Valentine’s Day ကို ဖေဖေတို့ သတိရလာအောင် လုပ်ဖို့ နည်းလမ်းလေးတွေ

by: Nang Htwe
 0 comments  0 love

ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခု ပိုင်ဆိုင်ထားမှသာ Valentine’s Day နေ့က အသက်ဝင်နေမှာပါ

ဖေဖေရဲ့ ဂရုစိုက်ခြင်းတွေ နေ့တိုင်း မရရင်တောင်မှ Valentine’s Day ဒါမှမဟုတ် မွေးနေ့ ဒါမှမဟုတ် မင်္ဂလာနှစ်ပတ်လည်နေ့တွေမှာ သတိတရဖြစ်နေစေချင်ကြပါတယ်။ ဒီလို အရေးကြီးတဲ့ နေ့ရက်တွေကို ဖေဖေတို့ မေ့နေတာက မေမေတို့အတွက် စိတ်ထိခိုက်ပါတယ်။ ဖေဖေတို့ အနေနဲ့လည်း မိသားစုအတွက် အလုပ်လုပ်နေရတာကြောင့် တော်တော်တန်တန် ကိစ္စတွေကို မမှတ်မိပါဘူး။ တကူးတကကြီး မေ့ထားတာ မဟုတ်ပါဘူး။ အလုပ်များတာ၊ မိသားစုအရေးနဲ့ စိတ်ဖိစီးမှုတွေကြောင့် မမှတ်မိတာပါ။ Valentine’s Day ကို ဖေဖေတို့ သတိရလာအောင် မေမေတို့ဘက်က ပြုလုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။

ဖေဖေရဲ့ ဂရုစိုက်ခြင်းတွေ နေ့တိုင်း မရရင်တောင်မှ Valentine’s Day ဒါမှမဟုတ် မွေးနေ့ ဒါမှမဟုတ် မင်္ဂလာနှစ်ပတ်လည်နေ့တွေမှာ သတိတရဖြစ်နေစေချင်ကြပါတယ် (Photo by South China Morning Post)

(၁) အထူးဂရုစိုက်ပါ

Valentine’s Day ဒါမှမဟုတ် မင်္ဂလာနှစ်ပတ်လည်နေ့တွေမှာ အိမ်ထောင်ဖက်က သတိရတဲ့အထိ မစောင့်ပါနဲ့။ ဒီလိုနေ့မျိုးမှာ အရင်ကထက်ပိုတဲ့ ဂရုစိုက်ခြင်းတွေ ပိုပေးလိုက်ပါ။ ဥပမာ မနက်ခင်းဖေဖေတို့ အိပ်ယာထမှာ Valentine Day လက်ဆောင်ပေးလိုက်တာမျိုး၊ ညစာအထူးပြင်ဆင်ထားတာမျိုးနဲ့ မက်ဆေ့ပို့တာမျိုး ပြုလုပ်ပေးလိုက်ပါ။ ဒါဆို အလုပ်များနေတဲ့ ဖေဖေ ကသတိရသွားပြီး သူ့ဘက်ကလည်း မေမေတို့အတွက် ပြန်ပြီး ပြင်ဆင်မှုတွေ ပေးလာမှာပါ။

(၂) သတိပေးပါ

မေမေတို့ဖက်က သတိပေးလိုက်တာ ပိုကောင်းပါတယ်။ မနက်ဖြန် Valentine’s Day ဒါမှမဟုတ် မင်္ဂလာနှစ်ပတ်လည်နေ့ဆိုရင် ဒီနေ့ညလောက်မှာ မနက်ဖြန်ဘာနေ့ဖြစ်ကြောင်း သတိပေးလိုက်ပါ။ ဒါဆို ဖေဖေတို့ မမေ့တော့ပါဘူး။ လက်ဆောင်စ္စည်းဝယ်စရာ အချိန်လည်း ပိုရသွားတာပေါ့နော်။

(၃) ပွင့်ပွင့်လင်းလင်းပြောပါ

Valentine’s Day ဒါမှမဟုတ် မွေးနေ့ ဒါမှမဟုတ် မင်္ဂလာနှစ်ပတ်လည်နေ့တွေမှာ မေမေတို့ဖြစ်ချင်တဲ့ ဆန္ဒကို ပွင့်ပွင့်လင်းလင်းပြောလိုက်ပါ။ ဒါဆိုရင် ဖေဖေဘက်က မေမေတို့ဖြစ်ချင်တာကို စီစဉ်ပေးပါလိမ့်မယ်။

ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခု ပိုင်ဆိုင်ထားမှသာ Valentine’s Day နေ့က အသက်ဝင်နေမှာပါ (Photo by Times of India)

(၄) ကျေးဇူးတင်ကြောင်းပြောပါ

အိမ်ထောင်ဖက်က Valentine’s Day မှာ လက်ဆောင်ပစ္စည်းဝယ်ပေးတာ ဒါမှမဟုတ် ညစာစားပွဲစီစဉ်ပေးတာမျိုးပြုလုပ်တဲ့အခါ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေးဇူးတင်ကြောင်း ပြောပါ။ ဒီလို ကျေးဇူးတင်ကြောင်း မကြာခဏ ပြောတာက ဖေဖေတို့အတွက် အရေးကြီးနေ့ရက်တွေ မှတ်မိနေစေပါတယ်။

(၅) အမြဲအဆက်အသွယ်လုပ်ပါ

တခါတလေ တစ်နေကုန်လို့ စကားတစ်ခွန်းနှစ်ခွန်းထက် ပိုမပြောတာရှိပါတယ်။ ဒီလို တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်ပြတ်နေတာက  Valentine’s Day နေ့တွေလိုမျိုး အမှတ်တရနေ့တွေ မေ့နေတတ်ပါတယ်။ နေ့တိုင်းခင်ပွန်းနဲ့ စကားပြောတာ၊ လမ်းလျှောက်တာ၊ ညစာအတူတူစားတာ စတဲ့ အဆက်အသွယ်မျိုး မကြာခဏ ပြုလုပ်ပေးပါ။

(၆) ပျော်ရွှင်တဲ့ အိမ်ထောင်ရေး

မေမေတို့ရဲ့ အိမ်ထောင်ရေးက မပျော်ရွှင်တာ ဒါမှမဟုတ် မကြာခဏ ရန်ဖြစ်နေတယ်ဆိုရင် Valentine’s Day နေ့လိုမျိုး အမှတ်တရနေ့တွေကို မှတ်မိနေမှာ မဟုတ်ပါဘူး။ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခု ပိုင်ဆိုင်ထားမှသာ Valentine’s Day နေ့က အသက်ဝင်နေမှာပါ။

(၇) တာဝန်ယူပါ

Valentine’s Day နေ့ကို မသိချင်ယောင်ဆောင်တာမဟုတ်ဘဲ မေ့နေတယ်ဆိုရင် ဘာကြောင့် မေ့နေတာလဲဆိုတာ စုံစမ်းသင့်ပါတယ်။ အလုပ်ပင်ပန်းနေတာလား၊ စိတ်ဖိစီးမှုတွေရှိနေတာလား၊ ဘာအခက်အခဲတွေ ကြုံနေရတယ်ဆိုတာ မေမေတို့ဘက်က သိအောင်ကြိုးစားပြီး ကူညီဖြေရှင်းပေးသင့်ပါတယ်။

Valentine’s Day နေ့ကို ဖေဖေတို့ မေ့နေတယ်ဆိုရင်တောင် မေမေတို့ဘက်က အရင်နေ့ကထက် ပိုပြီးဂရုစိုက်ပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles