အချိန်အများစုမှာ မေ့မေ့မူကြိုကလေးက ပျော်ရွှင်နေတဲ့ ကလေးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရမ်းငယ်တဲ့ကလေးတွေလည်း စိတ်ဖိစီးနိုင်တယ်ဆိုတာ မေမေသိပါသလား။ မူကြိုကလေးများအတွက် ဖြစ်လေ့ဖြစ်ထရှိသော စိတ်ဖိစီးမှုများမှာ အချိန်မှန် လုပ်ရတဲ့ အလုပ်များလွန်းခြင်း၊ ဖျားနာခြင်း၊ လှုပ်ရှားမှုများခြင်း၊ နေ့တိုင်းတွေ့ရတဲ့ ကလေးကချစ်ရတဲ့သူများနဲ့ (ဥပမာ-မေမေ) ခွဲခွာခြင်းတို့ ပါဝင်ပါတယ်။
မူကြိုကလေးတစ်ယောက်အနေနဲ့ စိတ်ဖိစီးမှု ခံစားရတဲ့ လက္ခဏာများအနေနဲ့
- ကလေးက ရုတ်တရက် အရာရာများကို စိတ်မဝင်စားပုံရသွားခြင်း။
- အထူးသဖြင့် သုန်မှုန်ခြင်း ဒါမှမဟုတ် စိတ်ဆိုးခြင်း။
- ကစားချိန်မှာ မကစားခြင်း။
- နေရာအသစ်ကို ရောက်တဲ့အခါ အိမ်ပြန်ချင်တယ်လို့ ပြောခြင်း။
- ကလေးရဲ့ အိမ်သာ-လေ့ကျင့်ရေးက တိုးတက်မလာခြင်း။
စတာတွေ ကလေးမှာ ဖြစ်နေတတ်ပါတယ်။
ဒီလို ကလေးစိတ်ဖိစီးမှုများသောအချိန်များတွင်
မေမေကလေးကို အချိန်ပို ပေးပါ။ ကလေးမှာ ဖြစ်ပျက်နေတဲ့ အရာများကို တခုခြင်း ပြန်တွေး သုံးသပ်ပြီး ကလေးကို လုံခြုံမှု ပိုရှိစေဖို့ လုပ်ဆောင်သင့်ပါတယ်။ လုံခြုံမှုဆိုတာမှာ ကလေးရဲ့ ရုပ်ကော၊ စိတ် လုံခြုံမှုပါ ပါဝင်ပါတယ်။ကလေးခံစားနေရတဲ့ စိတ်ဖိစီးမှုများက ဘာကနေ လာတာလဲဆိုတာ အဖြေရှာသင့်ပါတယ်လို့ အကြံပေးလိုက်ပါတယ်နော်။
Comments