လင်မယားကြား ဘာကြောင့် ခဏခဏ လိင်ဆက်ဆံသင့်တာလဲ

by: Nang Htwe
 0 comments  2 love

မကြာခဏ လိင်ဆက်ဆံပေးတာက ဇနီးမောင်နှံတွေမှာ စိတ်ဓာတ်ကျတာကို ကာကွယ်ပေးတဲ့အပြင် ပျော်ရွင်မှုတွေ ပြန်လည်ရရှိစေပါတယ်။ စိတ်ဖိစီးမှုတွေလည်း နည်းပါစေပါတယ်။

အိမ်ထောင်ဖက်နဲ့ မကြာခဏ လိင်ဆက်ဆံပေးတာက ဇနီးမောင်နှံတွေကြားမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများအပြားရရှိစေပါတယ်။ ကျန်းမာရေးကို မြင့်တင်ပေးပြီး ကိုယ်ခံစွမ်းအားကို ကောင်းစေပါတယ်။ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး အိပ်စက်ခြင်းကို အထောက်အကူပြုကာ ပျော်ရွှင်ခြင်းတွေ ရရှိစေပါတယ်။

အိမ်ထောင်ဖက်နဲ့ မကြာခဏ လိင်ဆက်ဆံပေးတာက ဇနီးမောင်နှံတွေကြားမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများအပြားရရှိစေပါတယ် (Photo by gettyimage)

မကြာခဏ လိင်ဆက်ဆံပေးခြင်းရဲ့ အကျိုးကျေးဇူးများ

၁။ စိတ်ဖိစီးမှု

စိတ်ဖိစီးမှုတွေကတော့ နေ့စဉ်နဲ့အမျှ ဝင်ရောက်နေပါတယ်။ လုပ်ငန်းခွင်၊ မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်း၊ ငွေကြေးနဲ့ တခြားအကြောင်းကိစ္စတွေကနေ စိတ်ဖိစီးမှုတွေ ဝင်ရောက်လာပါတယ်။ အိမ်ထောင်ဖက်နဲ့မကြာခဏ လိင်ဆက်ဆံတာက စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ်။

မကြာခဏ လိင်ဆက်ဆံပေးတာက သွေးပေါင်ချိန် မြင့်တက်တာကို ကာကွယ်ပေးပြီး ရုပ်ပိုင်းဆိုင်ရာ ဆယ်နွယ်ချက်တွေ ပိုကောင်းလာစေပါတယ် (Photo by gettyimage)

၂။ သွေးပေါင်ချိန်

မကြာခဏ လိင်ဆက်ဆံပေးတာက သွေးပေါင်ချိန် မြင့်တက်တာကို ကာကွယ်ပေးပြီး ရုပ်ပိုင်းဆိုင်ရာ ဆယ်နွယ်ချက်တွေ ပိုကောင်းလာစေပါတယ်။

၃။ ကိုယ်ခံစွမ်းအား

မကြာခဏလိင်ဆက်ဆံပေးတာက ကိုယ်ခံစွမ်းအားကောင်းစေပြီး အအေးမိ၊ တုပ်ကွေဖြစ်တာနဲ့ ဖျားနာတာတွေကို ကာကွယ်ပေးပါတယ်။

၎။ အိပ်စက်ခြင်း

လိင်ဆက်ဆံတာက အိပ်စက်ခြင်းကို အထောက်အကူပြုတာကြောင့် ဇနီးမောင်နှံတွေမကြာခဏ ပြုလုပ်ပေးသင့်ပါတယ်။

၅။ ရာသီစက်ဝန်း

မကြာခဏ လိင်ဆက်ဆံခြင်းရဲ့ အကျိုးကျေးဇူးတခုကတော့ စိတ်ဖိစီးမှုတွေ နည်းပါးလာပြီး ရာသီစက်ဝန်းမှန်ကန်လာတာပါ။ ရာသီလာစဉ်ခံစားရတဲ့ နာကျင်မှုဝေဒနာတွေကိုလည်း သက်သာစေပါတယ်။

၆။ နှလုံးကျန်းမာရေး

မကြာခဏ လိင်ဆက်ဆံပေးတာက ကယ်လိုရီတွေ လောင်ကျွမ်းစေပြီး နှလုံးကျန်းမာရေးကို ကာကွယ်ပေးပါတယ်။ တစ်ပတ်ကို သုံးကြိမ်ခန့် လိင်ဆက်ဆံပေးတာက နှလုံးထိခိုက်တာကိုလျော့နည်းစေပြီး လေဖြတ်တာကို ကာကွယ်ပေးပါတယ်။

၇။ စိတ်ဓာတ်ကျခြင်း

မကြာခဏ လိင်ဆက်ဆံပေးတာက ဇနီးမောင်နှံတွေ စိတ်ဓာတ်ကျတာကို ကာကွယ်ပေးတဲ့အပြင် ပျော်ရွှင်မှုတွေကို ခေါ်ဆောင်လာပါတယ်။

ဇနီးမောင်နှံတွေကြားမှာ မကြာခဏ လိင်ဆက်ဆံပေးတာက စိတ်ဓာတ်ကျတာကို ကာကွယ်ပေးတဲ့အပြင် ကျန်းမာရေးကို အထောက်အကူပြုနိုင်ကြောင်းကို Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

 

 

From Kalay with

Tag: Depressionhealthlovesex

Comments

0 comments
Latest video