မွေးဖွားဖို့ဆေးရုံတက်တော့မယ်ဆိုရင် ခင်ပွန်းဖြစ်သူက ဘာတွေလုပ်ပေးရမလဲ

by: Nang Htwe
 0 comments  0 love

မေမေလောင်းတို့ရဲ့ လိုအပ်ချက်တွေကို ဖေဖေလောင်းတို့က အလိုက်သိ ဖြည့်ဆည်းပေးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်

ကလေးမွေးဖွားဖို့ ဗိုက်ဗိုက်လေးတွေ ဆေးရုံသွားရတော့မယ်ဆိုရင် လိုအပ်တာတွေ ထုတ်ပိုးပြီး ယူလာခဲ့ရတော့မှာပါ။ စိတ်လှုပ်ရှားတာရော၊ စိုးရိမ်စိတ်တွေပါ ရောထွေးနေတာကြောင့် ခင်ပွန်းသည်ရဲ့ အကူအညီတွေ အများကြီးလိုအပ်ပါတယ်။

ဇနီးသည်ရဲ့ လိုအပ်ချက်တွေ အကုန်လုံးကို လိုက်ပြီး ဖြည့်ဆည်းပေးပါ  (Photo by emmasdiary)

ဒီလိုအချိန်မှာ ခင်ပွန်းသည်က မေမေလောင်းတို့ စိုးရိမ်စိတ်တွေနည်းအောင် အကူအညီတွေပေးသင့်ပါတယ်။ ဆေးရုံမှာ အသုံးပြုမယ့် ပစ္စည်းတွေ ထုတ်ပိုးပေးတာ၊ အစားအသောက်အတွက် စီမံပေးတာ၊ ဆေးရုံမှာလိုအပ်မယ့် စာရွက်စာတမ်းတွေ ပြင်ဆင်တာမျိုး ပြုလုပ်ပေးသင့်ပါတယ်။

အဝတ်အစား ပြင်ဆင်ပေးခြင်း

ကိုယ်ဝန်ဆောင်မိခင် ဆေးရုံမှာ ပေါ့ပေါ့ပါးပါးဖြစ်နေဖို့အတွက် သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေကို ရွေးချယ်ဝယ်ပေးသင့်ပါတယ်။ နောက်ပြီး ပေါ့ပါးတဲ့ စောင်တွေ၊ ခေါင်းအုံးတွေ၊ pillow လေးတွေနဲ့ တခြားအသုံးအဆောင် ပစ္စည်းတွေကို ဖေဖေလောင်းတို့က စီစဉ်ပေးပါ။

အစားအသောက်စီမံပေးခြင်း

ကိုယ်ဝန်ဆောင်မေမေ အားပြည့်နေဖို့အတွက် အစားအသောက်တွေကို စီမံပေးရပါမယ်။ ထမင်းဟင်း၊ သောက်စရာ၊ သရေစာနဲ့ အသီးအနှံတွေကိုလည်း ဖေဖေလောင်းတို့က ပြင်ဆင်ပေးရပါမယ်။

မေမေလောင်းတို့ မွေးဖွားခါနီးအချိန်မှာ ဖေဖေလောင်းတို့အနေနဲ့ ဇနီးသည်ဘေးမှာ အမြဲရှိပေးပါ (Photo by iStock )

အပျင်းပြေအောင်နဲ့ စိတ်တည်ငြိမ်အောင်

ကိုယ်ဝန်ဆောင်ဇနီးသည် ဆေးရုံမှာ မပျင်းအောင် ဖေဖေလောင်းတို့ စီစဉ်ပေးသင့်ပါတယ်။ သီချင်းအေးအေးလေးတွေ နားထောင်ဖို့ ရှာဖွေပေးတာ၊ စာအုပ်တွေ ရှာဝယ်ပေးတာနဲ့ စိတ်ဖိစီးမှုတွေ နည်းစေမယ့် အရာတွေကို ပြုလုပ်ပေးသင့်ပါတယ်။ ဒီလို ခင်ပွန်းသည်ရဲ့ အကူအညီတွေကြောင့် မွေးဖွားခါနီးပြီဖြစ်တဲ့ မေမေလောင်းတို့ရဲ့ စိတ်ဖိစီးမှုတွေ နည်းသွားစေပါတယ်။ ဖုန်း၊ tablet တွေကို ယူသွားပေးပါ။ မေမေလောင်းတို့ ဆော့ကစားနိုင်မယ့် game လေးတွေ ရှာပြီး ဆော့ခိုင်းပါ။

လိမ္မာအောင်နေပေးလိုက်ပါ

မေမေလောင်းတို့ မွေးဖွားခါနီးအချိန်မှာ ဖေဖေလောင်းတို့အနေနဲ့ ဇနီးသည်ဘေးမှာ အမြဲရှိပေးပါ။ ဇနီးသည်ရဲ့ လိုအပ်ချက်တွေ အကုန်လုံးကို လိုက်ပြီး ဖြည့်ဆည်းပေးပါ။

အမှတ်တရများ သိမ်းဆည်းပါ

ကလေးမွေးဖွားခါနီးအချိန်နဲ့ မွေးတဲ့အချိန်လေးတွေမှာ အမှတ်တရလေးတွေ ကျန်နေရစ်ခဲ့အောင် ဓါတ်ပုံရိုက်ထားသင့်ပါတယ်။

ဖေဖေလောင်းတို့ မမေ့မလျှော့ ယူခဲ့ရမှာကတော့

  • မျက်မှန် (မေမေလောင်းတို့က မျက်မှန်တပ်တဲ့သူဆိုရင်)
  • ခေါင်းအုံး
  • ပန်ကာ
  • နာရီ
  • ရေဗူး
  • ခဲတံ ဒါမှမဟုတ် ဘောပင် နဲ့ စာအုပ် တို့ကို မမေ့ပါနဲ့နော်။

မေမေလောင်းတို့ရဲ့ လိုအပ်ချက်တွေကို ဖေဖေလောင်းတို့က အလိုက်သိ ဖြည့်ဆည်းပေးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x