မူကြိုတက်နေတဲ့ သားသားမီးမီးတို့အတွက် အထောက်အကူပြုသီချင်း

by: Nang Htwe
 0 comments  0 love

တခြားနှုတ်ဆက်ပွဲတွေမှာလည်း အထောက်အကူပြုပါတယ်။ မူကြိုနှုတ်ဆက်ပွဲမှာ အထောက်အကူပြုတဲ့ သီချင်းတွေကို kalay ကနေ ပြောပြပေးမယ်နော်။

မူကြိုဆိုတာ ကလေးတွေအတွက် ဘဝတစ်ဆစ်ချိုးအချိန်ဖြစ်သလို ပညာရေးရဲ့ အခြေခံအုတ်မြစ်ပါ။ ပြီးတော့ မူကြိုနဲ့ပတ်သက်ပြီး ကလေးတိုင်းမှာ အမှတ်တရတွေရှိတတ်တယ်။ အခုနောက်ပိုင်း မူကြိုတွေမှာ နှုတ်ဆက်ပွဲတွေ ပါဝင်လာတယ်။ ကလေးတွေက မူကြိုကနေ မူလတန်း(KG)ကို တဆင့် တက်ရတော့မယ်ဆိုရင် သူတို့လေးတွေနဲ့ အတူတူ မူကြိုမှာစာသင်ခဲ့တဲ့ သူငယ်ချင်းတွေကို နှုတ်ဆက်ခဲ့ရမယ်။

အကယ်လို့ မူကြိုက နှုတ်ဆက်ပွဲပြုလုပ်ပေးတယ်ဆိုရင် ကိုယ့်ကလေး ဒီပွဲမှာ သီချင်းဆိုဖို့ မေမေတို့က ပြင်ဆင်ပေးရမှာပါ။ မူကြိုတင်မက တခြားနှုတ်ဆက်ပွဲတွေမှာလည်း အထောက်အကူပြုပါတယ်။ မူကြိုနှုတ်ဆက်ပွဲမှာ အထောက်အကူပြုတဲ့ သီချင်းတွေကို kalay ကနေ ပြောပြပေးမယ်နော်။

Skinnamarink

သီချင်းစာသားမှတ်ရတာ လွယ်ကူတယ်။ မူကြိုကလေးတွေသာမက မူလတန်းကလေးတွေအတွက်လည်း ကောင်းတယ်။ သီချင်းလေးက ချစ်စရာကောင်းတာကြောင့် ဘယ်နေရာမှာမဆို ဆိုလို့ရတယ်။

Twinkle Twinkle

ဒီသီချင်းလေးကတော့ ကလေးတွေနဲ့သာမက မေမေတို့နဲ့လည်း ရင်းနှီးတယ်။

Goodbye Song

ဒါကတော့ နှုတ်ဆက်ခြင်းတွေအတွက် သီးသန့်ဆိုထားတဲ့ သီချင်းပါ။

Let’s Tidy Up

အရုပ်လေးတွေနဲ့ ရယ်ရယ်မောမော သင်ပေးတဲ့ သီချင်းပါ။

Goodbye Song

ဒီ Goodbye Song ကတော့ ကာတွန်းလေးတွေနဲ့ ပုံဖော်ထားတာပါ။

Bye Bye Goodbye

ရိုးရိုးရှင်းရှင်းသီချင်းလေးပါ။ ကလေးတွေ လိုက်ဆိုဖို့ အဆင်ပြေပါတယ်။

Goodbye School Song

ကျောင်းနှုတ်ဆက်ပွဲမှာ သီဆိုဖို့ ဖန်တီးထားတဲ့ သီချင်းပါ။ ကလေးတွေအဖွဲ့လိုက် သီဆိုသင့်ပါတယ်။

Hello, Goodbye

ဒီသီချင်းကို ရွေးချယ်မယ်ဆိုရင်တော့ မူကြိုမှာရှိတဲ့ ဂီတသင်ပေးတဲ့ ဆရာ၊ ဆရာမက သေသေချာချာလေ့ကျင့်ပေးဖို့ လိုပါတယ်။

So Long Now

ကလေးတွေအတွက် ပြည့်စုံပြီး ကောင်းမွန်တဲ့ သီချင်းပါ။

Shotgun

ဒီသီချင်းကို ကလေးတော်တော်များများကြိုက်ကြတယ်။

Let It Go

ကလေးတိုင်းရဲ့ အသည်းစွဲ  Disney ရဲ့သီချင်းပါ။ ကျောင်းနှုတ်ဆက်ပွဲတွေမှာ သီဆိုလို့ကောင်းတယ်။

ကျောင်းနှုတ်ဆက်ပွဲပဲဖြစ်ဖြစ်၊ တခြားနှုတ်ဆက်ပွဲ အခမ်းအနားတွေမှာ ကလေးတွေ သီဆိုလို့ကောင်းတဲ့ သီချင်းတွေပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles