ဖေဖေတို့ အချစ်ကြမ်းလို့ မေမေတို့ ခန္ဓာကိုယ်အလှပျက်သွားပြီလား

by: Phyo Pyae Thu
 0 comments  1 love

လိင်ဆက်ဆံတာတွေက အရမ်းကြီး ကြမ်းမယ်ဆိုရင် မေမေတို့ရဲ့ ခန္ဓာကိုယ်မှာ ထိခိုက်တာတွေ ရှိနိုင်ပါတယ်နော်။

ဖြည်းဖြည်းချစ်ပါနော်

 

ဖေဖေတို့ရေ မေမေ့ကို ဖြည်းဖြည်းပဲ ချစ်ပါနော်။ ဖေဖေတို့ရဲ့ အချစ်တွေ မကြမ်းဖို့ လိုပါတယ်။ ဆိုလိုတာကတော့ လိင်ဆက်ဆံတာတွေက အရမ်းကြီး ကြမ်းမယ်ဆိုရင် မေမေတို့ရဲ့ ခန္ဓာကိုယ်မှာ ထိခိုက်တာတွေ ရှိနိုင်ပါတယ်နော်။ ဒါကြောင့် အချစ်မကြမ်းမိစေဖို့ သတိပြုပါ။

ခန္ဓာကိုယ်ရဲ့ အလှကို မထိခိုက်ဖို့ဆိုတာ မေမေ့တို့ ရင်သားတွေရဲ့ တင်းရင်းမှုနဲ့ တင်ပါး အသားအရေအမြဲ ကောင်းမွန်နေဖို့ လိုပါတယ်။ ဒီလို တင်းရင်းမှုတွေ မပြေလျော့စေဖို့အတွက် လိင်ဆက်ဆံတဲ့ ပုံစံတွေကို ဂရုစိုက်ရမယ်နော်။ ဒါမှ မေမေတို့ရဲ့ မိန်းမကိုယ်ထိခိုက်မှု သက်သာပြီး ရေရှည် ကောင်းမွန်မှာပါနော်။

ဖေဖေတို့ အနေနဲ့ အချစ်ကြမ်းကြမ်း လိင်ဆက်ဆံတဲ့အခါမှာ doggy style ကို အသုံးပြုကောင်း ပြုနိုင်ပါတယ်။ ဒါဟာ ဖေဖေ့အတွက် အဆင်ပြေစေနိုင်ပေမယ့် မေမေ့ရဲ့ မိန်းမကိုယ်နဲ့ သားအိမ်အတွက်တော့ ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။ ဒီလိုပုံစံ ဆက်ဆံတာက မိန်းမကိုယ်နဲ့ သားအိမ်ကို နက်နက်ရှိုင်းရှိုင်း ထိတာမို့ ရေရှည်မှာတာ့ အနာတရ ဖြစ်နိုင်ပါတယ်။

 

မေမေတို့ အပေါ်ကနေ နေပြီး ဆက်ဆံတာကလည်း ပုံမှန်တော့ မထိခိုက်ဘူး ဆိုပေမယ့် ဖေဖေတို့ရဲ့ လိင်အင်္ဂါ ထိခိုက်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ လိင်အင်္ဂါကျိုးတာတွေ၊ အရေပြား ထိခိုက်တာတွေ ဖြစ်စေနိုင်သလို မေမေရဲ့ မိန်းမကိုယ် ကျုံ့နိုင်၊ ဆန့်နိုင်ခြင်းကိုလည်း လျှော့ကျစေပါတယ်။

Up against the wall ကတော့ တကယ့်ကို ပျော်စရာ ကောင်းတဲ့ လိင်ဆက်ဆံတဲ့ ပုံစံလေးပါ။ ဒီပုံစံကတော့ အရမ်းကြမ်းမယ်ဆိုရင် မေမေတို့ရဲ့ ကျောရိုးနာကျင်ခြင်းနဲ့ တင်ပါး ပြားတာတွေ ဖြစ်နိုင်ပါတယ်နော်။ ဒါကြောင့် ဖြည်းဖြည်းလေးပဲ ချစ်ပါနော်။ ဒီပုံစံလေးတွေက လုံးဝ မဆက်ဆံရတာတော့ မဟုတ်ဘူးပေါ့နော်။ မကြမ်းဖို့တော့ ဂရုပြုနော်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: advicecareDad LifeloveMom lifesex


Comments

0 comments
Latest video
Refer to more useful articles