မေမေတို့ရဲ့ ခံစားချက်တွေကို ဖေဖေတို့သိအောင် ဘယ်လိုလုပ်ကြမလဲ

by: Nang Htwe
 0 comments  3 love

မေမေတို့ပြောချင်တဲ့ ခံစားချက်တွေကို ဖွင့်ပြောဖို့ အခက်အခဲတွေ ရှိနေပြီလား။ဖွင့်ပြောလိုက်ရင်လည်း ဖေဖေတို့ စိတ်မကောင်းဖြစ်မှာ စိုးရိမ်တာလား။

တစ်ခါတစ်လေကျရင် မေမေတို့အနေနဲ့ ဖေဖေတို့ကို ဖွင့်မပြောချင်တဲ့ စကားေတွရှိပါတယ်။ စိတ်ထဲက ခံစားချက်တွေကိုလည်း ဖေဖေတို့ကို ဖွင့်ပြောဖို့ ဝန်လေးနေပါတယ်။ မေမေတို့စိတ်ထဲမှာ ဖေဖေတို့အလိုအလျောက်သိနေဖို့ မျှော်လင့်တတ်ကြပါတယ်။ မေမေတို့ဘက်ကမှ ဖွင့်မပြောတာ ဖေဖေတို့က ဘယ်လိုလုပ် သိနိုင်မှာလဲ။ မေမေတို့အနေနဲ့ ပါးစပ်ကနေ ဖွင့်မပြောဘဲနဲ့ သိစေနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုဖို့ လိုလာပါပြီ။

စိတ်ထဲက ခံစားချက်တွေကိုလည်း ဖေဖေတို့ကို ဖွင့်ပြောဖို့ ဝန်လေးနေပါတယ် (Photo by 24h.com.vn)

မေမေတို့ရဲ့ ခံစားချက်တွေကို ဖေဖေတို့သိအောင် ဘယ်လိုလုပ်ကြမလဲ။ Kalay ကနေ ပြောပြပေးမှာမို့ ဆက်ပြီးဖတ်ပေးပါဦးနော်။

၁။ ရေးမှတ်ထားပါ

မေမေတို့အနေနဲ့ ခံစားရသမျှကို စာအုပ်ထဲမှာ ရေးမှတ်ထားပါ။ ဒိုင်ယာရီစာအုပ်ပုံစံမျိုး စာအုပ်လှလှလေးထဲမှာ ခံစားချက်တွေကို ချရေးထားပါ။ မင်္ဂလာနှစ်ပတ်လည်နေ့ သို့မဟုတ် မွေးနေ့မှာ လက်ဆောင်အဖြစ်ပေးပါ။ ဒါဆိုရင်တော့ မေမေတို့ရဲ့ ခံစားချက်တွေကို ဖေဖေတို့သိရှိသွားပြီပေါ့။

၂။ မျက်နှာအမူအရာ

မေမေတို့ရဲ့ စိတ်ခံစားချက်တွေကို မျက်နှာအမူအရာနဲ့ ပြနိုင်ပါတယ်။ မေမေတို့မျက်နှာအမူအရာပြောင်းလဲနေရင် ဖေဖေတို့က အကျိုးအကြောင်းကို မေးပါလိမ့်မယ်။ ဒါဆိုရင်တော့ မေမေတို့ရဲ့ ခံစားချက်တွေကို ပြောပြလိုက်ပါနော်။

မေမေတို့ရဲ့ စိတ်ခံစားချက်တွေကို မျက်နှာအမူအရာနဲ့ ပြနိုင်ပါတယ်(Photo by LunchClick)

၃။ လက်ဆောင်ပေးပါ

မွေးနေ့တို့ မင်္ဂလာနှစ်ပတ်လည်နေ့တို့ မဟုတ်ဘဲ သာမန်နေ့မျိုးမှာ လက်ဆောင်ပေးပါ။ ထူးထူးဆန်းဆန်းဖြစ်မယ့် ပစ္စည်းလေးတွေကို ရွေးချယ်ပေးပါ။ ပြီးရင် မေမေတို့ရဲ့ ခံစားချက်တွေကို ပြောပြပါ။ ဒါဆိုရင်တော့ ဖေဖေတို့က သေသေချာချာနားထောင်မှာ သေချာပါတယ်။

၄။ စကားအစဖော်ပါ

ဖေဖေတို့နဲ့ စကားပြောတဲ့အခါမှာ ခံစားချက် အစစကားလုံးလေးတွေကို ဆွဲထုတ်လိုက်ပါ။ စကားလုံးတွေ ဆက်စပ်မှုရသွားရင်တော့ မေမေတို့ရဲ့ခံစားချက်တွေကို စတင်ပြောလို့ရပါပြီ။

၅။ ပွင့်ပွင့်လင်းလင်းမေးပါ

မေမေတို့ရဲ့ ခံစားချက်တွေကို မေးခွန်းအဖြစ်ပြောင်းပြီး ဖေဖေတို့ကို မေးကြည့်ပါ။ ပြီးမှ မေမေတို့အနေနဲ့ အဖြေကို ပြောပြတဲ့ပုံစံမျိုးနဲ့ ခံစားချက်တွေကို ဖေဖေတို့သိအောင် ပြောပြနိုင်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles