ဇနီးမောင်နှံတွေကြားက လိင်စိတ်နည်းပါးခြင်း

by: Nang Htwe
 0 comments  8 love

ညအိပ်ယာဝင်ချိန်မှာ ဇနီးမောင်နှံ (၂)ဦးစလုံး ဘာမှစကားမပြောဖြစ်ကြဘဲ အိပ်ပျော်သွားတာတွေ များလာနေတယ်ဆိုရင်တော့ ပြဿနာကို အမြန်အဖြေရှာသင့်ပါပြီ။

အကြောင်းအမျိုးမျိုးကြောင့် ဇနီးမောင်နှံတွေကြားမှာ အိမ်ထောင်ရေးသုခတွေ ပျောက်ဆုံးနေပါတယ်။ ဇနီးမောင်နှံတွေမှာ လိင်စိတ်ခမ်းခြောက်ခြင်းကြောင့် အိမ်ထောင်ရေးပြဿနာတွေနဲ့ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရလာနိုင်ပါတယ်။

ညအိပ်ယာဝင်ချိန်မှာ ဘာမှစကားမပြောဖြစ်ကြဘဲ အိပ်ပျော်သွားတာတွေ များလာနေတယ်ဆိုရင်တော့ ပြဿနာကို အမြန်အဖြေရှာသင့်ပါပြီ (Photo by Voncho)

ဇနီးမောင်နှံတွေကြားမှာ လိင်စိတ် ခမ်းခြောက်နေရတဲ့ အကြောင်းအရင်းများ

၁။ လုပ်ငန်းခွင်

လုပ်ငန်းခွင်မှာ အလုပ်တွေများပြီး စိတ်ဖိစီးမှုတွေများနေရင်လည်း လိင်ဆက်ဆံလိုစိတ်တွေ တဖြည်းဖြည်းနည်းပါးလာပါတယ်။ ဒါကြောင့် မကြာခဏ အနားယူပေးဖို့လိုအပ်ပါတယ်။ အပန်းဖြေခရီးထွက်ခြင်းနဲ့ ပါတီပွဲပြုလုပ်ပေးတာတွေက စိတ်ဖိစီးမှုတွေကို လျော့နည်းစေပါတယ်။ အိမ်ထောင်ရှင်တွေအနေနဲ့ လုပ်ငန်းခွင်နဲ့ အိမ်ထောင်ရေးကို ဟန်ချက်ညီနေဖို့ ကြိုးစားသင့်ပါတယ်။

စိတ်ဖိစီးမှုတွေ များနေတာကြောင့်လည်း လိင်စိတ်ခမ်းခြောက်နိုင်ပါတယ် (Photo by Huffington)

၂။ ကိုယ်ခံစွမ်းအား

ကိုယ်ခံစွမ်းအားနည်းသူတွေမှာ ပြင်ပကရောဂါပိုးတွေ ဝင်ရောက်လာပြီး မကြာခဏ ဖျားနာတာတွေ ကြုံတွေ့ရနိုင်ပါတယ်။ မကြာခဏ ဖျားနာတဲ့အခါမှာ လိင်ဆက်ဆံလိုစိတ် တဖြည်းဖြည်း လျော့နည်းလာပါတယ်။ ဒါကြောင့် ကိုယ်ခံစွမ်းအားကောင်းမွန်ဖို့အတွက် ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေကို မျှမျှတတစားပေးတာနဲ့ နေ့စဉ်လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ပေးပါ။

၃။ စိတ်ဖိစီးမှု

စိတ်ဖိစီးမှုတွေ များနေတာကြောင့်လည်း လိင်စိတ်ခမ်းခြောက်နိုင်ပါတယ်။ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ စာအုပ်ဖတ်ခြင်းနဲ့ သီချင်းအပျာ့စားတွေကို နားထောင်ပေးတာက စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ်။

၎။ သွေးပေါင်ချိန်မြင့်တက်ခြင်းနဲ့ နာတာရှည်ရောဂါများ

သွေးပေါင်ချိန် မြင့်တက်တာကြောင့်လည်း လိင်ဆက်ဆံလိုစိတ်နည်းတာနဲ့ ကုန်ခမ်းတာကို ကြုံတွေ့ရနိုင်ပါတယ်။ နာတာရှည်ရောဂါရှိခြင်း၊ ကင်ဆာဆေးဝါးများ ကုသမှုခံယူခြင်းနဲ့ တခြားကျန်းမာရေးပြဿနာတွေကြောင့်လည်း လိင်စိတ်ကုန်ခမ်းနိုင်ပါတယ်။

အိမ်ထောင်ရေးသုခပြည့်ဝဖို့အတွက် ဇနီးမောင်နှံတွေအနေနဲ့ အထက်ပါဖော်ပြထားတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရပြီဆိုရင် အချိန်မဆွဲဘဲ မြန်မြန်ကုသမှု ခံယူပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: bodyhappensex


Comments

0 comments
Latest video
Refer to more useful articles