လိင်ဆက်ဆံလိုစိတ် တိုးမြှင့်ပေးတဲ့ အစားအစာ(၇)မျိုး

by: Nang Htwe
 0 comments  0 love

Antioxidants ကြွယ်ဝစွာပါတဲ့ သလဲသီးကတော့ သွေးလည်ပတ်မှုကောင်းစေပြီး လိင်ဆက်ဆံလိုစိတ်တွေ တိုးမြင့်ပေးတာကြောင့် ဇနီးမောင်နှံတွေ ရွေးချယ်စားသုံးပေးသင့်ပါတယ်။

စိတ်ဖိစီးတာတွေက လိင်ဆက်ဆံချင်စိတ်တွေ လျော့နည်းစေပါတယ်။ အထူးသဖြင့် ဇနီးမောင်နှံတွေမှာ ဒီပြဿနာပိုမိုရင်ဆိုင်ရပါတယ်။ ဒါကြောင့် လိင်ဆက်ဆံချင်စိတ်ကို မြင့်တင်ပေးတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပေးသင့်ပါတယ်။

လိင်ဆက်ဆံချင်စိတ်ကို မြင့်တင်ပေးတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပေးသင့်ပါတယ် (Photo by gettyimage)

လိင်ဆက်ဆံလိုစိတ် တိုးမြင့်ပေးတဲ့ အစားအစာ(၇)မျိုး

၁။ ဖရုံစေ့လှော်

အလွယ်တကူ ဝယ်ယူစားသုံးနိုင်တဲ့ ဖရုံစေ့လှော် ကတော့ ဇနီးမောင်နှံတွေကို လိင်ဆက်ဆံလိုစိတ် တိုးမြင့်ပေးပါတယ်။ ဇင့်ဓာတ်ပါဝင်တာကြောင့် လိင်ဆက်ဆံလိုစိတ်ကို တိုးမြင့်စေပါတယ်။ ဒါကြောင့် ဖရုံစေ့လှော်ကို ဇနီးမောင်နှံတွေ မကြာခဏ စားသုံးပေးသင့်ပါတယ်။

အနက်ရောင်ချောကလက်ကတော့ လိင်ဆက်ဆံလိုစိတ် တိုးမြင့်ပေးတယ်ဆိုတာ အားလုံးနီးပါး သိထားပါတယ် (Photo by Everyday Health)

၂။ သလဲသီး

Antioxidants ကြွယ်ဝစွာပါတဲ့ သလဲသီးကတော့ သွေးလည်ပတ်မှုကောင်းစေပြီး လိင်ဆက်ဆံလိုစိတ်တွေ တိုးမြင့်စေပါတယ်။ ဒါကြောင့် သလဲသီးကို ဇနီးမောင်နှံတွေ ရွေးချယ်စားသုံးပေးသင့်ပါတယ်။

၃။ ကန်စွန်းဥ

ကန်စွန်းဥမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်ပါတယ်။ သွေးဖိအားမြင့်တက်တာကို လျှော့ချပေးပြီး လိင်ဆက်ဆံလိုစိတ်ကို တိုးမြင့်စေပါတယ်။

၎။ ပန်းသီး

အလွယ်တကူ ဝယ်ယူနိုင်တဲ့ ပန်းသီးကတော့ ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးတဲ့အပြင် လိင်ဆက်ဆံလိုစိတ်ကို တိုးမြင့်ပေးပါတယ်။ ဒါကြောင့် ဇနီးမောင်နှံတွေ အသီးအနှံစားတဲ့အခါမှာ ပန်းသီးကို ထည့်သွင်းစားပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

၅။ ဖရဲသီး

အလွယ်တကူဝယ်ယူနိုင်ပြီး ဈေးနှုန်းချိုသာတဲ့ ဖရဲသီးမှာ ရေဓာတ်(၉၂)ရာခိုင်နှုန်းပါဝင်တဲ့အပြင် လိင်အင်္ဂါတစ်ရှုးတွေဆီကို သွေးလည်ပတ်မှုကောင်းစေပြီး လိင်ဆက်ဆံလိုစိတ်ကို တိုးမြင့်ပေးပါတယ်။

၆။ အနက်ရောင်ချောကလက်

အနက်ရောင်ချောကလက်က လိင်ဆက်ဆံလိုစိတ် တိုးမြင့်ပေးတယ်ဆိုတာ အားလုံးနီးပါး သိထားပါတယ်။

၇။ ပျားရည်

ပျားရည်က အာဟာရရှိပြီး ကျန်းမာရေးကောင်းစေတဲ့အပြင် လိင်ဆက်ဆံလိုစိတ်တွေလည်း တိုးမြင့်ပေးပါတယ်။ ဒါကြောင့် နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာ ပျားရည်ကို ထည့်သွင်းပေးသင့်ပါတယ်။

အစားအစာကို နေ့စဉ် စနစ်တကျနဲ့ မှန်မှန်ကန်ကန်စားသုံးတာက ကျန်းမာရေးကောင်းစေတဲ့အကျိုးကျေးဇူးတွေအပြင် လိင်ဆက်ဆံလိုစိတ်ပါ တိုးမြင့်ပေးနိုင်ကြောင်းကို Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: foodsImprovesex life


Comments

0 comments
Latest video
Refer to more useful articles
x