ဆေးဝါးတွေ သောက်သုံးပေးဖို့ လိုအပ်သလို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကိုလည်း နေ့စဉ်စားသုံးပေးဖို့ လိုအပ်ပါတယ်။ ကျန်းမာအောင် နေထိုင်ဖို့လည်း လိုအပ်ပါတယ်။
မှန်ကန်တဲ့ လိင်ဆက်ဆံနည်းတွေက ကိုယ်ဝန်အမြန်ရဖို့ အထောက်အကူပြုနိုင်ကြောင်းကို Kalay ကနေ ပြောပြပေးလိုက်ပါတယ်။
Comments