အိမ်ထောင်ရေးလေး သာယာစိုပြည်ချင်တယ်ဆိုရင်

by: Phyo Pyae Thu
 1 comments  17 love

 အေးတိ အေးစက် စကားကျဲတာက အိမ်ထောင်ရေးအတွက် အဖုအထစ် ဖြစ်စေပါတယ်

ဖေဖေ မေမေတို့ရေ အိမ်ထောင်ရေးလေး သာယာစိုပြည်ဖို့ဆိုတာ ကိုယ့်ရဲ့ စိတ်အခြေအနေပေါ်မှာပဲ မူတည်တာပါနော်။ ဆည်းလည်းသံလေးတွေ မြည်နေသလို သာယာငြိမ့်ညောင်းတဲ့ အိမ်ထောင်ရေးလေး ဖြစ်ဖို့အတွက် ဆောင်ရ၊ ရှောင်ရမှာလေးတွေလည်း ရှိတယ်နော်။ ဒီတခါမှာတော့ အိမ်ထောင်ရေးလေး စိုပြည်သာယာစေဖို့ ရှောင်ရမယ့် အချက်လေးတွေကို Kalay မှ ဖော်ပြလိုက်ပါတယ်နော်။

စကားရင်းရင်းနှီးနှီး မပြောခြင်းက အိမ်ထောင်ရေးကို ထိခိုက်စေနိုင်တဲ့ အချက်ပါ(Photo: Thought Catalog)

စကားရင်းရင်းနှီးနှီး မပြောခြင်းက အိမ်ထောင်ရေးကို ထိခိုက်စေနိုင်တဲ့ အချက်ပါ

တစ်ယောက်နဲ့ တစ်ယောက် နားထောင်ပေးတာတွေ၊ စကားပြောပေးတာတွေ လုပ်သင့်ပါတယ်။ အိမ်ထောင်ဖက်အပေါ်မှာ ချစ်ချစ် ခင်ခင် ကြင်ကြင်နာနာ စကားပြောတာမျိုး လုပ်ကို လုပ်ပေးရပါမယ်။ ဒါမှ သူဘာကို လိုချင်တယ် လိုအပ်တယ်ဆိုတာ သိလာမှာ ဖြစ်ပြီး ပိုအဆင်ပြေလာမှာပါ။ အေးတိ အေးစက် စကားကျဲတာက အိမ်ထောင်ရေးအတွက် အဖုအထစ် ဖြစ်စေပါတယ်။

အေးတိ အေးစက် စကားကျဲတာက အိမ်ထောင်ရေးအတွက် အဖုအထစ် ဖြစ်စေပါတယ်(Photo: Thought Catalog)

လိင်ဆက်ဆံခြင်းဆိုတာ

ဘယ်လောက်ပဲ စိတ်ဆိုး စိတ်ဆိုး ပြန်လည် စုပေါင်းစေတဲ့ အကောင်းဆုံးနည်းလမ်းပါ။ အကယ်လို့များ လိင်ဆက်ဆံခြင်းကို တယောက်ယောက်က ရှောင်နေမယ်ဆိုရင် ဒါဟာ ကြီးမားတဲ့ အိမ်ထောင်ရေး အက်ကြောင်းပါ။ မစိုပြည်တော့ခြင်းရဲ့ လမ်းစပါ။ အတူနေဖို့ တောင်းဆိုတဲ့အခါမှာ ငြင်းတာထက် အကောင်းမြင်စိတ်နဲ့ လက်ခံ လိုက်လျောဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ရင် အိမ်ထောက်ဖက်အတွက် အဆင်မပြေတာတွေ ဖြစ်နိုင်ပြီး အချိန်ကြာလာရင် လမ်းခွဲပြတ်စဲတဲ့အထိ ဖြစ်နိုင်ပါတယ်။

လင်မယားကြားထဲမှာ ကြားလူဝင်လာတဲ့ ကိစ္စက အတော့်ကိုဆိုးပါတယ်

ကြားလူဆိုတာ  တစိမ်းလည်းဖြစ်နိုင်သလို ကိုယ့်ရဲ့ ဆွေမျိုးသားချင်းလည်း ဖြစ်နိုင်ပါတယ်။ မောင်နှမ၊ ယောက္ခမတွေကလည်း ကိုယ့်အိမ်ထောင်ရေးမှာ ကြားလူဖြစ်နိုင်ပြီး ထိခိုက်စေတတ်တာမို့ အကန့်လေးတွေ ခွဲထားပါ။

လက်တွဲဖော် မကြိုက်တဲ့ အရာတွေကိုလည်း စွန့်လွှတ်ဖို့ စိတ်ကူးပါ

Facebook နဲ့ လူမှုကွန်ယက်တွေကို စွဲလမ်းလွန်းနေတယ်ဆိုရင်တော့ ဒါတွေက အိမ်ထောင်ရေးမှာ အနှောင့်အယှက် ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝထဲမှာ ဝါသနာတွေကိုချည်း စွဲလန်းလွန်းနေတယ်ဆိုရင် အိမ်ထောင်ဖက်နဲ့ ဝေးကွာလာသလို ခံစားရပါလိမ့်မယ်။

ကိုယ့်ရဲ့ လက်တွဲဖော် အိမ်ထောင်ဖက်ကို အချိန်ပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x