မေမေတို့ရေ ကျောင်းတွေ မဖွင့်သေးတဲ့ ကလေးပညာရေးနဲ့ မဝေးနေအောင် အွန်လိုင်းကနေ အခမဲ့ပညာသင်ကြားပေးနိုင်တဲ့ educational websites တွေ အများကြီးရှိတယ်။ အခု kalay ကနေ ကလေးတွေအတွက် ပျော်လည်းပျော် ပညာလည်းရတဲ့ educational websites (၆)ခုနဲ့ မိတ်ဆက်ပေးမယ်နော်။

PBSKids.org လို့ရိုက်ရှာကြည့်ပါ (Photo by InDepthNH.org)
(၁) PBS Kids (PBSKids.org)
ဗီဒီယိုတွေနဲ့ သင်ကြားပေးတာပါ။ PBSKids.org လို့ရိုက်ရှာကြည့်ပါ။ သင်္ချာရေတွက်ရတဲ့ဂိမ်းတွေ၊ ဗီဒီယိုတွေ အများကြီးရှိပါတယ်။
(၂) Sesame Street
အိမ်မှာလေ့လာသင်ယူနိုင်တဲ့ အွန်လိုင်းအခြေစိုက် website ပါ။ တော်တော်လေးကို စုံပါတယ်။ အက္ခရာတွေ၊ တိရစ္ဆာန်သီချင်းတွေ၊ သီချင်း၊ အရောင် စတာတွေ ပါပါတယ်။
(၃) Starfall
မေမေတို့က ကလေးအတွက် ပညာရေး websites တွေရှာဖွေနေတယ်ဆိုရင် Starfall ကိုလည်း မေ့ထားလို့ မရဘူးနော်။ ၂၀၀၂ ခုနစ်ကတည်းက စပြီး ကလေးတွေရဲ့ပညာရေးအတွက် အွန်လိုင်းကနေ အခမဲ့သင်ကြားပေးနေတာပါ။ စာဖတ်ခြင်း၊ ပြဇာတ်၊ ဝတ္ထုနဲ့ ရုပ်ပြတွေ စုံစုံလင်လင်ပါတယ်။
(၄) CoolMath
သင်္ချာဘာသာရပ်ကို အဓိကထားပြီး သင်ပေးတာပါ။ ပေါင်း၊ နှုတ်၊ မြောက်၊ စား မူကြိုအရွယ်ကနေ အသက်(၁၃)နှစ်ထိ ပါတယ်။ CoolMath4Kids

ဘယ်လိုအခြေအနေပဲရောက်နေပါစေ ကလေးကို ပညာရေး မပြတ်သွားဖို့ အရေးကြီးပါတယ် (Photo by Best Family Escapes)
(၅) Make Me Genius
သူရဲ့အဓိက ရယ်ရွယ်ချက်က ကလေးကို ပါရမီရှင်ကြီးဖြစ်ဖို့ပါ။ MakeMeGenius.com လို့ ရိုက်ရှာကြည့်နော်။ ရူပဗေဒ၊ ဓါတ်ပုံအလင်းရောင်၊ ဦးနှောက်အာရုံကြောစနစ်၊ နေရောင်ခြည်စွမ်းအင်သုံးစနစ်နဲ့ လျှပ်စစ်ဓါတ်အားအကြောင်း အကုန်ပါတယ်။ ဗီဒီယိုနဲ့သင်ကြားပေးလို့ ကလေးတွေအတွက် အလွန်ကောင်းတယ်။
(၆) TIME for Kids
ကမ္ဘာကျော် TIME မဂ္ဂဇင်းက ကလေးတွေအတွက် ထုတ်ဝေထားတာပါ။ TIME for Kids မှာ စိတ်ဝင်စားစရာကောင်းတဲ့ ဆောင်းပါးတွေ၊ ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေပါတယ်။ နိုင်ငံရေး၊ ပတ်ဝန်းကျင်၊ ဖျော်ဖြေရေး၊ အားကစားနဲ့ ကျန်းမာရေးခေါင်းစဥ်တွေလည်းရှိတယ်။
မေမေတို့ကို ဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။ ဘယ်လိုအခြေအနေပဲရောက်နေပါစေ ကလေးကို ပညာရေး မပြတ်သွားဖို့ အရေးကြီးပါတယ်။
Comments