စိတ်တို ဒေါသထွက်လွယ်တဲ့ ခင်ပွန်းကို ဘယ်လိုဂရုစိုက်ပေးမလဲ

by: Nang Htwe
 1 comments  0 love

ခင်ပွန်းသည် ဒေါသထွက်တဲ့အခါ မေမေတို့ဘက်က စိတ်ကို တည်ငြိမ်အောင် စုစည်းပြီး ရှောင်ထွက်သွားပေးပါ။ ဒေါသကို ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့။

ဇနီးမောင်နှံကြားမှာ ဒေါသဆိုတာ ကြောက်စရာကောင်းတဲ့ လက်နက်တစ်ခုပါ။ ဒေါသကြောင့် တစ်ယောက်နဲ့ တစ်ယောက် မုန်းတီးသွားနိုင်သလို ဘယ်တော့မှ မတွေ့ချင်တော့တာကိုလည်း ကြုံရနိုင်ပါတယ်။ အထူးသဖြင့် ဒေါသထွက်လွယ်သူကို ပိုပြီးသတိထားရပါမယ်။ ခင်ပွန်းသည်က ဒေါသထွက်လွယ်သူတစ်ယောက်ဆိုရင် ဇနီးဖြစ်သူက ဘယ်လို ဂရုစိုက်ပေးသင့်လဲ။

တစ်ယောက်နဲ့ တစ်ယောက် မုန်းတီးသွားနိုင်သလို ဘယ်တော့မှ မတွေ့ချင်တော့တာကိုလည်း ကြုံရနိုင်ပါတယ် (Photo by Brain Wellness Spa)

၁။ အသိအမှတ်ပြုခြင်း

ခင်ပွန်းသည် ဒေါသထွက်တဲ့အခါ မေမေတို့ဘက်က စိတ်ကို တည်ငြိမ်အောင် စုစည်းပြီး ရှောင်ထွက်သွားပေးပါ။ ဒေါသကို ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့။ ပိုပြီး ဒေါသထွက်လာနိုင်ပါတယ်။ မေမေတို့ဘက်ကလည်း ပြန်ပြောတာ၊ အော်တာနဲ့ ပြန်ပြီးဒေါသထွက်တာက အခြေအနေတွေကို ပိုဆိုးစေပါတယ်။ ခင်ပွန်းသည်ရဲ့ ဒေါသကို လက်မခံကြောင်း ပြသတဲ့အနေနဲ့ ဘာမှမပြောတော့ဘဲ ရှောင်လိုက်တာ အကောင်းဆုံးပါ။

၂။ လေးစားမှု

ခင်ပွန်းသည်ရဲ့ စိတ်ကူး၊ အကြံဥာဏ်နဲ့ အပြုအမူတွေကို ဇနီးက လေးစားဖို့ လိုအပ်ပါတယ်။ လေးစားမှုက တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ယုံကြည်မှုတွေ တိုးလာစေပါတယ်။ ဇနီးသည်က ခင်ပွန်းကို လေးစားတဲ့အနေနဲ့ စကားပြောတဲ့အခါ ဂရုတစိုက်နားထောင်ပေးတာ၊ အကြံဥာဏ်ကောင်းလေးတွေပေးတာနဲ့ ထောက်ခံတာတွေပြုလုပ်ပေးသင့်ပါတယ်။ ရှောင်ကျဉ်ရမှာကတော့ ခနဲ့တာ၊ မခန့်လေးစားပြုလုပ်တာ၊ နားမထောင်တာနဲ့ မသိသလို ဟန်ဆောင်တာတွေက ခင်ပွန်းသည်ကို ဒေါသထွက်စေပါတယ်။

၃။ နားလည်မှု

ခင်ပွန်းသည်ရဲ့ စိတ်ကို နားလည်အောင် ကြိုးစားပါ။ ခင်ပွန်းပြောချင်တာ၊ ဖြစ်ချင်တာနဲ့ အကောင်အထည်ဖော်ချင်တာတွေကို ဂရုတစိုက်နားထောင်ပေးပါ။ အခက်အခဲတွေကို ရင်ဖွင့်တဲ့အခါမှာလည်း စိတ်ဝင်တစား နားထောင်ပါ။

Related image

ကြောက်ရွံ့ခြင်း၊ ဝမ်းနည်းမှု၊ အားငယ်ခြင်း၊ နာကျင်ခြင်းနဲ့ အားနည်းချက်တွေက ဒေါသအဖြစ် ပြောင်းလဲလာပါတယ် (Photo by How Do I Date)

၎။ လေ့ကျင့်ပေးပါ

ကြောက်ရွံ့ခြင်း၊ ဝမ်းနည်းမှု၊ အားငယ်ခြင်း၊ နာကျင်ခြင်းနဲ့ အားနည်းချက်တွေက ဒေါသအဖြစ် ပြောင်းလဲလာပါတယ်။ တခြားသူတွေနဲ့ ဒေါသမထွက်မဖြစ်အောင် မေမေတို့ သတိပေးပါ။ စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ လေ့ကျင့်ခိုင်းပါ။ ဒေါသထွက်လာတော့မယ်ဆိုရင် အသက်ဝဝရှူခိုင်းတာ၊ ဂဏန်းရေရွတ်စေတာနဲ့ အာရုံလွဲတာမျိုး မကြာခဏ ပြုလုပ်ခိုင်းပါ။

၅။ ငြင်းခုန်ခြင်း

ခင်ပွန်းသည်က ဒေါသထွက်လွယ်သူတစ်ယောက်ဆိုရင် ဇနီးက ငြင်းခုန်တာကို ရှောင်ရှားလိုက်ပါ။ ပြဿနာတွေ ဖြေရှင်းတဲ့အခါ အဖြေအမျိုးမျိုးရှိနိုင်ကြောင်းနဲ့ တခြားသူရဲ့ အမြင်တွေကိုလည်း လေးစားသင့်ကြောင့် ခင်ပွန်းကိုပြောပြပါ။

၆။ တည်တည်ငြိမ်ငြိမ်

ပြဿနာတွေ ကြုံလာရတဲ့အခါ တည်တည်ငြိမ်ငြိမ် ဖြေရှင်းဖို့ ကြိုးစားပါ။ ဒါဆိုရင် ဒေါသထွက်တာ နည်းသွားပါလိမ့်မယ်။ ခင်ပွန်းရဲ့ အတွေးတွေနဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်ပါနဲ့။

ဒေါသကြောင့် အိမ်ထောင်ရေးမှာ ပြဿနာမဖြစ်ရလေအောင် အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ် ဖြေရှင်းကြဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x