ကလေးက ကျောင်းပြန်တက်မှကို ဖြစ်မှာလား ?

by: Khin Nyein Lwin
 0 comments  0 love

မေမေတို့အနေနဲ့ ကိုယ့်ကလေးကို ကိုယ်ထားနိုင်တဲ့ ဘောင်အတွင်း၊ ကိုယ်လုပ်နိုင်တဲ့ ဘောင်အတွင်းကပဲ စိတ်ချမ်းသာစွာ လုပ်ပေးဖို့ လိုအပ်ပါတယ်။

မေမေတို့ရေ . . . ဒီနေ့လို ခေတ်ထဲမှာ ကိုယ့်ကလေးကို ကျောင်းထားရမှာလား၊ မထားရဘူးလား နဲ့ ကျောင်းပြန်တက်မှကို ဖြစ်မှာလားဆိုတာ မေမေတို့ကို တော်တော် စိတ်ညစ်စေပါတယ်နော်။ သူများတွေတောင် ထားနေပြီ။ ငါတို့က ဘာလို့ မထားနိုင်သေးတာလဲ စသဖြင့်ပေါ့။

ကိုယ်ချင်းစာပါတယ် မေမေတို့ရေ။ အမှန်တော့ ကလေးပညာရေးအတွက်က ကျောင်းထားကို ထားရမှလဲ မဟုတ်ပါဘူးနော်။ ထားနိုင်တဲ့ မိဘတွေကလဲ ထားပေါ့နော်။ မထားနိုင်သေးတဲ့ မိဘတွေအနေနဲ့လဲ စိတ်ညစ်ဖို့ မလိုပါဘူးနော်။ မေမေတို့အနေနဲ့ ကိုယ့်ကလေးကို ကိုယ်ထားနိုင်တဲ့ ဘောင်အတွင်း၊ ကိုယ်လုပ်နိုင်တဲ့ ဘောင်အတွင်းကပဲ စိတ်ချမ်းသာစွာ လုပ်ပေးဖို့ လိုအပ်ပါတယ်။

မေမေကိုယ်တိုင် ဂရုတစိုက်နဲ့ နေ့တိုင်းမှာ အချိန်လေးတစ်ခု သတ်သတ်မှတ်မှတ်ထားပြီး သင်ပေးနိုင်ရင် အဆင်ပြေဆုံးပေါ့။ အလုပ်တဖက်နဲ့ မအားတဲ့ မေမေများလည်း ရှိနေနိုင်တာလဲ သိပါတယ်။ ဒါမဲ့ ညဘက်လေးမှာ ကလေးတွေကို အချိန်လေးတခုထားပြီး အားတဲ့အချိန်လေးမှာ စာလေးတွေနဲ့ကလေးကို များများထိတွေ့ပေးဖို့လိုပါတယ်။

အစိုးရကျောင်းမထားချင်ဘူး၊ အင်တာနေရှင်နယ်ကျောင်းတွေလဲ မထားနိုင်ဘူးဆိုရင် မေမေတို့အနေနဲ့ ကိုယ်တိုင်ကလေးကို စာသင်ပေးလို့ရသလို ကိုယ်တတ်နိုင်တဲ့ ပိုက်ဆံပမာဏလောက်နဲ့ပဲ ဆရာမခေါ်ပြီး သင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကလေးကို သူကိုယ်တိုင်လေ့လာသင်ယူချင်အောင်လည်း လုပ်ပေးဖို့ လိုပါတယ်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles