ကလေးမွေးပြီးနောက် ချစ်တင်းနှောရင်ကောင်းစေဖို့ မိန်းမကိုယ်ကျပ်စေမယ့် လေ့ကျင့်ခန်း

by: Phyo Pyae Thu
 0 comments  59 love

ချစ်တင်းနှောချိန်မှာ မိန်းမကိုယ်လျော့ရဲလို့ စိတ်ညစ်နေရတယ်ဆိုရင်တော့ တင်းကျပ်တဲ့ မိန်းမကိုယ်လေး ပြန်ရအောင် လုပ်ဆောင်ဖို့ လိုပါတယ်။

မိန်းမကိုယ် ပြောင်းလဲမှုဟာ သိသာပါတယ်။

မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာ ချစ်တင်းနှောခြင်းကို ရှောင်ရှားခဲ့ကြမှာပါ။ ကလေးမွေးပြီးနောက်ပိုင်းမှာတော့ ချစ်တင်းနှောတဲ့ ကိစ္စကို ပြန်လည် ဆောင်ရွက်လို့ ရပြီနော်။ ဗိုက်ခွဲမွေးထားတဲ့ မေမေတွေအတွက်တော့ မိန်းမကိုယ်ရဲ့ ပြောင်းလဲမှုက မသိသာပေမယ့် ရိုးရိုးမွေးတဲ့ မေမေတွေမှာတော့ မိန်းမကိုယ် ပြောင်းလဲမှုဟာ သိသာပါတယ်။

ချစ်တင်းနှောချိန်မှာ မိန်းမကိုယ်လျော့ရဲလို့ စိတ်ညစ်နေရတယ်ဆိုရင်တော့ တင်းကျပ်တဲ့ မိန်းမကိုယ်လေး ပြန်ရအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ လေ့ကျင့်ခန်းလေး လုပ်ရုံပါပဲ။ မေမေတို့ ကြိုးစားကြည့်ပေးနော်။

မိန်းမကိုယ်ကို ပြန်လည် တင်းကျပ်စေဖို့ ထိရောက်တဲ့လေ့ကျင့်ခန်းလေးကတော့ Kegel ပါ။ ဒီလေ့ကျင့်ခန်းက ကိုယ်တစ်ယောက်တည်း ပေါ့ပေါ့ပါးပါး လုပ်လို့ ရတာမျိုးပါနော်။ Kegel လေ့ကျင့်ခန်းက သားအိမ်၊ ဆီးအိမ်၊ အူသိမ်ပိုင်းနဲ့ အစာဟောင်းအိမ်တို့ကို ထောက်ပံ့ပေးတဲ့ တင်ပါးဆုံကြွက်သားကို သန်မာစေပါတယ်။ လျော့ရဲနေတဲ့ မိန်းမကိုယ်ကို တင်းကျပ်စေတဲ့အပြင် ဆီးလမ်းကြောင်းကို ထောက်ပံ့ပေးတဲ့ ကြွက်သားတွေရဲ့ အားနည်းချက်ကြောင့် ဖြစ်တဲ့ ဆီးမထိန်းနိုင်ခြင်းကို ကာကွယ်ပေးပါတယ်။

တင်ပါးဆုံကြွက်သားကို သန်မာစေပါတယ်။

မေမေတို့ရေ ဆီးသွားတာကို ရပ်စေတဲ့ ကြွက်သားကို ရှာဖွေဖို့ လိုပါတယ်။ အဲဒီ ကြွက်သားကို (၃) စက္ကန့်လောက် လျှော့တာနဲ့ ညှစ်တာလေး လုပ်ပါ။ အဲဒီလို လုပ်နေချိန်မှာတော့ ဝမ်းဗိုက်ကြွက်သားနဲ့ တင်ပါးကြွက်သားတွေကို မညှစ်မိပါစေနဲ့နော်။ တစ်ကြိမ်မှာ (၁၀) စက္ကန့်ညှစ်နိုင်တဲ့အထိ တစ်ပတ်ကို တစ်စက္ကန့်လောက်ဆီ တိုးပြီး လုပ်ရပါမယ်နော်။ တစ်ခေါက်လုပ်ရင်  (၁၀)ကြိမ်၊ (၁၅)ကြိမ်အထိ ပြုလုပ်ပါ။ တစ်ရက်ကို (၃)ခေါက်ခန့်ပြုလုပ်နိုင်အောင် ကြိုးစားပါ။  ဆီးသွားနေချိန်မှာ မလုပ်ရပါဘူး။ ဆီးသွားနေချိန်ပြုလုပ်တာက ဆီးအိမ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းလေး လုပ်တဲ့အခါမှာ ထူးခြားတာကို ခံစားမိမှာပါ။ အကယ်လို့ (၃) လလောက် လုပ်တာတောင် တိုးတက်တယ်လို့ မခံစားရရင်တော့ ဆရာဝန် ပြကြည့်လို့ ရပါတယ်နော်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: adviceafter birthsex


Comments

0 comments
Latest video
Refer to more useful articles
x