ကလေးကို စာအတွက် ဘယ်ကနေစပြီး သင်ပေးရမှန်းမသိဖြစ်နေတဲ့ မေမေတို့အတွက်

by: Nang Htwe
 0 comments  0 love

မေမေဖေဖေတို့ကိုယ်တိုင် သင်ပေးကြတာပါ။ ကလေးကို ဘာသင်ပေးရမှန်းမသိတဲ့ မေမေဖေဖေတို့အတွက် အခု kalay ကနေ YouTube channel တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ကလေးတွေရဲ့ လက်ဦးဆရာက အမေနဲ့ အဖေပါ။ အခုနောက်ပိုင်း ပြောင်းလဲလာတာက မေမေဖေဖေတို့ကိုယ်တိုင် ကလေးကို စာသင်ပေးတာပါ။ အရင်တုန်းကတော့ မူကြိုထားမှ စာစသင်တာမျိုး ပြုလုပ်ကြတယ်။ အခုနောက်ပိုင်း အသက်(၉)လလောက်ကစပြီး သင်ကြားမှုတွေ ပြုလုပ်လာပြီ။ ဒီအရွယ်လေးကတော့ အိမ်မှာပဲ မေမေဖေဖေတို့ကိုယ်တိုင် သင်ပေးကြတာပါ။ ကလေးကို ဘာသင်ပေးရမှန်းမသိတဲ့ မေမေဖေဖေတို့အတွက် အခု kalay ကနေ YouTube channel တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Kids Workout Video

အသက်(၂)နှစ်ကစပြီး သင်ပေးလို့ရပါပြီ။ Ryan’s World ဆိုတဲ့ YouTube channel လေးပါ။ ကလေး channel တစ်ခုဖြစ်ပြီး ပင်တိုင်သရုပ်ဆောင်တဲ့ ကလေးတစ်ယောက်အပြင် ကာတွန်းဇာတ်ကောင်လေးတွေလည်းပါတယ်။ မီးမီးလေးတွေထက် သားသားလေးတွေပိုစိတ်ဝင်စားနိုင်တယ်။ သဲတွေနဲ့ကစားတာ၊ block တုံးလေးတွေနဲ့ ကစားတာ၊ ပင်လယ်ဓါးမြ ကစားနည်း၊ ကမ္ဘာ့နိုင်ငံတွေကြောင်း စတဲ့ ကစားနည်းအစုံ စိတ်ဝင်စားစရာ အလွန်ကောင်းပါတယ်။

Halloween Science

Robot Drawing Challenge

Experiment Coca Cola and Mento vs Cola Cola vs Coke

နောက်ပြီး လအလိုက် festival ကစားနည်းတွေ၊ LGBT အကြောင်း၊ Halloween၊ Kid Work Out၊ DIY၊ Art Challenge စတဲ့ အစီအစဥ်အစုံအလင် ပါဝင်လို့ ကလေးတွေအတွက် အထောက်အကူအများကြီးရတယ်။ ဒီ channel က YouTube မှာ subscribers 28.1 M ရှိပါတယ်။

ကလေးတွေကို နေ့တိုင်းပြသင့်တဲ့  kid channel တစ်ခုပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles