အိမ်ထောင်ရေး ပျော်ပျော်ရွှင်ရွင်တည်မြဲနေစေဖို့ ဒါလေးတွေ လုပ်နော်

by: Phyo Pyae Thu
 0 comments  3 love

ဖေဖေမေမေတို့အနေနဲ့ ချစ်လို့ ခိုင်မြဲအောင်တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးကို ပျက်စီးပြိုကွဲစေချင်မှာ မဟုတ်ပါဘူး။ အိမ်ထောင်ဘက်ရဲ့ အကြိုက်ကို သိအောင် လုပ်ပါ။

ဖေဖေမေမေတို့အနေနဲ့ ချစ်လို့ ခိုင်မြဲအောင်တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးကို ပျက်စီးပြိုကွဲစေချင်မှာ မဟုတ်ပါဘူး။ အိမ်ထောင်ရေးတစ်ခု ပျော်ပျော်ရွှင်ရွှင်နဲ့ တည်မြဲဖို့ဆိုရင်တော့ လုပ်ဆောင်ပေးရမှာတွေ ရှိပါတယ်။

ကောင်းမွန်သာယာတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့ဆိုရင် ဘယ်ကိစ္စမဆို ကောင်းတဲ့ဘက်က တွေးပြီး စကားပြောပေးပါ (Photo by Adult)

စကားပြောပါ

ကောင်းမွန်သာယာတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့ဆိုရင် ဘယ်ကိစ္စမဆို ကောင်းတဲ့ဘက်က တွေးပြီး စကားပြောပေးပါ။ ဒါဟာ အရမ်းအရေးကြီးတဲ့ အချက်တစ်ချက်ပါ။ ဘာလို့လဲဆိုတော့ ဘယ်အကြောင်းအရာ မဆို ဆန့်ကျင်ပြောဆိုနေတာကို ဘယ်သူမှမကြိုက်ပါဘူး။

 မေးပါ

ကိုယ့်ရဲ့ အိမ်ထောင်ဖက်အပေါ်မှာ ကိုယ့်ရဲ့ထင်မြင်ယူဆချက်၊ သံသယတွေနဲ့ မဆက်ဆံပါနဲ့။ စိတ်ထဲ အလိုမကျတာတွေ ရှိရင် ပွင့်ပွင့်လင်းလင်း မေးမြန်းပါ။ မဟုတ်ရင် သံသယတွေနဲ့ ကိုယ်ပဲပူလောင်လွန်းပြီး အိမ်ထောင်ရေးကို ပြတ်စဲချင်တဲ့ စိတ်တွေ ပေါ်လာနိုင်ပါတယ်။

ကျေးဇူးတင်ပါ၊ ချစ်တယ်ပြောပါ

ဒီအကြောင်းအရာက အရေးကြီးတဲ့ အချက်ပါ။ တော်တော်များများက  အိမ်ထောင်ကျပြီးသွားရင် ချစ်တယ် ပြောဖို့ မေ့နေတတ်ကြသလို မလိုတော့ဘူးလို့လည်း ထင်ပါတယ်။ တကယ်တမ်းတော့ ဒီလိုမျိုး ချစ်တယ်ပြောပေးဖို့ လိုပါတယ်။ ဒါမှသာ အိမ်ထောင်ရေးက နွေးထွေးနေမှာပါ။ မဟုတ်ရင် အေးတိအေးစက်ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ့်ရဲ့ အိမ်ထောင်ဘက်ဟာ ကိုယ့်အတွက် လုပ်ဆောင်ပေးရတာတွေ ပေးဆပ်ပေးရတာတွေ အပြန်အလှန်ရှိကြမှာပါပဲ။ ဒါကြောင့် ကျေးဇူးတင်စကား ပြောပါ။

ကောင်းမွန်သာယာတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့ဆိုရင် ဘယ်ကိစ္စမဆို ကောင်းတဲ့ဘက်က တွေးပြီး စကားပြောပေးပါ  (Photo by freepik.com)

ချစ်ပြပါ

မေမေ ဖေဖေတို့ရေ တစ်ယောက်နဲ့တစ်ယောက်ချစ်ပြကြပါ။ ချစ်ခြင်းမေတ္တာဆိုတာ အဆုံးသတ်သွားတဲ့အရာမဟုတ်ပါဘူးနော်။  အိမ်ထောင်ကျတယ်ဆိုတာ အချစ်တွေ အဆုံးသတ်တာ မဟုတ်ကြောင်း သက်သေပြပါနော်။

နားလည်ပါ

အိမ်ထောင်ဘက်ရဲ့ အကြိုက်ကို သိအောင် လုပ်ပါ။ ဒါဟာ အကောင်းဆုံးဆက်သွယ်မှုပါပဲ။ ကိုယ့်အိမ်ထောင်ဘက်ရဲ့ အကြိုက်ကို လိုက်ပြီး လုပ်ဆောင်ပေးတာက အိမ်ထောင်ရေး သာယာစေပါတယ်။ အိမ်ထောင်ဘက်ရဲ့ စိတ်ကိုဖတ်နိုင်လေ ကောင်းလေပါပဲနော်။

ငြင်းဆိုမှုတွေ ရှောင်ပါ

ငြင်းဆိုတာတွေ ရှောင်ပါဆိုတာဟာ အမြဲတမ်းလက်ခံနေရမယ်လို့တော့ မဆိုလိုပါဘူး။ အိမ်ထောင်ရေး ပြဿနာတွေဟာ ကလေးကိစ္စ၊ လိင်ဆက်ဆံခြင်းနဲ့ ငွေကြေးကြောင့် ဖြစ်ရတာ များပါတယ်။ ဒါကြောင့် ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး အရမ်းငြင်းဆိုတာတွေ မလုပ်ပါနဲ့။

ဖေဖေမေမေတို့ အပေါ်မှာပြောတဲ့ အချက်လေးတွေကို လိုက်နာမယ်ဆိုရင် လမ်းခွဲပြတ်စဲခြင်း ကင်းတဲ့ အိမ်ထောင်ရေးလေး ဖြစ်မှာပါ။

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: advicegood tipssexူlove

Comments

0 comments
Latest video
Refer to more useful articles
x